မျက်နှာအသားအရေ ထိန်းသိမ်းရာမှာ သဘာဝအဆီအနှစ်တွေကို ရွေးချယ်ကြရအောင်
လူတော်တော်များများဟာ မျက်နှာအသားအရေထိန်းသိမ်းတဲ့အခါ လိုးရှင်း၊ ခရင်မ်အမျိုးအစားတွေကိုပဲ ရွေးချယ်လေ့ရှိပြီး အဆီအမျိုးအစားကိုတော့ ဝက်ခြံထွက်စေတယ်ဆိုတဲ့ အယူအဆကြောင့် သိပ်သုံးလေ့မရှိကြပါဘူး။ ဒါဟာ မှားယွင်းတဲ့အယူအဆတစ်ရပ်ပါ။ သဘာဝအဆီအနှစ်တွေဟာ ဝက်ခြံမထွက်စေတဲ့အပြင် အသားအရေထိန်းသိမ်းရာမှာ ကောင်းမွန်တဲ့ရလဒ်တွေကို ဖြစ်စေနိုင်ပါတယ်။
>> သဘာဝအဆီအနှစ်ပစ္စည်းတွေသုံးတဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့ ...
၁။ အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။
နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေးကြောင်းတွေကို ဖြစ်စေပါတယ်။ သဘာဝအဆီအနှစ်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေ ပါဝင်လို့ အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။
Bio Oil Updated IA 1
၂။ အသားပတ်၊ အသားခြောက်တာကို သက်သာစေပါတယ်။
အဆီအနှစ်တွေဟာ လိုးရှင်း၊ခရင်မ် အမျိုးအစားတွေထက် အစိုဓာတ်ကို ပိုထိန်းပေးနိုင်တာကြောင့် အသားပတ်တာ၊ အသားအရေ ခြောက်သွေ့တာကို သက်သာစေပါတယ်။
၃။ အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
အဆီအနှစ်တွေဟာ အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်တာကြောင့် ရေဓာတ်ကို ထိန်းသိမ်းပေးပြီး အဆိပ်အတောက်တွေကို အရေပြားကနေ သန့်စင်ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် အရေပြားအဆီလွှာကိုလည်း အားဖြည့်ပေးပါတယ်။
၄။ မိတ်ကပ်သားကောင်းစေပါတယ်။
သဘာဝအဆီအနှစ်တွေကို မိတ်ကပ်အောက်ခံအဖြစ် အသုံးပြုတဲ့အခါ မိတ်ကပ်သားကွက်တာ၊ မိတ်ကပ်မညီတာတွေ မဖြစ်စေဘဲ မိတ်ကပ်လိမ်းထားတာကို ကြာရှည်ခံစေပါတယ်။
Bio Oil Updated IA 2
၅။ ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။
တချို့သော သဘာဝအဆီအနှစ်တွေဟာ ချွေးပေါက်ထဲမှာရှိတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။
၆။ အသားအရေ နီမြန်းတာကို သက်သာစေပါတယ်။
သဘာဝအဆီအနှစ်တွေမှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဂုဏ်သတ္တိရှိလို့ အရေပြား ဓာတ်မတည့်တာမျိုး မဖြစ်စေဘဲ အသားအရေ နီမြန်းရောင်ရမ်းတာတွေကို သက်သာစေပါတယ်။
၇။ ဝက်ခြံတွေကို သက်သာစေပါတယ်။
အဆီအနှစ်တိုင်းဟာ ဝက်ခြံဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ သဘာဝအဆီအနှစ်တွေဟာ အဆီဂလင်းကနေ အဆီထုတ်တာကို နည်းစေပါတယ်။
ဒါ့ကြောင့် အဆီအမျိုးအစား အသားအရေထိန်းသိမ်းပစ္စည်းတွေဟာ မျက်နှာအသားအရေအတွက် အကျိုးကျေးဇူးများစွာ ရှိတာကြောင့် ပုံမှန် အသုံးပြုသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)