ဝက်ခြံပေါက်ခြင်းနှင့် မိတ်ကပ်သက်ဆိုင်ပါသလား?
မိတ်ကပ်မှ မဟုတ်ပါဘူး။ မျက်နှာမှာလိမ်းကျံထားတဲ့ အရေပြားထိန်းသိမ်းပေးတဲ့ ခရင်မ်၊ လိုးရှင်းစတာတွေဟာ တနေ့တာလုံးလှုပ်ရှားသွားလာနေစဉ်အတောအတွင်း ကပ်ညှိနေတဲ့ဖုန်မှုန့်တွေနဲ့ ချေွးပေါက်တွေမှာပိတ်မိနေနိုင်တာကြောင့် သေချာစွာဆေးကြောသန့်စင်ခြင်း မပြုလုပ်နိုင်ပါက ဝက်ခြံဖြစ်ဖို့ အလားအလာပိုများပါတယ်။ မိတ်ကပ်အမျိုးအစားရွေးချယ်ရာမှာလည်း ကိုယ့်အသားအရေပေါ်မူတည်ပြီး ရွေးချယ်ဖို့လိုအပ်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























