ရွှန်းစိုသော နှုတ်ခမ်းလွှာတစ်စုံအတွက် လိုက်နာသင့်သောနည်းလမ်း (၄) သွယ်
1. နေ့စဉ် ရေရှစ်ခွက်သောက်ပါ။
ခန္ဓာကိုယ်မှာ ရေဓာတ် အလုံအလောက်ရရှိနေပါက အသားအရေကို စိုပြည်စေပြီး နှုတ်ခမ်းသားခြောက်သွေ့ခြင်းမှ ကင်းဝေးစေပါတယ်။ နှုတ်ခမ်းခြောက်လာခြင်းဟာ ရေဓာတ် ကုန်ဆုံးနေကြောင်း အသိပေးတဲ့ လက္ခဏာရပ်ဖြစ်တာကြောင့် အချိန်မီ ရေဓာတ်ဖြည့်တင်းနိုင်ဖို့ ရေရှစ်ခွက်သောက်ပေးဖို့ လိုအပ်ပါတယ်။
2. နှုတ်ခမ်းသားကိုတံတွေးနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
နှုတ်ခမ်းသားကို အစိုဓာတ်ရစေလိုပြီး လျှာနဲ့တို့ထိတတ်ကြပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းသားကို တံတွေးနဲ့ ထိတွေ့တာကြောင့် အစိုဓာတ်မရရှိစေဘဲ ပိုပြီးခြောက်သွေ့ခြင်းကိုသာ ဖြစ်စေနိုင်ပါတယ်။
3. နှုတ်ခမ်းကိုက်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်ပစ်ပါ။
စိတ်လှုပ်ရှားတဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးစိတ်ကောက်တဲ့အခါ နှုတ်ခမ်းကိုက်မိတတ်တာကြောင့် နှုတ်ခမ်းအက်ကွဲခြင်း၊ နှုတ်ခမ်းပေါက်ပြီး နာကျင်ခြင်းဖြစ်စေကာ နှုတ်ခမ်းသားတစ်သျှူးတွေ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကိုက်တတ်တဲ့ အကျင့်ရှိသူတွေအနေနဲ့ ပီကေဝါးနေတာက အကောင်းဆုံး ဖြစ်ပါတယ်။
4. သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များများစားပါ။
အသီးအရွက်တွေမှာပါရှိတဲ့ ဗီတာမင် B၊ C နဲ့ ငါးမှာ ပါဝင်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ဒါကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။
Cho Thet (www.drmyanmar.com)