/
news/အလှအပနှင့်ကျန်းမာရေး/မေးစေ့ဝက်ခြံတွေကြောင့်-စိတ်ညစ်နေလား

မေးစေ့ဝက်ခြံတွေကြောင့် စိတ်ညစ်နေလား

Category
အလှအပနှင့်ကျန်းမာရေး

မေးစေ့မှာ ဝက်ခြံတွေ တစ်လုံးပြီးတစ်လုံး ပေါ်လိုက် ပျောက်လိုက်နဲ့ နာတာလည်းအရမ်းပဲ…

ဟုတ်ပါတယ်။ မေးစေ့နား ဝက်ခြံထွက်တတ်သူတွေအနေနဲ့ မေးရိုးတစ်လျှောက်တွင် ဝက်ခြံပုန်းများစွာ ရှိနေ တတ်ပြီး ညအိပ်ချိန်တွင် ပွားများလာတတ်တာဖြစ်ပါတယ်။

မေးစေ့ဝက်ခြံတွေနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုး ရှိကြပေမယ့်လို့ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင် စားသောက်ခြင်း၊ မှန်ကန်သော skincare နည်းအဆင့်ဆင့်ကိုအသုံးပြုခြင်းတို့ဖြင့် မေးစေ့ဝက်ခြံတွေကို အောင်မြင်စွာ တွန်းလှန်နိုင်ပါတယ်။

ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်တွန်းလှန်ကြမလဲ?

(၁) ဟိုမုန်းများကြောင့်လည်း ဝက်ခြံတွေထွက်တတ်တယ်

ဟိုမုန်းတွေက အဆီထွက်နှုန်းကိုမြင့်မားစေတတ်တာမို့ ချွေးပေါက်တွေ ပိတ်ဆို့စေရုံသာမကဘဲ ဘတ်တီးရီး ယားတွေကို ပေါက်ပွားစေပြီး ဝက်ခြံတွေဖြစ်ပေါ်လာဖို့ ပိုမိုအားပေးတာဖြစ်ပါတယ်။

(၂) ပိုးသတ်ဆေးသောက်ရုံနဲ့ ဝက်ခြံတွေကို လုံးလုံးမပျောက်ကင်းစေပါဘူး

ပိုးသတ်ဆေးသောက်ခြင်းဖြင့် ဝက်ခြံဖြစ်ပေါ်စေသော ဘတ်တီးရီးယားများကို သေစေနိုင်ပေမယ့် အနေအ ထိုင် အစားအသောက်မဆင်ခြင်ပါက ဝက်ခြံတွေထွက်တာရပ်တန့်မှာ မဟုတ်ဘူးနော်။ ပိုအရေးကြီးတာက တော့ မှန်ကန်တဲ့ anti-acne skincare များကို နေ့စဉ်လုပ်ဆောင်ပေးဖို့ပါပဲ။

(၃) မျက်နှာကိုလက်ဖြင့် တိုက်ရိုက်မထိပါနဲ့

ကော်ဖီဆိုင်မှာဖြစ်စေ၊ အလုပ်စားပွဲမှာဖြစ်စေ မေးစေ့ကိုလက်ဖြင့်ထောက်ပြီး ထိုင်တတ်လေ့ရှိပါက ထိုအ ကျင့်ကို ပြင်ဖို့လိုပါတယ်။ ကျွန်မတို့လက်မှာ မမြင်ရတဲ့ဘတ်တီးရီးယားတွေ အများကြီးခိုအောင်းနေတတ်လို့ ဝက်ခြံဖြစ်ပေါ်ဖို့ အလားအလာများစေနိုင်ပါတယ်။

Vicee 1

(၄) သင့်ဖုန်းကို သန့်ရှင်းစွာထားပါ

ဖုန်းပြောတဲ့အခါတိုင်း ဖုန်းမျက်နာပြင်ကပိုးမွားတွေဟာ သင့်မျက်နှာနဲ့ထိတွေ့လာမှာဖြစ်လို့ ဖုန်းကိုလည်း သန့်ရှင်းအောင်ထားဖို့ အရေးကြီးတယ်မဟုတ်လား။ ဖုန်းမျက်နှာပြင်ကို အရက်ပြန်ပါသော wipes များနဲ့ တစ်နေ့တစ်ကြိမ်လောက် သန့်စင်ပေးသင့်ပါတယ်။

(၅) အစားအသောက်ကို ဆင်ခြင်ပါ

အဆီများသော အစားအစာများနဲ့ သကြားလွန်ကဲစွာပါသော အစားအစာများကို ဆင်ခြင်စားဖို့လိုပါတယ်။ သစ်သီးနဲ့ဟင်းသီးဟင်းရွက် များများစားပေးပြီး ရေများများသောက်ပေးဖို့ မမေ့သင့်ပါဘူး။ ဗီတာမင် C ပါတဲ့ အစားအသောက်တွေ၊ ဗီတာမင်အားဆေးတွေ (ဥပမာ- Vicee) ကိုလည်း ပုံမှန် မှီဝဲသင့်ပါတယ်။

(၆) အရေပြားဆရာဝန်နဲ့ တိုင်ပင်ပါ

အရေပြားဆရာဝန်က သင့်အရေပြားကိုစမ်းသပ်ပြီး လိုအပ်တဲ့ကုသမှုနဲ့ skincare steps တွေကို လမ်းညွန် ပေးမှာဖြစ်ပါတယ်။

 

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Vicee 2

ေမးေစ့မွာ ၀က္ၿခံေတြ တစ္လံုးၿပီးတစ္လံုး ေပၚလိုက္ ေပ်ာက္လိုက္နဲ႔ နာတာလည္းအရမ္းပဲ…

ဟုတ္ပါတယ္။ ေမးေစ့နား ၀က္ၿခံထြက္တတ္သူေတြအေနနဲ႔ ေမး႐ိုးတစ္ေလွ်ာက္တြင္ ၀က္ၿခံပုန္းမ်ားစြာ ရွိေန တတ္ၿပီး ညအိပ္ခ်ိန္တြင္ ပြားမ်ားလာတတ္တာျဖစ္ပါတယ္။

ေမးေစ့၀က္ၿခံေတြနဲ႔ ပတ္သက္ၿပီး အယူအဆအမ်ဳိးမ်ဳိး ရွိၾကေပမယ့္လို႔ က်န္းမာေရးနဲ႔ ညီညြတ္စြာေနထိုင္ စားေသာက္ျခင္း၊ မွန္ကန္ေသာ skincare နည္းအဆင့္ဆင့္ကိုအသံုးျပဳျခင္းတို႔ျဖင့္ ေမးေစ့၀က္ၿခံေတြကို ေအာင္ျမင္စြာ တြန္းလွန္နုိင္ပါတယ္။

ဒါဆိုရင္ ဘယ္လိုနည္းလမ္းေတြနဲ႔ ကာကြယ္တြန္းလွန္ၾကမလဲ?

(၁) ဟိုမုန္းမ်ားေၾကာင့္လည္း ၀က္ၿခံေတြထြက္တတ္တယ္

ဟိုမုန္းေတြက အဆီထြက္ႏႈန္းကိုျမင့္မားေစတတ္တာမို႔ ေခြ်းေပါက္ေတြ ပိတ္ဆို႔ေစ႐ံုသာမကဘဲ ဘတ္တီးရီး ယားေတြကို ေပါက္ပြားေစၿပီး ၀က္ၿခံေတြျဖစ္ေပၚလာဖို႔ ပိုမိုအားေပးတာျဖစ္ပါတယ္။

(၂) ပိုးသတ္ေဆးေသာက္႐ံုနဲ႔ ၀က္ၿခံေတြကို လံုးလံုးမေပ်ာက္ကင္းေစပါဘူး

ပိုးသတ္ေဆးေသာက္ျခင္းျဖင့္ ၀က္ၿခံျဖစ္ေပၚေစေသာ ဘတ္တီးရီးယားမ်ားကို ေသေစႏုိင္ေပမယ့္ အေနအ ထိုင္ အစားအေသာက္မဆင္ျခင္ပါက ၀က္ၿခံေတြထြက္တာရပ္တန္႔မွာ မဟုတ္ဘူးေနာ္။ ပိုအေရးႀကီးတာက ေတာ့ မွန္ကန္တဲ့ anti-acne skincare မ်ားကို ေန႔စဥ္လုပ္ေဆာင္ေပးဖို႔ပါပဲ။

(၃) မ်က္နွာကိုလက္ျဖင့္ တိုက္႐ိုက္မထိပါနဲ႔

ေကာ္ဖီဆိုင္မွာျဖစ္ေစ၊ အလုပ္စားပြဲမွာျဖစ္ေစ ေမးေစ့ကိုလက္ျဖင့္ေထာက္ၿပီး ထိုင္တတ္ေလ့ရွိပါက ထိုအ က်င့္ကို ျပင္ဖုိ႔လိုပါတယ္။ ကြ်န္မတို႔လက္မွာ မျမင္ရတဲ့ဘတ္တီးရီးယားေတြ အမ်ားႀကီးခိုေအာင္းေနတတ္လို႔ ၀က္ၿခံျဖစ္ေပၚဖုိ႔ အလားအလာမ်ားေစႏုိ္င္ပါတယ္။

(၄) သင့္ဖုန္းကို သန္႔ရွင္းစြာထားပါ

ဖုန္းေျပာတဲ့အခါတိုင္း ဖုန္းမ်က္နာျပင္ကပိုးမြားေတြဟာ သင့္မ်က္ႏွာနဲ႔ထိေတြ႕လာမွာျဖစ္လုိ႔ ဖုန္းကိုလည္း သန္႔ရွင္းေအာင္ထားဖို႔ အေရးႀကီးတယ္မဟုတ္လား။ ဖုန္းမ်က္ႏွာျပင္ကို အရက္ျပန္ပါေသာ wipes မ်ားနဲ႔ တစ္ေန႔တစ္ႀကိမ္ေလာက္ သန္႔စင္ေပးသင့္ပါတယ္။

(၅) အစားအေသာက္ကို ဆင္ျခင္ပါ

အဆီမ်ားေသာ အစားအစာမ်ားနဲ႔ သၾကားလြန္ကဲစြာပါေသာ အစားအစာမ်ားကို ဆင္ျခင္စားဖို႔လိုပါတယ္။ သစ္သီးနဲ႔ဟင္းသီးဟင္းရြက္ မ်ားမ်ားစားေပးၿပီး ေရမ်ားမ်ားေသာက္ေပးဖို႔ မေမ့သင့္ပါဘူး။ ဗီတာမင္ C ပါတဲ့ အစားအေသာက္ေတြ၊ ဗီတာမင္အားေဆးေတြ (ဥပမာ- Vicee) ကိုုလည္း ပံုုမွန္ မွီ၀ဲသင့္ပါတယ္။

(၆) အေရျပားဆရာ၀န္နဲ႔ တိုင္ပင္ပါ

အေရျပားဆရာ၀န္က သင့္အေရျပားကိုစမ္းသပ္ၿပီး လိုအပ္တဲ့ကုသမွုနဲ႔ skincare steps ေတြကို လမ္းညြန္ ေပးမွာျဖစ္ပါတယ္။

 

ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)