/
news/အလှအပနှင့်ကျန်းမာရေး/ဝက်ခြံ-ပျောက်ကင်းသက်သာစေသည့်-ရှောင်ကြဉ်ရမည့်နည်းလမ်းကောင်းများ

ဝက်ခြံ ပျောက်ကင်းသက်သာစေသည့် ရှောင်ကြဉ်ရမည့်နည်းလမ်းကောင်းများ

Category
အလှအပနှင့်ကျန်းမာရေး

ဝက်ခြံတွေဟာ ပေါက်နေစဉ်မှာလည်း စိတ်ညစ်ရသလို ပျောက်သွားလို့ အနာရွတ်ကျန်ခဲ့တဲ့အခါမှာလည်း စိတ်ညစ်ရပြန်ပါတယ်။ အနာရွတ်တွေဟာ ဝက်ခြံရောင်ရမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးပါပဲ။ ဒါကြောင့် ဝက်ခြံကြောင့်ဖြစ်ရတဲ့ စိတ်ဒုက္ခတွေ မဖြစ်လာရအောင် အောက်ပါအချက်လေးတွေကို ရှောင်ကြဉ်ပေးကြပါနော်။

(၁)  နေရောင်ကာခရင်မ် မလိမ်းခြင်း
ပြင်းထန်တဲ့နေရောင်ဟာ အသားအရေကို ပျက်စီးစေပြီး ဝက်ခြံဖြစ်ပေါ်ခြင်းကို အားပေးပါတယ်။

(၂)  ဝက်ခြံကို ညှစ်ခြင်း၊ ဖဲ့ခြင်း
အရေပြားပေါ်မှာဖြစ်တဲ့ ဘယ်လိုဒဏ်ရာမျိုးမဆို အနာရွတ်ဖြစ်သွားနိုင်တာကြောင့် ဝက်ခြံကို မညှစ်သင့်၊ မကုတ်ဖဲ့သင့်ပါဘူး။ အဲ့ဒီ့အစား ဝက်ခြံအတွက် ထုတ်တဲ့ဆေးတမျိုးမျိုးးကို တို့ထားနိုင်ပါတယ်။ ဝက်ခြံညှစ်တံကို အသုံးပြုချင်ရင်လည်း မျက်နှာအရေပြားပေါ်မှာ တစ်ရှူးလေးခံပြီးမှ တစ်ရှူးပေါ်ကနေ ညှစ်သင့်ပါတယ်။

(၃)  မျက်နှာသုတ်ပဝါများနှင့် သုတ်ခြင်း
မျက်နှာသုတ်ပဝါများ၊ မျက်နှာတိုက် ဘရပ်ရှ်များနဲ့ ကြေးချွတ်ရာမှာသုံးတဲ့ လက်အိတ်အထူတွေဟာ အရေပြားအတွင်းပိုင်းထိ သန့်စင်ပေးနိုင်သော်လည်း ကြမ်းတမ်းတဲ့အတွက်ကြောင့် အရေပြားကို ထိခိုက်စေနိုင်လို့  နူးညံ့တဲ့တစ်ရှူးသန့်သန့်နဲ့သာ သုတ်သင့်ပါတယ်။

Vicee 1

(၄)  မိတ်ကပ်ထူထူလိမ်းခြင်း
ဝက်ခြံတွေကို ဖုံးကာချင်လို့ မိတ်ကပ်ထူထူလိမ်းခြင်းက ချွေးပေါက်တွေပိတ်စေပြီး ဝက်ခြံတွေကို ပိုဖြစ်ပေါ်စေတတ်လို့ မဖြစ်မနေ လိမ်းရမယ်ဆိုရင်လည်း အဆီပြန် ဝက်ခြံထွက်တတ်တဲ့သူတွေအတွက် ထုတ်ထားတဲ့ အမျိုးအစားကို ပါးပါးပဲလိမ်းပြီး ဖျက်ရင်လည်း မိတ်ကပ်ဖျက်ဆေးနဲ့ သေသေချာချာလေး ပြန်ဖျက်သင့်ပါတယ်။

(၅)  မထူးခြားတဲ့ ဝက်ခြံကုသနည်းကိုသာ ရေရှည်ပြုလုပ်နေခြင်း
ဝက်ခြံတွေ ကာကွယ်ပျောက်ကင်းဖို့ မဖြစ်မနေ ပြုလုပ်ရမယ့်အချက်တွေကို ရေရှည်လိုက်နာနေတဲ့ကြားက ပိုဆိုးလာမယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုအပ်ပါတယ်။
ဒီလို ရှောင်ကြဉ်ရမယ့်အချက်တွေကို လိုက်နာပေးတာအပြင် ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်များကို ပုံမှန်စားသုံးပေးခြင်း၊ ပုံမှန်မစားဖြစ်ပါက ဗီတာမင် C ပါဝင်သော ဆေးဝါးတစ်မျိုးမျိုးကို မှီဝဲပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင် C ဟာ ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့အမည်းစက်တွေကို လျော့ပါးသက်သာစေတဲ့အပြင် အနာကျက်နှုန်းကိုလည်း မြန်စေတာကြောင့် ဖြစ်ပါတယ်။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

Vicee 2

(Zawgyi)

ဝက္ၿခံေတြဟာ ေပါက္ေနစဥ္မွာလည္း စိတ္ညစ္ရသလို ေပ်ာက္သြားလို႔ အနာရြတ္က်န္ခဲ့တဲ့အခါမွာလည္း စိတ္ညစ္ရျပန္ပါတယ္။ အနာရြတ္ေတြဟာ ဝက္ၿခံေရာင္ရမ္းမႈရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးပါပဲ။ ဒါေၾကာင့္ ဝက္ၿခံေၾကာင့္ျဖစ္ရတဲ့ စိတ္ဒုကၡေတြ မျဖစ္လာရေအာင္ ေအာက္ပါအခ်က္ေလးေတြကို ေရွာင္ၾကဥ္ေပးၾကပါေနာ္။

(၁)  ေနေရာင္ကာခရင္မ္ မလိမ္းျခင္း
ျပင္းထန္တဲ့ေနေရာင္ဟာ အသားအေရကို ပ်က္စီးေစၿပီး ဝက္ၿခံျဖစ္ေပၚျခင္းကို အားေပးပါတယ္။

(၂)  ဝက္ၿခံကို ညႇစ္ျခင္း၊ ဖဲ့ျခင္း
အေရျပားေပၚမွာျဖစ္တဲ့ ဘယ္လိုဒဏ္ရာမ်ိဳးမဆို အနာရြတ္ျဖစ္သြားႏိုင္တာေၾကာင့္ ဝက္ၿခံကို မညႇစ္သင့္၊ မကုတ္ဖဲ့သင့္ပါဘူး။ အဲ့ဒီ့အစား ဝက္ၿခံအတြက္ ထုတ္တဲ့ေဆးတမ်ိဳးမ်ိဳးးကို တို႔ထားႏိုင္ပါတယ္။ ဝက္ၿခံညႇစ္တံကို အသုံးျပဳခ်င္ရင္လည္း မ်က္ႏွာအေရျပားေပၚမွာ တစ္ရႉးေလးခံၿပီးမွ တစ္ရႉးေပၚကေန ညႇစ္သင့္ပါတယ္။

(၃)  မ်က္ႏွာသုတ္ပဝါမ်ားႏွင့္ သုတ္ျခင္း
မ်က္ႏွာသုတ္ပဝါမ်ား၊ မ်က္ႏွာတိုက္ ဘရပ္ရွ္မ်ားနဲ႔ ေၾကးခြၽတ္ရာမွာသုံးတဲ့ လက္အိတ္အထူေတြဟာ အေရျပားအတြင္းပိုင္းထိ သန႔္စင္ေပးႏိုင္ေသာ္လည္း ၾကမ္းတမ္းတဲ့အတြက္ေၾကာင့္ အေရျပားကို ထိခိုက္ေစႏိုင္လို႔  ႏူးညံ့တဲ့တစ္ရႉးသန႔္သန႔္နဲ႔သာ သုတ္သင့္ပါတယ္။

(၄)  မိတ္ကပ္ထူထူလိမ္းျခင္း
ဝက္ၿခံေတြကို ဖုံးကာခ်င္လို႔ မိတ္ကပ္ထူထူလိမ္းျခင္းက ေခြၽးေပါက္ေတြပိတ္ေစၿပီး ဝက္ၿခံေတြကို ပိုျဖစ္ေပၚေစတတ္လို႔ မျဖစ္မေန လိမ္းရမယ္ဆိုရင္လည္း အဆီျပန္ ဝက္ၿခံထြက္တတ္တဲ့သူေတြအတြက္ ထုတ္ထားတဲ့ အမ်ိဳးအစားကို ပါးပါးပဲလိမ္းၿပီး ဖ်က္ရင္လည္း မိတ္ကပ္ဖ်က္ေဆးနဲ႔ ေသေသခ်ာခ်ာေလး ျပန္ဖ်က္သင့္ပါတယ္။

(၅)  မထူးျခားတဲ့ ဝက္ၿခံကုသနည္းကိုသာ ေရရွည္ျပဳလုပ္ေနျခင္း
ဝက္ၿခံေတြ ကာကြယ္ေပ်ာက္ကင္းဖို႔ မျဖစ္မေန ျပဳလုပ္ရမယ့္အခ်က္ေတြကို ေရရွည္လိုက္နာေနတဲ့ၾကားက ပိုဆိုးလာမယ္ဆိုရင္ေတာ့ အေရျပားဆရာဝန္နဲ႔ တိုင္ပင္ကုသဖို႔ လိုအပ္ပါတယ္။
ဒီလို ေရွာင္ၾကဥ္ရမယ့္အခ်က္ေတြကို လိုက္နာေပးတာအျပင္ ဗီတာမင္ C ႂကြယ္ဝတဲ့ အစားအေသာက္မ်ားကို ပုံမွန္စားသုံးေပးျခင္း၊ ပုံမွန္မစားျဖစ္ပါက ဗီတာမင္ C ပါဝင္ေသာ ေဆးဝါးတစ္မ်ိဳးမ်ိဳးကို မွီဝဲေပးျခင္းတို႔ကိုလည္း ျပဳလုပ္ေပးသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဗီတာမင္ C ဟာ ဝက္ၿခံျဖစ္ၿပီး က်န္ခဲ့တဲ့အမည္းစက္ေတြကို ေလ်ာ့ပါးသက္သာေစတဲ့အျပင္ အနာက်က္ႏႈန္းကိုလည္း ျမန္ေစတာေၾကာင့္ ျဖစ္ပါတယ္။

ေဒါက္တာေနလြင္ထူး (www.drmyanmar.com)