/
news/အလှအပနှင့်ကျန်းမာရေး/အကြောပြတ်ရာတွေ-သက်သာစေမယ့်-နည်းလမ်းများ

အကြောပြတ်ရာတွေ သက်သာစေမယ့် နည်းလမ်းများ

Category
အလှအပနှင့်ကျန်းမာရေး

၉၀% သော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အကြောပြတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မှ မဟုတ်ပါဘူး။ ဘယ်အသက်အရွယ်မဆို၊ ဘယ်လိုအသားအရေမှာမဆို အကြောပြတ်နိုင်ပါတယ်။

>> အကြောပြတ်ရာတွေ ဘယ်လိုဖြစ်လာတာလဲ?
အရေပြားမှာရှိတဲ့ တွယ်ဆက်တစ်သျှူးတွေ ဆွဲဆန့်ခံရတာကြောင့် အကြောပြတ်ရာတွေ ဖြစ်လာတာပါ။ ဒီတွယ်ဆက်တစ်သျှူးလေးတွေဟာ အရမ်းမြန်မြန်ကြီး ဆွဲဆန့်ခံလိုက်ရရင် သူ့မှာရှိတဲ့ ကော်လဂျင်အမျှင်တွေ ပျက်စီးသွားပြီးတော့ အောက်ဘက်က သွေးကြောသေးသေးလေးတွေ ပေါ်လာပါတယ်။ ဒါကို အကြောပြတ်တယ်လို့ ခေါ်တာပါ။

စဖြစ်ဖြစ်ချင်းတော့ အကြောပြတ်ရာတွေဟာ အနီရောင်၊ ခရမ်းရောင်ရှိပြီး အချိန်ကြာလာတဲ့အခါ အဖြူရောင်အဖြစ်ကို တဖြည်းဖြည်း ပြောင်းသွားပါတယ်။

Bio Oil Updated IA 1

>> ဘယ်လိုလူတွေမှာ အကြောပြတ်ရာတွေ ဖြစ်နိုင်သလဲ?
●  ကိုယ်ဝန်ဆောင်တွေ
●  စတီးရွိုက်ဆေးသုံးစွဲနေရသူတွေ
●  အချို့သော ဟော်မုန်းရောဂါရှိသူတွေ
●  ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးနေသူတွေ (ဥပမာ - အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်)
●  ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်နေသူတွေ (ဥပမာ - ကိုယ်အလေးချိန်တက်ချိန်၊ ကျချိန်) စတဲ့သူတွေမှာ အကြောပြတ်နိုင်ချေ ပိုပြီးများတာကို တွေ့ရပါတယ်။

>> အကြောပြတ်ရာတွေကို သက်သာပျောက်ကင်းအောင် ဘယ်လိုကုသရမလဲ?
အကြောပြတ်ရာဆိုတာဟာ ဖြစ်ပြီဆိုတာနဲ့ လုံးဝအရှင်းပျောက်အောင် ပြုလုပ်လို့မရပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး မှေးမှိန်သွားအောင်တော့ လုပ်ပေးလို့ရပါတယ်။ Plastic surgery တွေ၊ လေဆာကုထုံးတွေနဲ့ ကုသလို့ရသလို အကြောပြတ်ရာတွေကို သက်သာစေတဲ့ ခရင်မ်၊ အဆီ၊ လိမ်းဆေးတွေလည်း လိမ်းပေးလို့ရပါတယ်။

Cocoa butter, Olive oil နဲ့ almond oil တို့က အကြောပြတ်ရာတွေကို သက်သာစေတယ်လို့ ပြောကြပါတယ်။ သဘာဝအဆီအနှစ်တွေကနေ ထုတ်လုပ်ထားတဲ့ Bio-oil လို အသားအရေထိန်းသိမ်းဆီတွေ သုံးစွဲပေးရင်လည်း အကြောပြတ်ရာတွေကို မှေးမှိန်သက်သာစေမှာပါ။

Bio Oil Updated IA 2

>> အကြောပြတ်ရာတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?

၁။ နေရောင်ခြည်နဲ့ အချိန်ကြာကြာ တိုက်ရိုက်မထိတွေ့ပါစေနဲ့။
နေရောင်ခြည်ဟာ ကော်လဂျင်အမျှင်တွေကို ပျက်စီးစေလို့ အကြောပြတ်ရာတွေ ဖြစ်စေသလို၊ ရှိပြီးသား အကြောပြတ်ရာတွေကိုလည်း ပိုမိုသိသာစေပါတယ်။ ဒါကြောင့် နေရောင်ထဲသွားမယ်ဆိုရင် နေရောင်ကာလိမ်းဆေး (sunscreen) လိမ်းပေးဖို့ မမေ့ကြပါနဲ့။

၂။ အရေပြားကို ရေဓာတ်ဖြည့်ပေးပါ။
အရေပြားကို ရေဓာတ်ဖြည့်ပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ Moisturizer သုံးတာပါ။ ရေချိုးပြီးလို့ အသားအရေမခြောက်ခင်မှာ moisturizer လိမ်းပေးရင် အရေပြားထဲ ကောင်းကောင်းစိမ့်ဝင်ပြီးတော့ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။

၃။ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။
ရေများများသောက်ပါ။ အာဟာရစုံလင်စွာ စားသောက်ပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

၄။ ကိုယ်အလေးချိန် အတက်အကျ ရုတ်တရက်မဖြစ်အောင် ဂရုစိုက်ပါ။
အထူးသဖြင့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်လေးပဲ ကိုယ်အလေးချိန်တက်အောင် ထိန်းသိမ်းပေးပါ။ ကလေးမွေးပြီးရင်လည်း နဂိုအလေးချိန်ကို ပြန်ရောက်ချင်ဇောနဲ့ အလျင်စလို ဝိတ်မချမိဖို့ လိုအပ်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)