အဆီပြင်ခဲတွေ လျော့အောင်ဘယ်လိုလုပ်မလဲ
Cellulite လို့ခေါ်တဲ့ အဆီပြင်ခဲတွေဟာ အမျိုးသမီးတွေအတွက်တော့ ရန်သူပါပဲ။ အရေပြားပေါ်မှာ သိသိသာသာ ဖုထစ်နေတဲ့အတွက် စကပ်အတိုလေးတွေ၊ ဘောင်းဘီအတိုလေးတွေ၀တ်ရင် ကြည့်ရ ရုပ်ဆိုးစေပါတယ်။ ဒါ့ကြောင့် ဒီအဆီပြင်ခဲတွေကို တနည်းနည်းနဲ့တော့ လျော့ပါးအောင်လုပ်ဖို့ လိုပါတယ်။ နည်းအမျိုးမျိုးရှိတဲ့ထဲကမှ ကော်ဖီမှုန့်ကို အသုံးပြုပြီး ကြေးချွတ်သန့်စင်ခြင်း (body scrub) ကလည်း ထိရောက်တဲ့နည်းတစ်ခု ဖြစ်ပါတယ်။
ကော်ဖီမှုန့် body scrub ဟာ အရေပြားရှိ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကောင်းစေ ပါတယ်။ ဒီလိုကြေးချွတ်သန့်စင်တဲ့အခါမှာ အသားအရေကို နူးညံ့ချောမွေ့စေပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးနိုင် ဖို့ အုန်းဆီ (သို့) သံလွင်ဆီကိုပါ ထည့်ပေးပါ။
ပါ၀င်ပစ္စည်း
- ကော်ဖီမှုန့် လက်ဖက်ရည် ပန်းကန်လုံးတစ်လုံး
- အုန်းဆီ (သို့) သံလွင်ဆီလက်ဖက်ရည်ဇွန်း 6 ဇွန်း
- သကြားအညို (သို့) အဖြူ လက်ဖက်ရည်ပန်းကန်လုံး တစ်၀က်ခန့်
ပြုလုပ်နည်း
(1) ပါ၀င်ပစ္စည်းသုံးမျိုးကို ရောမွှေပါ။
(2) တစ်ကိုယ်ရည်သန့်စင်ပြီးနောက် ရေအစိုဓာတ်ရှိနေချိန်မှာ အဆီပြင်ခဲတွေ (cellulite ) ရှိတဲ့ နေရာကို နှိပ်နယ်ပေးပါ။ မိနစ် 20-30 ကြာပြီးနောက် ရေဖြင့်ဆေးကြောပေးပါ။
CMS






























