/
news/အလှအပနှင့်ကျန်းမာရေး/မိုးတွင်းမှာ-ရှောင်ရှားသင့်တဲ့-skin-care-အမှားများ

မိုးတွင်းမှာ ရှောင်ရှားသင့်တဲ့ Skin Care အမှားများ

Category
အလှအပနှင့်ကျန်းမာရေး

မိုးရာသီမှာ စိုထိုင်းမှုများလာတာနဲ့အမျှ ကိုယ့်ရဲ့ skin care routine ကိုလည်း အရင်အတိုင်းလိုက်လုပ်ဖို့ မလွယ်တော့ပါဘူး။ ဒီလို skincare routine အပြောင်းအလဲလုပ်ခြင်းက ကိစ္စမရှိပါဘူး။

အသားအရေဟာ အဆီပြန်သည်ဖြစ်စေ၊ ခြောက်သွေ့သည်ဖြစ်စေ၊ ပေါင်းစပ်အသားအရေဖြစ်စေ အရေးကြီးတာက တချို့သော အမှားလေးတွေ လိုက်မလုပ်မိဖို့ပါပဲ။ ဘယ်လိုအမှားလေးတွေလည်းဆိုတာကို ကြည့်လိုက်ကြရအောင်နော် ...

၁။ မျက်နှာမကြာမကြာသစ်ခြင်း
မိုးရာသီမှာ အစိုဓာတ်များလာတာကြောင့် မျက်နှာဟာ စေးကပ်ကပ်ဖြစ်တတ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မျက်နှာ မကြာမကြာသစ်တာကတော့ ဖြေရှင်းနည်းကောင်းမဟုတ်ဘူးနော်။ ဒီလိုလုပ်ခြင်းက အရေပြားရဲ့ အဆီဓာတ်ကို ခမ်းခြောက်စေပြီး အဆီထုတ်လုပ်မှုကို ပိုများလာစေနိုင်ပါတယ်။ ဒီအစား ပေါ့ပေါ့ပါးပါး မျက်နှာသစ်ဆပ်ပြာနဲ့ တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပေးရင် လုံလောက်ပါတယ်။

Bio Oil Updated IA 1

၂။ Sunscreen မလိမ်းခြင်း
နေပူပူ မိုးရွာရွာ sunscreen ကို အမြဲဆောင်သင့်ပါတယ်နော်။ မိုးတွေအုံ့နေရင်တောင် ခရမ်းလွန်ရောင်ခြည်က အသားအရေကို ပျက်စီးစေနိုင်ပါတယ်။

၃။ ရေများများမသောက်ခြင်း
အသားအရေ ထိန်းသိမ်းတော့မယ်ဆိုရင် ရေက အဓိကအဖော်မွန်ပါပဲ။ ရာသီဥတုအေးလာတော့ ရေသိပ်မဆာတော့ပေမယ့် ရေသောက်ဖို့တော့ မမေ့သင့်ပါဘူး။ ဒီအကျင့်ဟာ ရေရှည်မှာ အသားအရေအတွက် အရမ်းကောင်းပါတယ်။

Bio Oil Updated IA 2

၄။ ချေးချွတ်သန့်စင်မှု မပြုလုပ်ခြင်း
မိုးရာသီမှာ စိုစွတ်မှုနဲ့ အဆီပြန်မှုတွေကြောင့် ချွေးပေါက်ပိတ်ပြီး စိတ်ညစ်စရာဝက်ခြံတွေ ထွက်လေ့ရှိပါတယ်။ ဒီလိုချွေးပေါက်ပိတ်ခြင်းကို ကာကွယ်ဖို့ exfoliation ချေးချွတ်သန့်စင်ပေးဖို့ လိုအပ်ပါတယ်။

၅။ အသားအရေ အစိုဓာတ် မထိန်းခြင်း
အဆီပြန်နေတဲ့အချိန်မှာ အစိုထိန်းပေးဖို့ အရေးမကြီးဘူး ထင်တာမှားပါတယ်နော်။ အစိုဓာတ်မထိန်းသိမ်းမှသာလျှင် အသားခြောက်သွေ့ပြီး အဆီတွေ ပိုထွက်လာတတ်ပါတယ်။ ဒါကြောင့် ချွေးပေါက်ကို မပိတ်ဆို့နိုင်မယ့် ပေါ့ပေါ့ပါးပါး အစိုထိန်း Moisturiser တွေ၊ Bio-Oil လိုမျိုး သဘာဝအဆီအနှစ်တွေကနေ ထုတ်လုပ်ထားတဲ့ သဘာဝအသားအရေထိန်းသိမ်းအဆီတွေကို သုံးပေးသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)