မျက်လုံးမို့အစ်ခြင်းသက်သာစေဖို့ ရေများများသောက်ရန်လို
ရေများများသောက်ပေးပါက မျက်ကွင်းညိုတာကို လျော့ပါးစေတဲ့အပြင် မျက်လုံးမို့အစ်တာကိုလည်း သက်သာစေပါတယ်။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဖိစီးမှုများခြင်း၊ အရေးအကြောင်းများပေါ် လာခြင်း၊ မှားယွင်းတဲ့ အစားအသောက် အလေ့အထတွေကြောင့် မျက်လုံးမို့အစ်ပြီး မျက်အိတ်တစ်ခုလို ဖြစ်လာ တတ်ပါတယ်။ အစားအသောက်လွဲမှားတယ်ဆိုတာ ညဥ့်နက်မှ အငန်ဓာတ်များတဲ့ အစာတစ်ခုခုကိုစားပြီး အိပ်စက်ပါက မနက်အိပ် ရာထချိန်မှာ မျက်လုံးဖောင်းအစ်နိုင်ခြေ အခွင့်အလမ်းများစေပါတယ်။
ဒီလိုမျက်လုံး ဖောင်းအစ်လာပြီဆိုရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းက အလွယ်လေးပါပဲ။ ရေများများသောက် လိုက်ပါ။ ရေဓာတ်က ခန္ဓာကိုယ်တွင်းမှ အဆိပ် အတောက်များကို ချေဖျက်ပေးပြီး ဆားပမာဏ များနေခြင်းလည်း လျော့ချပေးနိုင်ပါတယ်။ ရေနွေးနွေးလေးသောက် ပေးတာက ပိုပြီးထိရောက်မှု ရှိပါတယ်။ ရေသောက်ခြင်းကြောင့် မျက်လုံးမို့အစ်ခြင်းကို သက်သာစေနိုင်ရုံသာမက ခန္ဓာ ကိုယ်တွင်း သန့်စင်သွားတဲ့အတွက် အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။
CMS






























