ဝက်ခြံ
ဝက်ခြံဟာ ဆယ်ကျော်သက်လူငယ်များတွင် အဖြစ်များလေ့ရှိပြီး ဆယ်ကျော်သက်အရွယ်များ၏ 87% ခန့်သည် ဝက်ခြံပေါက်ခြင်းကို ခံစားရလေ့ရှိပါတယ်။ ဝက်ခြံဆိုတာ အမွှေးအိတ်တွေမှာ အဆီနှင့် အရေပြားဆဲလ်သေများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ပြင်းထန်မှုပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်ပါတယ်။
>> ဖြစ်ပွားရသည့်အကြောင်းရင်း
ဝက်ခြံပေါက်ခြင်းကို အားပေးတဲ့ အဓိကအကြောင်းရင်း ၄ ချက်ကတော့ -
● အဆီအထွက်များခြင်း
● အရေပြား ဆဲလ်သေများရှိခြင်း
● ချွေးပေါက်များတွင် အညစ်အကြေးများဖြင့် ပိတ်နေခြင်းနှင့်
● ဘက်တီးရီးယားပိုးမွှားတို့ပဲ ဖြစ်ပါတယ်။
Vicee 1

ဝက်ခြံဟာ များသောအားဖြင့် အဆီရှိရာနေရာများဖြစ်တဲ့ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ပခုံးနဲ့ ကျောဘက်တွေမှာ အဖြစ်များလေ့ရှိပါတယ်။ ခန္ဓာကိုယ်မှ အဆီများကို ပိုမိုထုတ်လုပ်သောအခါ ၎င်းအဆီများနှင့် အရေပြားဆဲလ်သေတွေဟာ အမွှေးအိတ်များတွင် စုပုံလာသဖြင့် ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားမှုကို အားပေးသောကြောင့် ဝက်ခြံဖြစ်လာရခြင်း ဖြစ်ပါတယ်။
>> ဝက်ခြံကို ဖြစ်ပွားစေ (သို့) ပိုမိုဆိုးဝါးစေသော အကြောင်းများ
ဝက်ခြံကိုဖြစ်ပွားစေ (သို့) ပိုမိုဆိုးဝါးစေတဲ့ အကြောင်းရင်းများကတော့ -
(1) အန်ဒရိုဂျင် (Androgen) ဟော်မုန်းပြောင်းလဲခြင်း - အပျိုဖော်ဝင်ချိန်နှင့် လူပျိုဖော်ဝင်ချိန်တို့တွင် Androgen ဟော်မုန်းပြောင်းလဲမှုကြောင့် အဆီများ ပိုမိုထွက်လာကာ ဝက်ခြံပေါက်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ခြင်းနှင့် သန္ဓေတားဆေး သုံးစွဲခြင်းတို့ကြောင့်လည်း ဟော်မုန်းအပြောင်းအလဲဖြစ်ကာ ဝက်ခြံပေါက်စေပါတယ်။
(2) စတီးရွိုက် (သို့) အန်ဒရိုဂျင်ဟော်မုန်း (သို့) စိတ်ရောဂါဆေး Lithium ပါဝင်သော ဆေးဝါးများ သုံးစွဲခြင်း
(3) နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုမြင့်မားသော အစားအစာများ (ဥပမာ - ပေါင်မုန့်၊ အာလူးကြော် အလွန်အကျွံ စားသုံးခြင်း)
(4) ချောကလက် အစားများခြင်း
(5) စိတ်ဖိစီးမှုများခြင်း - စိတ်ဖိစီးမှုများခြင်းကြောင့် ဝက်ခြံ မပေါက်စေပေမယ့် နဂိုဝက်ခြံရှိတဲ့သူတွေ စိတ်ဖိစီးမှုရှိရင် ဝက်ခြံ ပိုဆိုးစေပါတယ်။
(6) မျိုးရိုးလိုက်ခြင်း
(7) မသန့်ရှင်းသောပစ္စည်းများနှင့် မကြာခဏ ထိတွေ့မိခြင်း (ဥပမာ - မိမိမျက်နှာနှင့် ဆဲလ်ဖုန်း၊ ဆိုင်ကယ်ဦးထုပ် စတာတွေဖြင့် ပွတ်တိုက်မိခြင်းကြောင့်လည်း ဝက်ခြံပေါက်နိုင်ပါတယ်။)
(8) အဆီပါဝင်သော lotions နှင့် ခရင်မ်များ အလိမ်းများခြင်း
Vicee 2

>> ကုသမှု
ဝက်ခြံကိုကုသရာမှာ အဆင့် (၃) ဆင့် ပါဝင်ပါတယ်။
● ဝက်ခြံကို ကုသခြင်း
● အမာရွတ် မထင်စေရန် ပြုလုပ်ခြင်း
● အမာရွတ် လျော့ပါးသွားအောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။
>> ကာကွယ်ရန်နှင့် ဝက်ခြံအမာရွတ်များ သက်သာစေရန်
ဝက်ခြံပေါက်ခြင်းမှ ကာကွယ်ဖို့ရယ်၊ အရင်က ဝက်ခြံအမာရွတ်တွေကို သက်သာအောင်လုပ်ဖို့ရယ်အတွက် အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
(1) မျက်နှာကို အပျော့စားမျက်နှာသစ်ဆေးဖြင့် တစ်နေ့ ၂ ကြိမ် သန့်စင်ပါ။
(2) ရေဓာတ်အခြေခံထားသော အလှကုန်များကိုသာ သုံးစွဲပါ။
(3) Vitamin C ကြွယ်ဝသော အစားအသောက်များကို ပုံမှန်စားပေးပါ။ တကယ်လို့ မစားဖြစ်ရင်လည်း Vitamin C ပါဝင်တဲ့ ဆေးတစ်မျိုးမျိုး (ဥပမာ - Vicee) တို့ကို မှီဝဲပေးလို့ရပါတယ်။
(4) အိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ပြီးမှ အိပ်ရာဝင်ပါ။
(5) ဝက်ခြံပေါက်သောနေရာကို လက်ဖြင့်စိတ်ခြင်း၊ ညှစ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။






























