ဖုန်းအသုံးပြုပြီး စာရိုက်သူများ လက်ကောက်ဝတ်အရွတ်ဒဏ်မဖြစ်ရအောင်
လက်မနှစ်ဖက်ကိုအသုံးပြု၍ နာရီပေါင်းများစွာကြာအောင် ဖုန်းအသုံးပြုပြီး စာရိုက်ခြင်းသည် လက်ကောက်၀တ်ရှိ အရွတ်အားရောင်ရမ်းစေနိုင်ကြောင်း အမေရိကန်နိုင်ငံရှိ Cornell တက္ကသိုလ်မှ ပါရဂူဘွဲ့ရ ဆရာ၀န်ကြီး၏ ပြောကြားချက်အရ သိရှိရပါတယ်။
လက်မနှစ်ချောင်းအား အသုံးပြုလျက် အချိန်ကြာမြင့်စွာ စာရိုက်ခြင်းကြောင့် လက်ကောက်၀တ်ရှိ နူးညံ့သော အရွတ်ပေါ်တွင် ဖိအားသက်ရောက်စေကာ အရွတ်ရောင်ရမ်းမှုဖြစ်စေကြောင်းကို ပါရဂူကြီးက ရှင်းပြပြောဆိုခဲ့ပြီး၊ ထိုကဲ့သို့အရွတ်ရောင်ရမ်းခြင်းမှ ကာကွယ်နိုင်ရန်အတွက် လက်မနှစ်ချောင်းကို အမြဲမသုံးဘဲ အခြားလက်ချောင်းများဖြင့်ပါ ပြောင်းလဲစာရိုက်ခြင်း၊ အသံဖိုင်ပို့ပြီးဆက်သွယ်ခြင်း၊ ရေးသားလိုသော စာလုံးအစကို ရိုက်လိုက်ပါက မိမိလိုချင်သော စာသားများအသင့်ပေါ်လာစေသော predictive text function စနစ်ကို အသုံးပြုခြင်းတို့ဖြင့် လက်ကောက်၀တ်ဒဏ်မဖြစ်အောင် ဂရုပြုသင့်ကြောင်းအကြံပေးခဲ့ပါတယ်။
CMS (www.drmyanmar.com)