/
news/အလှအပနှင့်ကျန်းမာရေး/ရနံကုထုံး-သို့-essential-oil-တွေ-သုံးတော့မယ်ဆိုရင်

ရနံကုထုံး (သို့) Essential Oil တွေ သုံးတော့မယ်ဆိုရင်

Category
အလှအပနှင့်ကျန်းမာရေး

ရနံကုထုံးဆိုတာ ရနံ့သင်းတဲ့ အပင်တွေ၊ အရွက်တွေက ထုတ်လုပ်ထားတဲ့ Essemtial Oil တွေကို ကျန်းမာရေးအတွက် အသုံးပြုကြတဲ့ ရိုးရာကုထုံးတစ်မျိုးပါ။ Essential Oil တွေကို ကိုယ်၊ စိတ်ကျန်းမာရေးကို ကောင်းမွန်စေဖို့ အသုံးပြုလာခဲ့တာ အခုဆို နှစ်ပေါင်း ၆,၀၀၀ နီးပါးလောက် ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

Essential Oil ရနံ့ဟာ ပတ်ဝန်းကျင်ကို မွှေးစေတဲ့အပြင် ရှူရှိုက်ပေးတဲ့အခါ ချွဲသလိပ်ထွက်တာ၊ နှာရည်ယို နှာပိတ်တာတွေကို သက်သာစေပြီး စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ ကိုယ်ခန္ဓာမှာလိမ်းပြီး နှိပ်နယ်ပေးတဲ့အခါ သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ Essential Oil တွေဟာ ရောဂါတွေကို အရှင်းမပျောက်စေပေမယ့် ပျို့ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဓမ္မတာချိန် ကြုံရတဲ့ပြဿနာတွေကို သက်သာအောင်တော့ ကူညီပေးနိုင်ပါတယ်။

>> Essential Oil တွေကို သုံးတဲ့အခါ ဒီအချက်လေးတွေကို သတိပြုပေးသင့်ပါတယ်။
•  Essemtial Oil ဆိုတာ ဓာတုပစ္စည်းပဲဖြစ်လို့ မသုံးခင်မှာ အရင်ဆုံး ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပေးပါ။
•  အလာဂျီ၊ ပန်းနာရင်ကြပ်နဲ့ အရေပြားရောဂါရှိရင် သတိထားပြီး အသုံးပြုပါ။
•  ကိုယ်ခန္ဓာမှာ လိမ်းတဲ့အခါ သူချည်းသီးသန့်မဟုတ်ဘဲ carrier oil လို့ခေါ်တဲ့ တခြားအဆီတစ်မျိုးမျိုး (ဥပမာ -သံလွင်ဆီ) နဲ့ ရောလိမ်းပေးပါ။ Essential oil  ၃-၆ စက်ကို carrier oil အစက်သုံးဆယ်၊ ဒါမှမဟုတ် တစ်အောင်စနဲ့ ရောစပ်ပြီးမှ ခန္ဓာကိုယ်ပေါ် လိမ်းပေးသင့်ပါတယ်။
•  ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဘေးကင်းစွာ သုံးနိုင်တယ်ဆိုတဲ့ သုတေသနရလဒ်တွေ မရှိသေးတာကြောင့် အသုံးပြုဖို့ကို မတိုက်တွန်းချင်ပါဘူး။ အကယ်၍ သုံးချင်တယ်ဆိုရင် မိမိတို့ရဲ့ဆရာဝန် (သို့) ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

www.drmyanmar.com