/
news/အလှအပနှင့်ကျန်းမာရေး/ရာသီတွေပြောင်းတဲ့အခါ-skincare-နည်းလမ်းတွေ-ပြောင်းလဲဖို့လိုသလား

ရာသီတွေပြောင်းတဲ့အခါ Skincare နည်းလမ်းတွေ ပြောင်းလဲဖို့လိုသလား

Category
အလှအပနှင့်ကျန်းမာရေး

လူတိုင်း သတိပြုမိချင်မှ ပြုမိလိမ့်မယ်ဆိုပေမယ့် အသားအရေထိန်းသိမ်းပစ္စည်းတွေကို တစ်သမတ်တည်းသုံးနေတာဟာ တစ်နှစ်ပတ်လုံးအတွက် အဆင်မပြေတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းနည်းလမ်းတွေကို ရာသီဥတုအပေါ်လိုက်ပြီးတော့ ပြောင်းလဲသင့်တန်တာ ပြောင်းလဲပေးသင့်ပါတယ်။

>>  ဆောင်းတွင်းဝင်လာတဲ့အခါ ...
ဆောင်းရာသီမှာ ခြောက်သွေ့တဲ့လေထုကြောင့် အသားပတ်တာ၊ အသားခြောက်တာ၊ အရေပြားလန်ပြီး အဖတ်အဖတ်တွေဖြစ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းရောက်ရင် မိမိတို့ရဲ့ Skincare ကို ဖော်ပြပေးမယ့်အတိုင်း ပြောင်းလဲသုံးကြည့်လိုက်ပါ။

●  မျက်နှာသစ်ဆပ်ပြာ - အသားခြောက်လွယ်လို့ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို အကုန်ပြောင်စင်အောင် မဖယ်ရှားဖို့ အရေးကြီးတာကြောင့် နူးညံ့ပြီး ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ Gentle cleanser ကိုပဲ သုံးပေးသင့်ပါတယ်။ Water-based ထက်စာရင် Cream-based မျက်နှာသစ်ကို ပိုပြီး အသုံးပြုသင့်ပါတယ်။

●  Serum - မျက်နှာသစ်ပြီးတိုင်းမှာ ရေဓာတ်ဖြည့်ပေးတဲ့ Serum ကို လိမ်းပေးသင့်ပါတယ်။

●  Moisturizer - အသားပတ် အသားခြောက်လွယ်လို့ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးတာကြောင့် ဆောင်းတွင်းမှာ မရှိမဖြစ်လိုအပ်တာကတော့ Moisturizer ပါပဲ။ Heavy type moisturizer ကို အသုံးပြုပေးသင့်ပါတယ်။ ခြောက်သွေ့အသားအရေနဲ့ ထိခိုက်လွယ်အသားအရေဆိုရင်တော့ Bio-Oil လိုမျိုး သဘာဝအဆီအနှစ်တွေကနေ ထုတ်ထားတဲ့ မျက်နှာလိမ်းအလှဆီတွေကို လိမ်းပေးတာ ပိုကောင်းပါတယ်။

Bio Oil Updated IA 1

>>  နွေရာသီရောက်တဲ့အခါ ...
ပူပြင်းတဲ့နေရောင်ခြည်၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် အဆီပြန်လွယ်ပြီး ဝက်ခြံ အလွယ်တကူ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီကိုရောက်တဲ့အခါ မိမိတို့ရဲ့ Skincare ကို ဖော်ပြပေးမယ့်အတိုင်း ပြောင်းလဲသုံးကြည့်လိုက်ပါ။

●  မျက်နှာသစ်ဆပ်ပြာ - ပေါ့ပေါ့ပါးပါးရှိတဲ့ Water based မျက်နှာသစ်ဆပ်ပြာကို အသုံးပြုပေးပါ။

●  Serum - မျက်နှာသစ်ပြီးတိုင်းမှာ serum လိမ်းပေးဖို့ မမေ့သင့်ပါဘူး။

●  Moisturizer - ဆောင်းတွင်းတုန်းကလောက် မလိုအပ်တော့ပေမယ့် နွေရာသီမှာလည်း ရေဓာတ်ဖြည့်ပေးဖို့လိုလို့ ပေါ့ပေါ့ပါးပါးရှိတဲ့ Moisturizer တွေကို အသုံးပြုပေးသင့်ပါတယ်။

>>  မိုးရာသီရောက်တဲ့အခါ ...
စိုထိုင်းထိုင်းရာသီဥတုမှာ ရောဂါပိုးတွေ ပေါများတာကြောင့် အရေပြားရောဂါတွေလည်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ အဓိကလုပ်ပေးသင့်တာကတော့ အသားအရေသန့်ရှင်းဖို့ကို ဂရုစိုက်ပေးတာပါပဲ။

●  မျက်နှာသစ်ဆပ်ပြာ - အယ်လ်ကိုဟောမပါဝင်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး တစ်နေ့ကို အနည်းဆုံး သုံးကြိမ်တော့ မျက်နှာသစ်ပေးသင့်ပါတယ်။

●  Moisturizer - မိုးရွာပြီး စိုထိုင်းထိုင်းအခြေအနေက အသားအရေကို ခြောက်သွေ့စေလို့ ရေဓာတ်ဖြည့်ပေးတဲ့ Moisturizer ကို အသုံးပြုပေးပါ။ အဆီပြန်တတ်ရင်တော့ Water based moisturizer ကို သုံးပေးပါ။

Bio Oil Updated IA 2

>>  တစ်နှစ်ပတ်လုံးအတွက် ...

ဘယ်လိုပဲ ရာသီဥတုတွေပြောင်းပြောင်း တစ်နှစ်ပတ်လုံးတော့ ဒီအသားအရေထိန်းသိမ်းနည်းလမ်းတွေကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

●  နေရောင်ကာလိမ်းဆေး - နေမပူတဲ့နေ့ရက်တွေ၊ အပြင်မထွက်တဲ့ နေ့ရက်တွေမှာတောင် သုံးကို သုံးသင့်လို့ SPF 30 နဲ့အထက် ပါဝင်တဲ့ နေရောင်ကာလိမ်းဆေးကို နေ့စဉ်ပုံမှန် အသုံးပြုပေးပါ။

●  Eye cream - မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။

●  ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်း - တစ်ပတ်တစ်ကြိမ်လောက်တော့ အနည်းဆုံး လုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ ဆောင်းတွင်းမှာတော့ တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုပြီး မလုပ်ပေးဖို့ သတိပြုသင့်ပါတယ်။

ရာသီတွေပြောင်းတဲ့အခါ အသားအရေထိန်းသိမ်းနည်းတွေကို ပြောင်းလဲကြည့်လိုက်ပါ။ ဖော်ပြခဲ့တဲ့အတိုင်း အနည်းငယ်လေး ပြောင်းလဲလိုက်ရုံနဲ့တင် တစ်နှစ်ပတ်လုံး ကျန်းမာပြီးတော့ ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်နော်။

Dr. Aye Hsu Mon (www.drmyanmar.com)