/
news/အလှအပနှင့်ကျန်းမာရေး/အဆီပြန်တတ်သူတွေ-အသားအရေကို-ဘယ်လိုထိန်းသိမ်းကြမလဲ

အဆီပြန်တတ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ

Category
အလှအပနှင့်ကျန်းမာရေး

အဆီဂလင်းကနေ အဆီထုတ်လုပ်မှုများတဲ့အခါ အသားအရေဟာ အဆီတွေနဲ့ ပြောင်နေပြီး ချွေးပေါက်ကျယ်ကာ ဆားဝက်ခြံတွေ ရှိတဲ့အပြင် တချို့သူတွေမှာ ဝက်ခြံထွက်လွယ်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဒီလိုအသားအရေကို အဆီပြန်တဲ့အသားအရေ (Oily Skin) လို့ ခေါ်တာပါ။

အဆီပြန်စေတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခုပြောပြပေးမယ့် အသားအရေ ထိန်းသိမ်းနည်းလမ်းတွေကိုသာ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ကျန်းမာကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Bio Oil Updated IA 1

>>  ဘာကြောင့် အဆီပြန်ရတာလဲ?

မျိုးရိုးဗီဇ၊ ရာသီဥတု၊ စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲ အစရှိတဲ့ အကြောင်းရင်းများစွာကြောင့် အဆီပြန်နိုင်ပါတယ်။

မကြာခဏ မျက်နှာသစ်ရင်၊ ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုမရှိတဲ့ ဓာတုပစ္စည်းပါဝင်မှုများတဲ့ မျက်နှာသစ်ကို သုံးစွဲမိရင် အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားပစ်လိုက်ပြီး သဘာဝအရေပြားအကာအကွယ် (natural skin barrier) ကို ပျက်စီးစေပါတယ်။ Skin barrier ပျက်စီးတဲ့အခါ အဆီထုတ်တာပိုများလာလို့ အဆီပြန်လာရတာပါ။

ဒါ့အပြင် အသားအရေကို ရေဓာတ်မဖြည့်ပေးရင်လည်း အဆီပြန်တတ်ပါတယ်။ အပြင်ကနေ ရေဓာတ်မဖြည့်ပေးတဲ့အခါ အရေပြားက သူ့ဘာသာသူ အစိုဓာတ်ထိန်းဖို့အတွက် အဆီကို ပိုထုတ်လေ့ရှိပါတယ်။

Bio Oil Updated IA 2

>>  အဆီမပြန်အောင် အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ?

●  မျက်နှာသစ်သုံးတဲ့အခါ အပျော့စား non-comedogenic မျက်နှာသစ်ကိုပဲ ရွေးချယ်သုံးစွဲပေးပါ။ ဝက်ခြံထွက်လွယ်ရင်တော့ Benzyl peroxide ပါတဲ့ မျက်နှာသစ်တွေကို သုံးပေးသင့်ပါတယ်။

●  နေ့ဘက်ရော ညဘက်မှာပါ Moisturizer သုံးပေးပါ။ နေ့ဘက်မှာ SPF ပါဝင်တာတွေ သုံးပေးပြီး ညဘက်မှာတော့ lightweight ဖြစ်တဲ့ ပေါ့ပေါ့ပါးပါးဟာလေးတွေ သုံးပေးပါ။

●  Skin barrier ကို အားကောင်းစေတဲ့ အသားအရေထိန်းသိမ်းပစ္စည်းတွေ သုံးပေးပါ။ သဘာဝအဆီအနှစ်ကနေ ထုတ်လုပ်ထားတဲ့ Bio-Oil သဘာဝအသားအရေထိန်းသိမ်းမှုအဆီကို အသုံးပြုပေးလို့လည်း ရပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)