သွေးပြန်ကြောထုံးခြင်းမှ ကင်းေ၀းစေရန် နည်းလမ်းများ
Category
အလှအပနှင့်ကျန်းမာရေး
1. ခြေထောက်များကိုမြှောက်ထားပါ။
တစ်နေ့တာလုံးမတ်တပ်ရပ်ထားပါက ခြေထောက်များ အနည်းငယ်ရောင်နေတတ်ပါတယ်။ ထိုသို့ဖြစ်ပွားပါက ခြေထောက်တင်ရန် ခေါင်းအုံးတစ်ခု သီးသန့်၀ယ်ထားပါ။ အိမ်ပြန်ရောက်ပါက ခြေထောက်များကို ခေါင်းအုံးပေါ်တွင် တင်ထားနိုင်ပါတယ်။
2. ရေခဲကပ်ပါ။
ရေခဲကပ်ခြင်းအားဖြင့် -
- သွေးကြောများကျုံ့သွားစေရန် စွမ်းဆောင်နိုင်ပါတယ်။
- ဖောင်းနေသောသွေးကြောများရှိပါက သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။
3. အရောင်ကျဆေး သောက်ပါ။
အကိုက်အခဲပျောက် အရောင်လျော့ဆေးများသည် ခြေထောက်ရောင်ခြင်းများကိုသက်သာစေနိုင်သော်လည်း ဆရာ၀န်နှင့် ဦးစွာတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
4. သွေးပြန်ကြောထုံးခြင်းအတွက် သီးသန့်ပြုလုပ်ထားသော ခြေအိတ်ကို သုံးပါ။
၎င်းခြေအိတ်များကို ဆေးဝါးအရောင်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါတယ်။ ဒီခြေအိတ်တွေက
- အရေပြားတင်းရင်းစေရန် အကူအညီပေးနိုင်ပါတယ်။
- သွေးပြန်ကြောများကိုပြင်ပမှ အထောက်အပံ့ပေးခြင်းဖြင့် နှလုံးသွေးစီးဆင်းမှုကို ပိုမိုလွယ်ကူစေပါတယ်။
5. လေ့ကျင့်ခန်းပြုလုပ်ပါ။
သွေးကြောထုံးသူများတွင် သွေးများစုပုံ၍ သွေးစီးဆင်းမှုမကောင်းပါ။ ဒါ့ကြောင့် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။






























