ဝက်ခြံထွက်တဲ့သူတွေအတွက် နေ့စဉ် ဆောင်ရန်၊ ရှောင်ရန် အစားအစာများ
ဝက်ခြံကင်းစင်ပြီး ကြည်လင်တဲ့အသားအရေကိုရစေဖို့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်စားဖို့ လိုအပ်ပါတယ်။
>> ဘာတွေရှောင်သင့်လဲ?
(၁) ကာဗိုဟိုက်ဒရိတ် မြင့်မားသော အစားအစာများကို ရှောင်ကြဉ်ပါ။
ကာဗိုဟိုက်ဒရိတ် မြင့်မားသော အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်အဖြူ၊ အာလူး၊ ချိစ်နှင့် အသင့်စားအစာတွေနှင့် အချိုများသောအစားအစာတွေဟာ အရေပြားအဆီကို ပိုထွက်စေပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ်။
(၂) နို့နှင့်နို့ထွက်ပစ္စည်းများကို လျှော့စားပါ။
နို့ထွက်ပစ္စည်းတွေဟာ ဝက်ခြံထွက်စေတယ်ဆိုတာကို လေ့လာချက်များစွာအရ သိရပါတယ်။ နို့အစား ပဲနို့နှင့် သစ်အယ်သီးကို အခြေခံထားတဲ့နို့များကို သောက်သုံးသင့်ပါတယ်။
(၃) ဆီကြော်စာများ ရှောင်ပါ။
အာလူးချောင်းကြော်နှင့် အဆီများသောအစားအစာတွေကြောင့် အရေပြားအဆီထွက်မှုများပြီး ချွေးပေါက်ပိတ်စေတဲ့အတွက် သင့်ဝက်ခြံတွေကို ပိုမိုဆိုးစေနိုင်ပါတယ်။
Vicee 1

>> ဘာတွေစားသင့်လဲ?
(၁) ငါးများများစားပါ။
အိုမီဂါသရီး ကြွယ်ဝပြီး ကျန်းမာသော အဆီဓာတ်များပါဝင်တဲ့ ဆယ်လ်မွန်၊ ဆာဒင်းငါး၊ သစ်အယ်စေ့၊ နှမ်းကြတ်စေ့ စတာတွေကို စားပေးခြင်းဖြင့် ဝက်ခြံကြောင့် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
(၂) အစေ့အဆံ များများစားပါ။
သစ်အယ်စေ့၊ သစ်ကြားစေ့တွေမှာ ပါဝင်သော အိုမီဂါသရီးက ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ဇင့်ဓာတ်လည်း ပါဝင်တာမို့ ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားတွေကို လျှော့ချပေးပြီး အရေပြား အဆီထွက်ခြင်းကို နည်းပါးစေပါတယ်။
Vicee 2

(၃) သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ နေ့စဉ်စားပါ။
Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ငရုတ်ပွသီး၊ ဟင်းနုနယ်နှင့် ဘယ်ရီသီးများကို နေ့စဉ်စားသုံးပါ။ ဗီတာမင် C ကြွယ်ဝသော အစားအသောက်များကို စားပါ။ ပုံမှန်မစားသုံးဖြစ်ပါက ဗီတာမင် C ပါဝင်တဲ့ (ဥပမာ - ViCee) လို ဆေးမျိုးကိုလည်း မှီဝဲလို့ရပါတယ်။ အရေပြားကို ကြည်လင်လှပစေမယ့်အပြင် ဝက်ခြံတွေကို သက်သာစေပါလိမ့်မယ်။
(၄) ဒိန်ချဉ်ကဲ့သို့ Probiotics ပါဝင်သော အစားအစာများကို စားပေးပါ။
Probiotics က ကိုယ်ခန္ဓာတွင်းရှိ ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို လျော့ပါးစေပြီး ဝက်ခြံကြောင့် ရောင်ရမ်းခြင်းကိုပါ သက်သာစေပါတယ်။
ဝက်ခြံတွေကို ကာကွယ်ဖို့အတွက် အထက်ပါအစားအစာတွေကို ရှောင်ကြဉ်ရမယ့်အပြင် မျက်နှာကို ကောင်းစွာသန့်စင်ပေးခြင်း၊ ဝက်ခြံအတွက် သီးသန့်ထုတ်ထားသော အသားအရေ ထိန်းသိမ်းပစ္စည်းများကို အသုံးပြုခြင်းနှင့် ရေများများသောက်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ပေးဖို့ မမေ့ကြနဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























