လက်သည်းအတုတပ်ဆင်သူများ လက်သည်းပိုးမ၀င်စေရန် သတိထား
တပ်ဆင်ထားတဲ့ လက်သည်းအတုဟာ ကျိုးပဲ့ထွက်သွားမယ်ဒါမှမဟုတ် ပင်ကိုလက်သည်းက ရှည်ထွက်လာတဲ့အချိန်မှာ လက်သည်းအတုနဲ့ပင်ကို လက်သည်အကြားမှာလစ်ဟသွားပြီး ထိုကွာသွားတဲ့လက်သည်နှစ်ခုကြား ထဲကို ဖုန်၊ အညစ်အကြေးနဲ့ ရေတို့ ခိုအောင်းကာ ပိုးတွေရှင်သန်ပွားများနေနိုင်တဲ့အတွက် လက်သည်းပိုး၀င်ရခြင်းဖြစ် ပါတယ်။ ဒါ့အပြင် လက်သည်းအတုက ရှည်လွန်းတာ၊ မာကျောလွန်းတာ၊ မသန့်ရှင်းတဲ့ လက်သည်းအလှပြင်ပစ္စည်း တွေကိုသုံးမိတာကြောင့် လက်သည်းပိုး၀င်စေနိုင်ပြီး လက်သည်းအတုကပ်တဲ့ကော်ကြောင့်လည်း လက်သည်းမှာ ဓာတ်မတည့်တုံ့ပြန်မှုတွေဖြစ်စေနိုင်ပါတယ်။ လက်သည်း နီးမြန်းတာ၊ ရောင်ရမ်းတာနဲ့ပြည်ထွက်လာတာဟာ လက် သည်းပိုး၀င်ရောက်နေခြင်းကို ပြသတဲ့လက္ခဏာရပ်တွေပါ။ ဒါကြောင့် လက်သည်းအတုတပ်ဆင်လိုတဲ့ ပျိုမေတွေ အနေနဲ့လက်သည်းပိုး၀င်ခြင်းအန္တရာယ်မှ ကာကွယ်ဖို့အတွက် အောက်ပါ အချက်လေးအချို့ကိုလိုက်နာသင့်ပါတယ်။
- မိမိ လက်သည်း အလှဆင်မယ့်အလှပြင်ဆိုင်ရဲ့ သန့်ရှင်းမှုစနစ်ကိုဦးစွာလေ့လာထားပါ။ (ဥပမာ- လက်သည်း အလှပြင်ပစ္စည်းတွေအားပိုးသတ်ထားရဲ့လား၊ လက်သည်းအလှပြင်ပေးမယ့်သူရဲ့လက်ဟာသန့်စင်မှုရှိရဲ့လား)
- တစ်ကိုယ်ရည်သုံး လက်သည်းသန့်စင်တဲ့ပစ္စည်းတွေ ၀ယ်ထားတာ အကောင်းဆုံးပါ။
- လက်သည်းအတုတပ်ထားပြီးနောက် လက်သည်းကျန်းမာရေးစောင့်ရှောက်ပေးဖို့အတွက် အလှပြင်ဆိုင်ကို ၂ ပတ်ခြား၊ ၃ ပတ်ခြားတခါပြန်လည်သွားပြီး စောင့်ရှောက်မှု ရယူပေးပါ။
လက်သည်းအတုကို အမြဲတမ်းတပ်ဆင်ထားခြင်းလည်းမလုပ်သင့်ပါဘူး။ မိမိရဲ့ ပင်ကိုလက်သည်းတွေ လှောင်ပိတ်မနေစေဖို့ ၂-၃ လကြာလောက် လက်သည်းအတု မတပ်ဆင်တာ အကောင်းဆုံးပါ။ သင့်အနေနဲ့လက်သည်းပိုး၀င်နေတယ်လို့ သံသယရှိပါက အရေပြားရောဂါအထူးကုဆရာ၀န်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
Dr. Htet Htet Aung