/
news/အလှအပနှင့်ကျန်းမာရေး/ဝက်ခြံတွေကို-ကုသနေပါသော်လည်း-မသက်သာခဲ့လျှင်-သတိပြုဆင်ခြင်ရမည့်အချက်များ

ဝက်ခြံတွေကို ကုသနေပါသော်လည်း မသက်သာခဲ့လျှင် သတိပြုဆင်ခြင်ရမည့်အချက်များ

Category
အလှအပနှင့်ကျန်းမာရေး

ဝက်ခြံတွေကို မနှိမ်နင်းနိုင်ဘဲဖြစ်နေခဲ့ရင် စိတ်ညစ်မနေပါနဲ့။ အောက်ပါအချက်တွေကို ဖတ်ကြည့်ပြီး ပြင်ဆင်လိုက်လို့ ရပါတယ်နော်။

(၁)  ဝက်ခြံကုထုံး တစ်ခုတည်းကို အနည်းဆုံး (၄) ပတ် အသုံးပြုပေးပါ။
ဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းများကို တစ်မျိုးပြီးတစ်မျိုး ခဏခဏ ပြောင်းသုံးခြင်းက ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ ဝက်ခြံသက်သာစေတဲ့ဆေးတွေရဲ့ အာနိသင်ကိုရဖို့ (၄) ပတ်ကနေ (၆) ပတ်အထိ ကြာမြင့်နိုင်တာကြောင့် စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပါတယ်။

(၂)  ဝက်ခြံဖြစ်စေတဲ့ အခြားအကြောင်းရင်းများကိုပါ ရှာပါ။
ဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းများကို အသုံးပြုခြင်းက (၄) ပတ်ကနေ (၆) ပတ်အထိ မထူးခြားပါက ဝက်ခြံဖြစ်ပေါ်စေတဲ့ အခြားအကြောင်းရင်းများကိုပါ စဉ်းစားပြီး ကုသရမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဗီတာမင် C ပါဝင်တဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ မှန်မှန်မှီဝဲပေးတာကလည်း အသားအရေကြည်လင်လှပဖို့၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ သက်သာစေဖို့နဲ့ အမည်းစက်တွေ လျော့ပါးစေဖို့ အထောက်အကူပြုပါတယ်။

(၃)  ချွေးထွက်များတဲ့နေ့မှာ တစ်နေ့ (၂) ကြိမ် မျက်နှာသစ်ပါ။
ဝက်ခြံထွက်လွယ်တဲ့ အသားအရေဟာ အထိခိုက်လည်း လွယ်ကူပါတယ်။ ဒါကြောင့် တစ်နေ့ကို (၂) ကြိမ်ထက်ပိုပြီး မျက်နှာသစ်ခြင်းက ဝက်ခြံတွေကို ပိုဆိုးစေတတ်ပါတယ်။ မနက်အိပ်ရာထ တစ်ကြိမ်နဲ့ ညအိပ်ခါနီး တစ်ကြိမ် သစ်ပေးရင် အကောင်းဆုံးပါပဲ။

(၄)  ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း မပြုပါနဲ့။
ဝက်ခြံထွက်နေတဲ့နေရာနဲ့ ဝက်ခြံထွက်လွယ်တဲ့နေရာတွေကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းက ဝက်ခြံကို ပိုဆိုးစေပါတယ်။

Vicee 1

(၅)  ဝက်ခြံအတွက် ထုတ်ထားတဲ့ အလှကုန် အသုံးအဆောင်တွေကိုသာ သုံးပါ။
ချွေးပေါက်တွေကို မပိတ်စေတဲ့၊ ဓာတုပစ္စည်းနည်းပါးတဲ့၊ အဆီမပါတဲ့၊ ဝက်ခြံမဖြစ်စေတဲ့ အလှကုန်နဲ့ အသုံးအဆောင်တွေကိုသာ အသုံးပြုပေးပါ။

(၆)  ဝက်ခြံကို မဆွပါနဲ့။
ဝက်ခြံကို ညှစ်ထုတ်ခြင်းက ချက်ချင်းသက်သာစေတဲ့နည်းလမ်း ဖြစ်သယောင်ယောင်ရှိပေမယ့် တကယ်က ပိုဆိုးစေပါတယ်။ ဒါကြောင့် ဝက်ခြံကို မညှစ်၊ မဖောက်၊ မဆွတာ အမှန်ဆုံးပါပဲ။

(၇)  အသုံးအဆောင်များကို မကြာခဏ လျှော်ပါ။
ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ ဖုန်မှုန်တွေဟာ ချွေးပေါက်ကို ပိတ်စေပြီး ဝက်ခြံကို ဖြစ်ပေါ်စေတာကြောင့် မိမိအသားအရေနဲ့ထိနေတဲ့ အသုံးအဆောင်တွေကို သန့်အောင်ထားဖို့ လိုပါတယ်။

 (၈)  အရေပြားဆရာဝန်နဲ့ ပြသပါ။
အထက်ပါနည်းတွေနဲ့မှ မပျောက်ကင်းရင် အရေပြားဆရာဝန်နဲ့ ပြသပါ။ ပြည်တည်တဲ့ ဝက်ခြံတွေ၊ ဝက်ခြံအလုံးကြီးတွေဟာ ပျောက်ကင်းသွားရင်တောင် အနာရွတ်တွေ၊ အချိုင့်တွေ ကျန်ခဲ့တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီး စောစီးစွာ ကုသထားသင့်ပါတယ်။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

Vicee 2

(Zawgyi)

ဝက္ၿခံေတြကို မႏွိမ္နင္းႏိုင္ဘဲျဖစ္ေနခဲ့ရင္ စိတ္ညစ္မေနပါနဲ႔။ ေအာက္ပါအခ်က္ေတြကို ဖတ္ၾကည့္ၿပီး ျပင္ဆင္လိုက္လို႔ ရပါတယ္ေနာ္။

(၁)  ဝက္ၿခံကုထုံး တစ္ခုတည္းကို အနည္းဆုံး (၄) ပတ္ အသုံးျပဳေပးပါ။
ဝက္ၿခံအတြက္ ထုတ္လုပ္ထားတဲ့ပစၥည္းမ်ားကို တစ္မ်ိဳးၿပီးတစ္မ်ိဳး ခဏခဏ ေျပာင္းသုံးျခင္းက ဝက္ၿခံေတြကို ပိုဆိုးေစပါတယ္။ ဝက္ၿခံသက္သာေစတဲ့ေဆးေတြရဲ႕ အာနိသင္ကိုရဖို႔ (၄) ပတ္ကေန (၆) ပတ္အထိ ၾကာျမင့္ႏိုင္တာေၾကာင့္ စိတ္ရွည္ရွည္ထားဖို႔ လိုအပ္ပါတယ္။

(၂)  ဝက္ၿခံျဖစ္ေစတဲ့ အျခားအေၾကာင္းရင္းမ်ားကိုပါ ရွာပါ။
ဝက္ၿခံအတြက္ ထုတ္လုပ္ထားတဲ့ပစၥည္းမ်ားကို အသုံးျပဳျခင္းက (၄) ပတ္ကေန (၆) ပတ္အထိ မထူးျခားပါက ဝက္ၿခံျဖစ္ေပၚေစတဲ့ အျခားအေၾကာင္းရင္းမ်ားကိုပါ စဥ္းစားၿပီး ကုသရမွာပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ ဗီတာမင္ C ပါဝင္တဲ့ အစားအေသာက္ေတြ၊ ေဆးဝါးေတြ မွန္မွန္မွီဝဲေပးတာကလည္း အသားအေရၾကည္လင္လွပဖို႔၊ ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အမာရြတ္ေတြ သက္သာေစဖို႔နဲ႔ အမည္းစက္ေတြ ေလ်ာ့ပါးေစဖို႔ အေထာက္အကူျပဳပါတယ္။

(၃)  ေခြၽးထြက္မ်ားတဲ့ေန႔မွာ တစ္ေန႔ (၂) ႀကိမ္ မ်က္ႏွာသစ္ပါ။
ဝက္ၿခံထြက္လြယ္တဲ့ အသားအေရဟာ အထိခိုက္လည္း လြယ္ကူပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို (၂) ႀကိမ္ထက္ပိုၿပီး မ်က္ႏွာသစ္ျခင္းက ဝက္ၿခံေတြကို ပိုဆိုးေစတတ္ပါတယ္။ မနက္အိပ္ရာထ တစ္ႀကိမ္နဲ႔ ညအိပ္ခါနီး တစ္ႀကိမ္ သစ္ေပးရင္ အေကာင္းဆုံးပါပဲ။

(၄)  ၾကမ္းတမ္းစြာ ပြတ္တိုက္ျခင္း မျပဳပါနဲ႔။
ဝက္ၿခံထြက္ေနတဲ့ေနရာနဲ႔ ဝက္ၿခံထြက္လြယ္တဲ့ေနရာေတြကို ၾကမ္းတမ္းစြာ ပြတ္တိုက္ျခင္းက ဝက္ၿခံကို ပိုဆိုးေစပါတယ္။

(၅)  ဝက္ၿခံအတြက္ ထုတ္ထားတဲ့ အလွကုန္ အသုံးအေဆာင္ေတြကိုသာ သုံးပါ။
ေခြၽးေပါက္ေတြကို မပိတ္ေစတဲ့၊ ဓာတုပစၥည္းနည္းပါးတဲ့၊ အဆီမပါတဲ့၊ ဝက္ၿခံမျဖစ္ေစတဲ့ အလွကုန္နဲ႔ အသုံးအေဆာင္ေတြကိုသာ အသုံးျပဳေပးပါ။

(၆)  ဝက္ၿခံကို မဆြပါနဲ႔။
ဝက္ၿခံကို ညႇစ္ထုတ္ျခင္းက ခ်က္ခ်င္းသက္သာေစတဲ့နည္းလမ္း ျဖစ္သေယာင္ေယာင္ရွိေပမယ့္ တကယ္က ပိုဆိုးေစပါတယ္။ ဒါေၾကာင့္ ဝက္ၿခံကို မညႇစ္၊ မေဖာက္၊ မဆြတာ အမွန္ဆုံးပါပဲ။

(၇)  အသုံးအေဆာင္မ်ားကို မၾကာခဏ ေလွ်ာ္ပါ။
ဆဲလ္ေသေတြ၊ ဘက္တီးရီးယားေတြနဲ႔ ဖုန္မႈန္ေတြဟာ ေခြၽးေပါက္ကို ပိတ္ေစၿပီး ဝက္ၿခံကို ျဖစ္ေပၚေစတာေၾကာင့္ မိမိအသားအေရနဲ႔ထိေနတဲ့ အသုံးအေဆာင္ေတြကို သန႔္ေအာင္ထားဖို႔ လိုပါတယ္။

 (၈)  အေရျပားဆရာဝန္နဲ႔ ျပသပါ။
အထက္ပါနည္းေတြနဲ႔မွ မေပ်ာက္ကင္းရင္ အေရျပားဆရာဝန္နဲ႔ ျပသပါ။ ျပည္တည္တဲ့ ဝက္ၿခံေတြ၊ ဝက္ၿခံအလုံးႀကီးေတြဟာ ေပ်ာက္ကင္းသြားရင္ေတာင္ အနာရြတ္ေတြ၊ အခ်ိဳင့္ေတြ က်န္ခဲ့တတ္ပါတယ္။ ဒါေၾကာင့္ ဆရာဝန္နဲ႔ျပသၿပီး ေစာစီးစြာ ကုသထားသင့္ပါတယ္။

ေဒါက္တာေနလြင္ထူး (www.drmyanmar.com)