/
news/အလှအပနှင့်ကျန်းမာရေး/သွယ်လျလိုသူများ-မနက်ခင်းနေရောင်ခြည်နဲ့-ထိတွေ့ပေးပါ

သွယ်လျလိုသူများ မနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့ပေးပါ

Category
အလှအပနှင့်ကျန်းမာရေး

        လေ့လာမှုအသစ်တစ်ခုအရ မနက်စောစောအချိန်မှာနေရောင်ခြည်ဖြင့် ထိတွေ့ခြင်းကြောင့် ကိုယ်အလေးချိန်ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ လေ့လာသူများကအသက် 30 အရွယ် လူပေါင်း 54 ယောက်၏ နေရောင် ခြည်ထိတွေ့မှုကို လက်ကောက်၀တ်တွင်ပတ်ဆင်ရသောကိရိယာ ၀တ်ဆင်ပေးထားပြီး 7 ရက်ကြာလေ့လာခဲ့ရာ မနက်ခင်းနေရောင်ခြည်ထိတွေ့မှုရှိသူများဟာ အခြားသောသူများထက် ပိုမိုသွယ်လျနေတာကိုတွေ့ရပါတယ်။

          နေရောင်ခြည်ဖြင့် ထိတွေ့ခြင်းကကိုယ်အလေးချိန်ကိုကျဆင်းစေခြင်းဟာ အချက်နှစ်ချက်ပေါ်မှာ မူတည်နေပါတယ်။ ပထမအချက်ကတော့ စောစောအိပ်ပြီးစောစောထခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီ၀နာရီနှင့်ကိုက်ညီတာကြောင့် အိပ်စက်ချိန်ကိုပုံမှန်ရှိစေပြီး ဇီ၀ရုပ်ဖြစ်ပျက်မှုများကို ပိုမိုမြန်ဆန်စေခြင်းဖြင့် ခန္ဓာကိုယ်ကိုပိုမိုသွယ်လျစေပါတယ်။ ဒုတိယအချက်ကတော့ မနက်ခင်းနေရောင်ခြည်ဟာ နေ့လည်ခင်းနှင့် ညနေရှိနေရောင်ခြည်တို့ထက် အပြာရောင်အလင်းတန်း ပိုမိုပါ၀င်တာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် သွယ်လျလိုသူများအနေဖြင့် မနက်ခင်းနေရောင်ခြည်နှင့် မိနစ် 20 မှ 30 ကြားထိတွေ့ပေးဖို့လိုအပ်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)