/
news/အလှအပနှင့်ကျန်းမာရေး/ဗီတာမင်စီမှီဝဲပေး-ဝက်ခြံဖုတွေဝေးဝေးပြေး-0

ဗီတာမင်စီမှီဝဲပေး ဝက်ခြံဖုတွေဝေးဝေးပြေး

Category
အလှအပနှင့်ကျန်းမာရေး

●  အသားအရေ စိုပြေလှပနေစေဖို့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရတော့ တချို့အာဟာရဓာတ်တွေ ချို့တဲ့တဲ့အခါ ဝက်ခြံအပါအဝင် အရေပြားပြားပြဿနာတွေ ကြုံတွေ့လာရတတ်ပါတယ်နော်။

● ဝက်ခြံဆိုတာဟာ ဟော်မုန်းမညီမျှမှုတွေ၊ ကိုယ်ခံအားကျဆင်းမှုတွေ၊ ဓာတ်မတည့်မှုတွေ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါပဲ။ ဒါကြောင့်မို့ ဒီလိုစိတ်ရှုပ်စရာကောင်းတဲ့ အရေပြားပြဿနာတွေ မဖြစ်လာရအောင် လိုအပ်တဲ့အာဟာရဓာတ်တွေကို လိုအပ်တဲ့ပမာဏအတိုင်း ဖြည့်တင်းစားသောက်ပေးဖို့က အရေးကြီးတာပေါ့။

Vicee 2022 IA 1

● ဝက်ခြံတွေ တအားထွက်နေချိန်မျိုးမှာ ဗီတာမင်စီက ဖြစ်တဲ့နေရာကို အင်တီအောက်စီဒန့်တွေ အများကြီးထုတ်လွှတ်ပေးခြင်းအားဖြင့် ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်စီဟာ အရေပြားကို ဓာတ်တိုးပစ္စည်းတွေကနေ ကာကွယ်ပေးပြီး အရေပြားပြန်လည်ပြုပြင်ပေးတဲ့အပြင် အမာရွတ်၊ သွေးကြော၊ အရွတ် စတာတွေ ဖြစ်ပေါ်စေဖို့လည်း ကူညီလုပ်ဆောင်ပေးတာကြောင့် ဆင်ဝက်ခြံကြီးတွေကို ကုသရာမှာလည်း အသုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။

● ကော်လဂျင်ဆိုတာ အရိုး၊ သွေးကြော၊ ကြွက်သား၊ အရေပြားစတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အမျိုးမျိုးမှာ တွေ့ရတဲ့ပရိုတင်းတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်ထုတ်လုပ်မှု လျော့နည်းလာပြီး အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားလည်း ကျဆင်းလာပါတော့တယ်။ ဗီတာမင်စီဟာ ဒီလိုမျိုး ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတာကြောင့် ဝက်ခြံကုထုံးမှာ အင်မတန်အသုံးဝင်တာပဲ ဖြစ်ပါတယ်။

● ဝက်ခြံထွက်တဲ့အခါ ရောင်ရမ်းမှုကြောင့် နီရဲနေတတ်ပါတယ်။ ဗီတာမင်စီမှာ အရောင်ကျစေနိုင်တဲ့ အစွမ်းသတ္တိလည်းရှိတာမို့ ဒီလိုနီရဲရောင်ရမ်းမှုတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီဟာ အရေပြားကို အစိုဓာတ်ထိန်းပေးပြီး အသားအရေကို ကြည်လင်ဝင်းပလာစေနိုင်ပါတယ်။

Vicee 2022 IA 2

● ဗီတာမင်စီကိုသာ လုံလောက်အောင် ဖြည့်တင်းပေးမယ်ဆိုရင် မယ်လနင်ဓာတ်ထုတ်လုပ်မှုကို လျှော့ချပေးပြီး ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ် အမည်းစက်တွေကိုလည်း မှေးမှိန်သက်သာစေနိုင်ပါတယ်။

● ဒါကြောင့် ဝက်ခြံတွေ ဝေးဝေးပြေးစေဖို့ ဗီတာမင်စီကြွယ်ဝတဲ့ အစားအသောက်တွေကို လုံလောက်အောင် စားသောက်ပေးပြီး လိုအပ်မယ်ဆိုရင် Vicee လို အလွယ်တကူ ဝါးစားနိုင်တဲ့ ဗီတာမင်စီဆေးပြားလေးတွေ စားသုံးပေးနိုင်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)