/
news/အလှအပနှင့်ကျန်းမာရေး/ဝက်ခြံဖြစ်စေတဲ့-အကြောင်းရင်းများနှင့်-အမျိုးအစားများ

ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းများနှင့် အမျိုးအစားများ

Category
အလှအပနှင့်ကျန်းမာရေး

>>  ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းများ
●  ဟော်မုန်း
●  စိတ်ဖိစီးမှု
●  တချို့ဆေးဝါးတွေ မှီဝဲတာ
●  သန့်သန့်ရှင်းရှင်းမနေဘဲ ညစ်ညစ်ပတ်ပတ်နေတာ
●  မိမိအသားအရေနဲ့ မတည့်တဲ့ Skin care သုံးမိတာ
●  နေရောင်ခြည်ဒဏ်တွေ ခံရတာ များတာ
●  ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ မကြာခဏစားတာတွေကြောင့် ဝက်ခြံပေါက်တတ်ပါတယ်။

>>  ဝက်ခြံအမျိုးအစားများ
၁။  ရောင်ရမ်းခြင်းမရှိတဲ့ ဝက်ခြံအမျိုးအစားတွေ
●  ဆားဝက်ခြံ - ချွေးပေါက်က အဆီတွေ၊ cell သေတွေနဲ့ ပိတ်ဆို့လို့ ဖြစ်တာပါ၊ ထိပ်ဝလေးကတော့ ပွင့်နေတတ်ပါတယ်။ အမဲဆံလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ မျက်နှာ၊ ကျော၊ ရင်ဘတ်၊ လည်ပင်း၊ လက်မောင်းနဲ့ ပခုံးတွေမှာ တွေ့ရပါတယ်။ ပျောက်ဖို့ ၆-၈ ပတ်လောက် ကြာပါတယ်။
●  အဆီဖု - ဆားဝက်ခြံလိုပဲ ချွေးပေါက်က အဆီတွေ၊ cell သေတွေနဲ့ ပိတ်ဆို့လို့ ဖြစ်တာပါ၊ မတူတာက ထိပ်ဝလေးက ပိတ်နေတာပါ။ အရေပြားပေါ်မှာ ဖြူဖြူအစိလေးတွေအနေနဲ့ မြင်ရပါတယ်။ မျက်နှာ၊ ကျော၊ ရင်ဘတ်၊ တစ်ခါတလေ လည်ပင်းနဲ့ ပခုံးတွေမှာ တွေ့ရပါတယ်။ ပျောက်ဖို့ ၆-၈ ပတ်လောက် ကြာပါတယ်။

Vicee 1

၂။  ရောင်ရမ်းနေတဲ့ ဝက်ခြံအမျိုးအစားတွေ
●  နီရဲနေတဲ့ ဝက်ခြံ၊  နီရဲရောင်နေတဲ့ အဖုသေးသေးလေးတွေ - မွှေးညှင်းအိတ်ကလေးတွေ ကွဲသွားပြီး ဘက်တီးရီးယားရယ်၊ cell သေတွေရယ်က အရေပြားအပေါ်လွှာထဲကို ဝင်ရောက်လာလို့ ဖြစ်တာပါ။ များသောအားဖြင့် မျက်နှာပေါ်မှာ ဖြစ်တတ်ပါတယ်။
●  ပြည်ဖု ဝက်ခြံအသေးအပေါ်မှာ ပြည်ဝတ်ဆံလေးပေါ်လာတဲ့ အမျိုးအစား - ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်က တိုက်ထုတ်တာကြောင့် ဖြစ်လာတာပါ။ မျက်နှာ၊ ကျော၊ ရင်ဘတ်မှာ အဖြစ်များပါတယ်။
●  ခဲခဲမာမာ ဝက်ခြံ - မာတယ်၊ ကြီးတယ်၊ နာကျင် ရောင်ရမ်းပြီး အရေပြားအတွင်းပိုင်းကို ပိုရောက်ပါတယ်။  ရိုးရိုးဝက်ခြံဖြစ်ပုံနဲ့ တူပေမယ့် သူက အရေပြားနက်နက်ထဲမှာ ဖြစ်တာပါ။ ပြည်ရှိပေမယ့် အထဲမှာ ဖြစ်တာမို့ မမြင်ရတတ်ပါဘူး။ မျက်နှာ၊ ကျော၊ ရင်ဘတ်မှာ အဖြစ်များပါတယ်။
●  ရောင်ရမ်းနာကျင်နေတဲ့ ပြည်ဖုအကြီး - ဝက်ခြံ ပျော့တယ်၊ ကြီးတယ်၊ ပြည်တွေ သွေးတွေနဲ့ ပြည့်နေတတ်တယ်။ အမာရွတ်ဖြစ်ဖို့ များတယ်။ မျက်နှာ၊ ကျော၊ ရင်ဘတ်နဲ့  လက်မောင်းတွေမှာ ဖြစ်တတ်တယ်။

>>  ဝက်ခြံကို ဘာလို့ မညှစ်သင့်တာလဲ?
ပြည်တွေ၊ ဘက်တီးရီးယားတွေကို အထဲကို ပိုရောက်အောင် တွန်းပေးသလို ဖြစ်သွားနိုင်တာကြောင့် ဝက်ခြံကို ပိုဆိုးစေတတ်ပါတယ်။

Dr. Htar (www.drmyanmar.com)

Vicee 2

(Zawgyi)

>>  ဝက္ၿခံျဖစ္ေစတဲ့ အေၾကာင္းအရင္းမ်ား
●  ေဟာ္မုန္း
●  စိတ္ဖိစီးမႈ
●  တခ်ိဳ႕ေဆးဝါးေတြ မွီဝဲတာ
●  သန႔္သန႔္ရွင္းရွင္းမေနဘဲ ညစ္ညစ္ပတ္ပတ္ေနတာ
●  မိမိအသားအေရနဲ႔ မတည့္တဲ့ Skin care သုံးမိတာ
●  ေနေရာင္ျခည္ဒဏ္ေတြ ခံရတာ မ်ားတာ
●  က်န္းမာေရးနဲ႔မညီၫြတ္တဲ့ အစားအေသာက္ေတြ မၾကာခဏစားတာေတြေၾကာင့္ ဝက္ၿခံေပါက္တတ္ပါတယ္။

>>  ဝက္ၿခံအမ်ိဳးအစားမ်ား
၁။  ေရာင္ရမ္းျခင္းမရွိတဲ့ ဝက္ၿခံအမ်ိဳးအစားေတြ
●  ဆားဝက္ၿခံ - ေခြၽးေပါက္က အဆီေတြ၊ cell ေသေတြနဲ႔ ပိတ္ဆို႔လို႔ ျဖစ္တာပါ၊ ထိပ္ဝေလးကေတာ့ ပြင့္ေနတတ္ပါတယ္။ အမဲဆံေလးေတြအေနနဲ႔ ေတြ႕ရတတ္ပါတယ္။ မ်က္ႏွာ၊ ေက်ာ၊ ရင္ဘတ္၊ လည္ပင္း၊ လက္ေမာင္းနဲ႔ ပခုံးေတြမွာ ေတြ႕ရပါတယ္။ ေပ်ာက္ဖို႔ ၆-၈ ပတ္ေလာက္ ၾကာပါတယ္။
●  အဆီဖု - ဆားဝက္ၿခံလိုပဲ ေခြၽးေပါက္က အဆီေတြ၊ cell ေသေတြနဲ႔ ပိတ္ဆို႔လို႔ ျဖစ္တာပါ၊ မတူတာက ထိပ္ဝေလးက ပိတ္ေနတာပါ။ အေရျပားေပၚမွာ ျဖဴျဖဴအစိေလးေတြအေနနဲ႔ ျမင္ရပါတယ္။ မ်က္ႏွာ၊ ေက်ာ၊ ရင္ဘတ္၊ တစ္ခါတေလ လည္ပင္းနဲ႔ ပခုံးေတြမွာ ေတြ႕ရပါတယ္။ ေပ်ာက္ဖို႔ ၆-၈ ပတ္ေလာက္ ၾကာပါတယ္။

၂။  ေရာင္ရမ္းေနတဲ့ ဝက္ၿခံအမ်ိဳးအစားေတြ
●  နီရဲေနတဲ့ ဝက္ၿခံ၊  နီရဲေရာင္ေနတဲ့ အဖုေသးေသးေလးေတြ - ေမႊးညႇင္းအိတ္ကေလးေတြ ကြဲသြားၿပီး ဘက္တီးရီးယားရယ္၊ cell ေသေတြရယ္က အေရျပားအေပၚလႊာထဲကို ဝင္ေရာက္လာလို႔ ျဖစ္တာပါ။ မ်ားေသာအားျဖင့္ မ်က္ႏွာေပၚမွာ ျဖစ္တတ္ပါတယ္။
●  ျပည္ဖု ဝက္ၿခံအေသးအေပၚမွာ ျပည္ဝတ္ဆံေလးေပၚလာတဲ့ အမ်ိဳးအစား - ဘက္တီးရီးယားေတြကို ခႏၶာကိုယ္က တိုက္ထုတ္တာေၾကာင့္ ျဖစ္လာတာပါ။ မ်က္ႏွာ၊ ေက်ာ၊ ရင္ဘတ္မွာ အျဖစ္မ်ားပါတယ္။
●  ခဲခဲမာမာ ဝက္ၿခံ - မာတယ္၊ ႀကီးတယ္၊ နာက်င္ ေရာင္ရမ္းၿပီး အေရျပားအတြင္းပိုင္းကို ပိုေရာက္ပါတယ္။  ႐ိုး႐ိုးဝက္ၿခံျဖစ္ပုံနဲ႔ တူေပမယ့္ သူက အေရျပားနက္နက္ထဲမွာ ျဖစ္တာပါ။ ျပည္ရွိေပမယ့္ အထဲမွာ ျဖစ္တာမို႔ မျမင္ရတတ္ပါဘူး။ မ်က္ႏွာ၊ ေက်ာ၊ ရင္ဘတ္မွာ အျဖစ္မ်ားပါတယ္။
●  ေရာင္ရမ္းနာက်င္ေနတဲ့ ျပည္ဖုအႀကီး - ဝက္ၿခံ ေပ်ာ့တယ္၊ ႀကီးတယ္၊ ျပည္ေတြ ေသြးေတြနဲ႔ ျပည့္ေနတတ္တယ္။ အမာ႐ြတ္ျဖစ္ဖို႔ မ်ားတယ္။ မ်က္ႏွာ၊ ေက်ာ၊ ရင္ဘတ္နဲ႔  လက္ေမာင္းေတြမွာ ျဖစ္တတ္တယ္။

>>  ဝက္ၿခံကို ဘာလို႔ မညႇစ္သင့္တာလဲ?
ျပည္ေတြ၊ ဘက္တီးရီးယားေတြကို အထဲကို ပိုေရာက္ေအာင္ တြန္းေပးသလို ျဖစ္သြားႏိုင္တာေၾကာင့္ ဝက္ၿခံကို ပိုဆိုးေစတတ္ပါတယ္။

Dr. Htar (www.drmyanmar.com)