/
news/အလှအပနှင့်ကျန်းမာရေး/လက်အသားအရေ-နူးညံ့ဖို့

လက်အသားအရေ နူးညံ့ဖို့

Category
အလှအပနှင့်ကျန်းမာရေး

        အသက်ကြီးလာပြီလို့သိသာစေတဲ့ လက္ခဏာတွေထဲမှာ လက်ဖမိုးနဲ့ လက်ချောင်းလေးတွေလည်း ပါပါတယ်။ လက်အသားအရေကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိပါက လက်အရေပြားတွေ တင်းရင်းနုပျိုမှု မရှိနိုင်တော့ပါဘူး။ ဒါကြောင့် လက်အရေပြားကို နုနယ်အောင်ထိန်းသိမ်းပေးနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းသုံးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1.     အစိုဓာတ်ထိန်းခရင်မ်သုံးပါ။

        မျက်နှာမှာ အစိုဓာတ်ဖြည့်တင်းပေးသလို လက်ကိုလည်း အစိုဓာတ်ထိန်းပေးဖို့လိုအပ်ပါတယ်။ လက်ကို မစိုမခြောက်ဖြစ်နေချိန်မှာ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးသင့်ပြီး လက်တစ်ချောင်းလုံးအနှံ့ လိမ်းပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် လေထုစိုထိုင်းဆနည်းတဲ့ဆောင်းရာသီလိုအချိန်မျိုးမှာ အစိုဓာတ်ထိန်းခရင်မ် ပုံမှန်သုံးပေးသင့်ပါတယ်။

2.     နေရောင်ကာ ခရင်မ်လိမ်းပါ။

        ခရမ်းလွန်ရောင်ခြည်ထိတွေ့စေနိုင်တာ မျက်နှာအသားအရေတစ်မျိုးတည်း မဟုတ်ပါဘူး။ လည်ပင်း၊ လက်၊ ခြေထောက်မှာလည်း ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများပါက အသားအရေပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် SPF ပါ၀င်မှုများတဲ့ နေရောင်ကာခရင်မ်ကို လက်ခုံပေါ်မှာ အပြင်ထွက်ချိန်တိုင်း လိမ်းပေးသင့်ပါတယ်။

3.     လက်အိတ်စွပ်ပါ။

        ဆပ်ပြာမှုန့်၊ ရေပူတွေထိတွေ့ခြင်းကြောင့် သင့်လက်အသားအရေပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှု ကိစ္စတွေပြုလုပ်တဲ့အခါ လက်အိတ်စွပ်ပါ။ လက်ကိုသန့်စင်တဲ့အခါမှာလည်း ဆပ်ပြာအပျော့စားကိုသာ အသုံးပြုပါ။

 

Cho Thet

www.drmyanmar.com