/
news/အလှအပနှင့်ကျန်းမာရေး/ရှုပ်ဖွာပြီးပျက်စီးနေတဲ့-ဆံကေသာအတွက်-ထိန်းသိမ်းနည်း၈သွယ်-0

ရှုပ်ဖွာပြီးပျက်စီးနေတဲ့ ဆံကေသာအတွက် ထိန်းသိမ်းနည်း(၈)သွယ်

Category
အလှအပနှင့်ကျန်းမာရေး

        ယနေ့ခေတ်မှာ ပျိုမေအများစုဟာခေတ်ရေစီးကြောင်းနဲ့အညီ ဆံကေသာတွေကို လှပအောင်အမျိုးမျိုးဆင် ယင်ထုံးဖွဲ့လာကြပါပြီ။ ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကိုအရောင်တင်လိုက်၊ ဖြောင့်လိုက်၊ ကောက်လိုက်နဲ့ ပုံစံအမျိုးမျိုး ပြုပြင်နေကြတာကြောင့် ဆံကေသာပျက်စီးမှုနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် ငွေအကုန်အကျလည်းမများ စိုပြေတောက်ပပြီးပျော့ပျောင်းတဲ့ ဆံကေသာအလှကို ပိုင်ဆိုင်နိုင်ဖို့ ဖော်ပြပါနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁)    ဆံပင်မကြာခဏပြုပြင်ချင်တဲ့ဆန္ဒကိုထိန်းချုပ်ပါ

          ဆံပင်အရောင်ချွတ်ခြင်း၊ ဆေးဆိုးခြင်းတွေ ခဏခဏ လုပ်တတ်ရင် ဒီအလေ့အထကို စွန့်လွှတ်ဖို့အချိန်တန်ပါပြီ။ ဆံပင်အခြောက်ခံစက်၀ယ်မယ်ဆိုရင်လည်း လေအေးနှင့်မှုတ်လို့ရတဲ့ ဆံပင်အခြောက်ခံစက်ကိုသာ ရွေးချယ်၀ယ်ယူပါ။ ဆံပင်ဖြောင့်စက်၊ ဆံပင်ကောက်စက်တွေကို အတတ်နိုင်ဆုံး မသုံးမိအောင်ဆင်ခြင်ပါ။

 

(၂)    Sulfate (ဆာလဖိတ်) မပါ၀င်တဲ့ ဆံကေသာထိန်းအလှကုန်ကိုရွေးချယ်ပါ

          ဆာလဖိတ်ပါ၀င်တဲ့ ထုတ်ကုန်ပစ္စည်းတွေကဆံသားကိုခြောက်သွေ့ပျက်စီးစေနိုင်ပါတာကြောင့် မိမိအသုံးပြုမယ့် Shampoo၊ Conditioner နဲ့ ခေါင်းလိမ်းဆီမှာ ဆာလဖိတ်မပါ၀င်တဲ့ အမျိုးအစားကိုရွေးချယ်၀ယ်ယူပါ။

 

(၃)    ပရိုတင်းဓာတ်ဖြည့်တင်းပါ

          ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ပရိုတင်းဓာတ်လိုအပ်ပါတယ်။ တစ်ပတ်မှာတစ်ကြိမ် ဆံသားကို ပရိုတင်းဓာတ်ပါ၀င်တဲ့ ပေါင်းတင်ဆေးတွေနဲ့ အားဖြည့်ပေးပါက သန်စွမ်းတောက်ပြောင်တဲ့ ဆံကေသာအလှကို ပိုင်ဆိုင် နိုင်မှာပါ။

 

(၄)    Conditioner အသုံးပြုပါ

          Conditioner အသုံးပြုခြင်းဟာသင့်ရဲပျက်စီးသွားတဲ့ ဆံကေသာကို ပြန်လည်ထိန်းသိမ်းပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် Shampoo နဲ့ ခေါင်းလျှော်ပြီးတိုင်းမှာ Conditioner အသုံးပြုပေးဖို့လိုအပ်ပါတယ်။

 

(၅)    မသန်စွမ်းတော့တဲ့ ဆံပင်အဖျားလေးတွေကိုတိပေးပါ 

          အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်နဲ့ ကျိုးကြေနေတဲ့ ဆံပင်အောက်ဖျားလေးတွေကို ပုံမှန်ညှပ်ပေးခြင်းဟာလည်း ဆံပင် ဆက်လက် ပျက်စီးမှုမဖြစ်စေရန် ထိန်းသိမ်းနည်းတစ်နည်းပဲဖြစ်ပါတယ်။

 

(၆)    အပူပေးထားတဲ့ ဆီကိုအသုံးပြုပါ

          အုန်းဆီ၊ ထောပတ်ဆီ(သို့) သံလွင်ဆီကိုအပူပေးပြီး နွေးနွေးလေးဖြစ်လာပါက ဆံကေသာကိုလိမ်းပေးလိုက်ပါ။ ဒီလိုပြုလုပ်တာက ဆံကေသာထိန်းသိမ်းရာမှာ လွန်စွာထိရောက်မှုရှိပါတယ်။ သာမန်ဆံကေသာပိုင်ရှင်တွေအနေနဲ့ တစ်လတစ်ကြိမ်သာ ထိန်းသိမ်းပေးဖို့ လိုအပ်ပြီး ခြောက်သွေ့ပျက်စီးနေတဲ့ဆံကေသာကိုတော့ နှစ်ပတ်တစ်ကြိမ် ပြုပြင် ထိန်းသိမ်းပေးဖို့လိုအပ်ပါတယ်။

 

(၇)    ရာသီဥတုဒဏ်မှ ကာကွယ်ပါ

          သင်အပြင်ထွက်တဲ့အခါ နေရောင်ခြည်ဒဏ်မှကာကွယ်ဖို့အတွက် သင့်ဆံပင်ကိုထိန်းသိမ်းရမယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဒါပေမဲ့ မိုးဥတုအချိန်အခါမှာလည်း ဆံကေသာကိုထိန်းသိမ်းဖို့လိုအပ်ပါတယ်။ မိုးရေနဲ့ထိတွေ့တဲ့ ဆံသားဟာ ကြမ်းတမ်းပျက်စီးစေနိုင်တာကြောင့် haircoat (သို့) ဆံကောသာထိန်းပစ္စည်းတစ်မျိုးမျိုးလိမ်းပြီးမှ အပြင်ထွက်တာအကောင်းဆုံးပါပဲ။

 

(၈)    သဘာ၀လေအေးနဲ့ထိတွေ့ပါ

          သင်ခေါင်းလျှော်ပြီးတဲ့အခါ Hair dryer နဲ့အခြောက်ခံမယ့်အစား သဘာ၀လေနဲ့သာ ခြောက်သွေ့စေတာ အကောင်းဆုံးဖြစ်ပါတယ်။ လေပူတွေကဆံသားကိုခြောက်သွေ့စေပြီးဆံပင် နှစ်ခွဖြစ်ခြင်းကိုအားပေးပါတယ်။

CMSwww.drmyanmar.com )