သကြားနဲ့ ဦးရေပြားယားယံတာကို ဖြေရှင်းမယ်
ဦးရေပြားယားယံခြောက်သွေ့နေပါက ခေါင်းလျှော်ရည်ထဲကို သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၍ လက်ချောင်းထိပ်များဖြင့် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်းတော့ မပွတ်ပါနဲ့။ သကြားဟာ ဆဲလ်သေတွေကို ဖြည်းညင်းစွာဖယ်ရှားပေးရင်းနဲ့ တဖြည်းဖြည်းပျော်ဝင်သွားတာကြောင့် ဘာအစအနမှ မကျန်ခဲ့ပါဘူး။
ဦးရေပြားခြောက်သွေ့၍ အဖတ်တွေကွာရတဲ့အကြောင်းအရင်းတွေကတော့ ဆံကေသာ ထုတ်ကုန်တွေနဲ့ မတည့်ခြင်း၊ အဆီများစုလာခြင်း၊ နှင်းခူ၊ ဆိုရီယေးဆစ်အရေပြားနာတို့ကြောင့်ပဲဖြစ်ပါတယ်။ သကြားနဲ့ ဆဲလ်သေတွေကို ဖယ်ရှားခြင်းကြောင့် ဦးရေပြားဟာ အောက်ဆီဂျင်ပိုမိုရရှိကာ ယားယံတာတွေမဖြစ်တော့ပါဘူး။
ဦးရေပြားကို သကြားဖြင့်ပွတ်တိုက်ခြင်းဟာ ကောင်းကျိုးတွေရှိတယ် ဆိုပေမယ့်လည်း နေ့စဉ်နေ့ တိုင်းပြုလုပ်ဖို့တော့ မလိုပါဘူး။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့် ထိပြုလုပ်နိုင်ပါတယ်။
ဒါပေမယ့် အရေးကြီးဆုံးအချက်ကတော့ ဦးရေပြားမခြောက်သွေ့စေဖို့အတွက် ဆံပင်ဆိုးဆေး စတဲ့ဓာတုပစ္စည်းအပြင်းစားတွေနဲ့ မထိတွေ့မိအောင်ရှောင်ကြဉ်ဖို့ပဲဖြစ်ပါတယ်။ အကယ်၍ အခြေအနေက မထူးခြားဘူးဆိုပါက အရေပြားအထူးကုဆရာဝန်နှင့်တိုင်ပင်၍ အကြောင်းအရင်းကို ရှာဖွေဖို့လိုအပ်ပါတယ်။
Dr. Thinzar Wynn






























