/
news/အလှအပနှင့်ကျန်းမာရေး/ဝက်ခြံရှိသူမှာ-ဂရုစိုက်ရမယ့်-အစားအစာ

ဝက်ခြံရှိသူမှာ ဂရုစိုက်ရမယ့် အစားအစာ

Category
အလှအပနှင့်ကျန်းမာရေး

လူတိုင်း ဝက်ခြံပေါက်ဖူးကြမှာပါ။ ဝက်ခြံဟာ အဓိက မျက်နှာ၊ လည်ပင်း၊ ကျောတွေမှာ ပေါက်တတ်ပါတယ်။ အရမ်းဆိုးရွားနေရင်တော့ ဆရာဝန်နဲ့ပြပြီး ပိုးသတ်ဆေးသောက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

>>  ဝက်ခြံ ဘာလို့ပေါက်တာလဲ?
အရေပြားရဲ့ မျက်နှာပြင်မှာ အဆီကျိတ်တွေ အများကြီးရှိပြီး ဒါတွေဟာ အမွှေးအိတ်လေးတွေနဲ့ တွဲနေတတ်ပါတယ်။ အဆီအိတ်လေးတွေက အရေပြားကို မခြောက်သွေ့အောင် အဆီတွေ ထုတ်ပေးပါတယ်။ အဆီထုတ်တဲ့ပမာဏက လိုတာထက် များလာပြီဆိုရင် မွှေးညှင်းပေါက်လေးတွေကို ပိတ်ဆို့လိုက်တာကြောင့် အဖုတွေ ထွက်လာနိုင်ပါတယ်။

Vicee 1

>>  ဘယ်လိုအစားအသောက်တွေ စားသင့်လဲ?
ကစီဓာတ်များတဲ့ အစားအစာတွေဟာ အင်ဆူလင်ပမာဏကို များစေပါတယ်။ ဒါကြောင့် အဆီတွေ များများထွက်လာပြီး ဝက်ခြံပိုထွက်စေပါတယ်။ ဒါ့အပြင် ကစီဓာတ်နည်းတဲ့ အစားအစာတွေဟာ အရေပြားအတွက် ကောင်းတဲ့အဆီကို ပိုများစေလို့ ဝက်ခြံထွက်တာ လျော့နည်းစေပြီး ဝက်ခြံအခြေအနေကိုလည်း သိပ်မဆိုးစေပါဘူး။ ဒါကြောင့် အသီး၊ ဆန်ပြုတ်၊ ပဲ စတဲ့ ကစီဓာတ်နည်းတာတွေကို ဝက်ခြံတွေထွက်နေတဲ့ အချိန်မှာ စားသင့်ပါတယ်။
အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကို စားပေးတာက ကျန်းမာရေးအတွက် အရမ်းအကျိုးရှိတာကို သိပြီးသား ဖြစ်မှာပါ။ လေ့လာချက်တွေအရ အသီးအရွက်များများ စားတဲ့လူဟာ ဆိုးဆိုးရွားရွား ဝက်ခြံထွက်ဖို့ အခွင့်အရေးလည်း နည်းပါတယ်။
ဇင့် ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး အရေပြားအတွက်လည်း လိုအပ်တဲ့ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သုတေသနတွေအရ ဇင့် ဓာတ်နည်းတဲ့ လူတွေဟာ ဝက်ခြံထွက်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝက်ခြံရှိတဲ့လူတွေရော၊ ဝက်ခြံထွက်တာကို ကာကွယ်ချင်တဲ့ လူတွေအတွက် ဇင့် ပါတဲ့ အစားအစာတွေ ( ဥပမာ - အစေ့အဆံတွေ၊ ပဲတွေ)  ကို ပုံမှန်စားသင့်ပါတယ်။
ဒါ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးပြီး ဝက်ခြံအမာရွတ်တွေ၊ အမည်းစက်တွေကို သက်သာလျော့ပါးစေဖို့အတွက် ဗီတာမင် C ပါဝင်တဲ့အစားအသောက်တွေ၊ ဗီတာမင် C ပါဝင်တဲ့ ဆေးဝါး (ဥပမာ - ViCee) တို့လို ဆေးမျိုးတွေကို မှီဝဲလို့ ရပါတယ်။

Vicee 2

>> ဘယ်လိုအစားအစာတွေ ရှောင်ရမလဲ?
●  နို့နဲ့ နို့ထွက်ပစ္စည်းတွေ
လေ့လာချက်တွေအရ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများစားတာဟာ ဝက်ခြံထွက်တာ ပိုဆိုးစေတယ်လို့ ဆိုပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများစားတာဟာ အန်ဒရိုဂျင်ဆိုတဲ့ ဟော်မုန်းကို တက်စေပြီး ဒီဟော်မုန်းဟာ အဆီထုတ်တာကို များစေပါတယ်။ စစ်တမ်းတစ်ခုအရဆို အပတ်တိုင်း ရေခဲမုန့်စားတာဟာ ဝက်ခြံထွက်နှုန်းကို ၄ဆ တက်စေတယ်လို့ ဆိုပါတယ်။

●  အသင့်စား အစားအစာတွေ
ဟမ်ဘာဂါ၊ ကြက်ကြော်စတဲ့ အသင့်စား အစားအစာတွေကို စားတာက ဝက်ခြံတွေ ပိုထွက်စေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဝက်ခြံထွက်လွယ်တဲ့ လူတွေအနေနဲ့ ဒီအစားအစာတွေကို သတိထားပြီး စားသင့်ပါတယ်။

သုတေသနတွေ လုပ်နေပေမယ့်လည်း အစားအသောက်ဟာ ဝက်ခြံနဲ့ သက်ဆိုင်မှု ရှိ၊ မရှိဆိုတာ ခုထိငြင်းခုံနေကြတုန်းပါပဲ။ တချို့လူတွေကလည်း တချို့အစားအစာတွေ စားရင် ဝက်ခြံတွေ ပိုဆိုးလာတာ သတိထားမိတယ်လို့ ပြောကြတာရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ကစီဓာတ်နည်းတာ၊ အဆီနည်းတာတွေ စားတာဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေလည်း အထောက်အကူ ပြုတာမို့ သတိထားပြီး စားတာဟာ အကျိုးမယုတ်ပါဘူး။

Dr. Htar (www.drmyanmar.com)