/
news/အလှအပနှင့်ကျန်းမာရေး/ဗိုက်ကလေးကို-ချပ်စေလို

ဗိုက်ကလေးကို ချပ်စေလို

Category
အလှအပနှင့်ကျန်းမာရေး

          ကိုယ်အလေးချိန် လျှော့ချသူတွေမှာ စိတ်အညစ်ရဆုံးက ခါးတစ်ဝိုက်အဆီတွေပဲ ဖြစ်ပါတယ်။ ခါးအဆီ ကျသွားချိန်မှာလည်း ဗိုက်ပူပူကိုချဖို့ ခက်ခဲပြန်ပါတယ်။ ဒီလို ခါးကျင်ကျင် ဗိုက်ချပ်ချပ်ကလေးရဖို့ စဉ်ဆက်မပြတ် ကြိုးစားမှုနဲ့ စနစ်တကျ လေ့ကျင့်မှုတွေ လိုအပ်ပါတယ်။

          ဗိုက်ပူ ခါးတုတ်နေတာဟာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ကြိုးစားချသင့်ပါတယ်။ ဒီလိုကြိုးစားတဲ့အခါမှာ လေ့ကျင့်ခန်းနဲ့ အစားအသောက် သမမျှတမှုရှိစေဖို့ အရေးကြီးပါတယ်။

 

>>    သတိပြုရမယ့်အချက်များ

1.       ည 8 နာရီနောက်ပိုင်း ဘာမှမစားပါနဲ့။ အသီးအနှံတောင် မစားသင့်ပါဘူး။

2.       တစ်နေ့ကို အနည်းဆုံး ရေ 2 လီတာ၊ အများဆုံး 4 လီတာ သောက်သင့်ပါတယ်။

3.       လေ့ကျင့်ခန်း၊ အစားအသောက် မည်သည့်အရာကိုမျှ အလွန်အကျူး မလုပ်ပါနဲ့။

4.       တစ်ရက်ကို အနည်းဆုံး နာရီဝက် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

5.       နေ့စဉ်စားသောက်တဲ့ အစားအသောက်ကို ဂရုပြုဆင်ခြင်သင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)