အချိန်တိုအတွင်း ၀ိတ်အမြန်ချခြင်းက ကျန်းမာရေးအပေါ်ထိခိုက်မှုရှိ
Slow and Study Wins the race ဆိုတဲ့ စကားအတိုင်း ဖြေးဖြေးနှင့်မှန်မှန်ပြုလုပ်ခြင်း က အောင်မြင်မှုကို ရရှိစေပါတယ်။ ၀ိတ်လျော့တဲ့နေရာမှာလည်း ဒီလိုပါပဲ။
ကျန်းမာသောခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ရန် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအသောက်ဖြင့် ထိန်းချုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ သို့သော် လူအများစုသည် မြန်မြန်၀ိတ်ကျလိုသဖြင့် လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း၊ ကယ်လိုရီနည်းပါးသောအစားအစာများကိုသာ ရွေးချယ်စားသုံးခြင်း တို့ကို ပြုလုပ်လာကြပါတယ်။
အချိန်တိုအတွင်းအလေးချိန်ကျသွားခြင်းသည် သာမန်အားဖြင့် ကောင်းသလိုလိုရှိသော်လည်း တပတ်လျှင် 1 ပေါင်ထက်ပိုပြီး၀ိတ်ချပါက ဘေးထွက်ဆိုးကျိုးများပြီး ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း ကိုယ်အလေးချိန် မြန်မြန်ကျအောင်ပြုလုပ်ပါက ကြုံတွေ့ရနိုင်တဲ့နောက်ဆက်တွဲ ဆိုးကျိုးများကို ဖော်ပြလိုက်ပါတယ်။
Starvation Response
Starvation Response ဆိုတာဟာ ခန္ဒာကိုယ်တွင်း၌ Leptin ဟုခေါ်တဲ့ ဟော်မုန်းပမာဏ ကျသွားသောအခါ ဖြစ်ပေါ်လာသော ခန္ဓာကိုယ်မှတုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ leptin ဟော်မုန်းသည် ခန္ဓာကိုယ်တွင်းရှိ အဆီပမာဏနှင့်တိုက်ရိုက်အချိုးကျပြီး အစာစားချင်စိတ်ကို ထိန်းချုပ်ပေးကာ အဆီများလောင် ကျွမ်းမှုကို အားပေးပါတယ်။ မြန်မြန်၀ိတ်ကျတာနှင့်တပြိုင်နက်တည်းမှာ အဆီဆုံးရှုံးမှုများပြားတာကြောင့် leptin ဟော်မုန်းပမာဏလည်း ထိုးကျသွားပါတယ်။ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်၏ ဇီ၀ရုပ်ဖြစ်ပျက်မှု များ နှေးကွေးသွားခြင်း၊ ပိုမိုဆာလောင်ခြင်းနှင့် ကြွက်သားများဆုံးရှုံးခြင်းတို့ ဖြစ်လာတာကြောင့် ဆုံးရှုံးသွားသော အဆီများသာမက အဆီပိုများကိုပါရရှိစေပြီး ပြန်၀လာနိုင်ပါတယ်။
ကျန်းမာရေးထိခိုက်မှုများ
Dr. Htet Htet Aung






























