လေ့ကျင့်ခန်းလုပ်တဲ့အခါ အသားအရေထိန်းသိမ်းဖို့ မမေ့ပါနဲ့
လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ သန်မာလာပြီး စိတ်ကျန်းမာရေးပါ ကောင်းမွန်လာပါတယ်။ ဒါတင်မက အသားအရေပေါ်မှာပါ ကောင်းကျိုးတွေရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလှည့်ပတ်မှုနဲ့ ပြန်ရည်ကြောလှည့်ပတ်မှုကို ကောင်းစေတာကြောင့် ချွေးထွက်ရာကနေတစ်ဆင့် အဆိပ်အတောက်တွေကို စွန့်ပစ်လိုက်ပြီး အသားအရေလေးဟာ ကြည်လင်ဝင်းပလာမှာပါ။
ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အသားအရေကို ဂရုမစိုက်ရင်တော့ ဒီကောင်းကျိုးကို ရမှာမဟုတ်ဘဲ ဝက်ခြံတွေ၊ အသားနီရဲယားယံတာတွေပဲ ဖြစ်လာလိမ့်မယ်နော်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ အခုပြောပြမယ့် အသားအရေထိန်းသိမ်းနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Bio Oil Updated IA 1
၁။ မျက်နှာကို ဆေးကြောသန့်စင်ပါ။
ဒီအချက်ကိုတော့ လေ့ကျင့်ခန်းမလုပ်ခင်တည်းက လုပ်သင့်ပါတယ်။ မိတ်ကပ်ဖျက်ပြီးမှ လေ့ကျင့်ခန်းလုပ်တာ အသင့်တော်ဆုံးပါ။ လုပ်ပြီးရင်လည်း ချွေး၊ အဆီနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်တတ်လို့ မျက်နှာပြန်သစ်ပေးပါ။ တတ်နိုင်ရင် မိတ်ကပ်ဖျက်တစ်ရှူးအစိုတွေကို မသုံးဘဲ မျက်နှာသစ်အပျော့စားနဲ့ ရေကိုသာ သုံးပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း မျက်နှာချေးချွတ်တာကိုတော့ ရှောင်ပေးပါနော်။
၂။ အရေပြားအစိုဓာတ် ထိန်းပေးပါ။
မျက်နှာသစ်ပြီးတာနဲ့ ပေါ့ပေါ့ပါးပါး moisturizer (သို့) ဗီတာမင်နဲ့ အန်တီအောက်ဆီဒန့်တွေ ပါဝင်တဲ့ အလှဆီတစ်မျိုးကို လိမ်းပေးပါ။ ရေဓာတ်ထိန်းပေးတဲ့နေရာမှာတော့ moisturizer ထက်စာရင် အလှဆီတွေက ပိုအစွမ်းထက်ပါတယ်။ သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ Bio-Oil လို အသားအရေထိန်းသိမ်းဆီတွေကို သုံးစွဲကြည့်ပါ။
Bio Oil Updated IA 2
၃။ Sunscreen (သို့) Face Mask သုံးပါ။
ကိုယ် ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်သလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ မနက်ဘက်၊ နေ့ခင်းဘက်မှာ လုပ်ရင် အစိုဓာတ်ထိန်းပြီးတာနဲ့ နေရောင်ကာလိမ်းဆေး (sunscreen) သုံးပေးပါ။ ညနေဘက်၊ ညဘက်မှာ လုပ်ရင်တော့ Face Mask လေး ကပ်ပေးပါ။
ဖော်ပြခဲ့တဲ့နည်းလမ်းတွေက အချိန်လည်းမကုန်၊ လူလည်းမပင်ပန်းတဲ့ နည်းလမ်းတွေပဲမဟုတ်လား။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ ဒီအဆင့်တွေအတိုင်း ပုံမှန်လေး အသားအရေထိန်းသိမ်းပေးဖို့ မမေ့ကြပါနဲ့နော်။
Dr. Aye Hsu Mon (www.drmyanmar.com)