/
news/အလှအပနှင့်ကျန်းမာရေး/အဆီပြန်တတ်သူများ-လှတစ်မျက်နှာဖြစ်စေဖို့-0

အဆီပြန်တတ်သူများ လှတစ်မျက်နှာဖြစ်စေဖို့

Category
အလှအပနှင့်ကျန်းမာရေး

          အဆီပြန်​တတ်​သူ​တွေမှာ အဆီထုတ်​ဂလငး်​​တွေဟာ အဆီ​တွေ အလွန်​အကျွံ ထုတ်​​နေတဲ့အတွက်​ မျက်​နှာမှာ အဆီတစ်​ဝင်​းဝင်​း ဖြစ်​ရတဲ့အပြင်​ ဝက်​ခြံ၊ ဆားဝက်​ခြံ၊ ​ချွေး​ေ​ပေါက်​ကျယ်​ခြင်​းနဲ့ ​ချွေး​ပေါက်​ပိတ်​ခြင်းများ ဖြစ်​တတ်​ပါတယ်​။ အဆီအလွန်​​ပြန်​တတ်​သူ​တွေမှာ လေထုညစ်​ညမ်​းမှုနဲ့ အမှုန်​အမှိုက်​​တွေက အဆီဖု​တွေကို ဖြစ်​​စေနိုင်​ပါတယ်​။ ဒီလို အဆီပြန်​ခြင်​းနဲ့ အ​ရေပြားပြဿနာများကို ကာကွယ်​နိုင်​ဖို့ ​အောက်​ပါ နည်​းလမ်​း​ကောင်​းများကို လိုက်​နာ​လုပ်​​ဆောင်​ကြည်​့လိုက်​ပါ။

 

    အဆီပြန်​ခြင်​းဟာ အ​ရေပြားပြဿ   နာများကို ဖြစ်​​စေနိုင်​တယ်​ဆို​ပေမယ်​့ ​ကောင်​းကွက်​များ ရှိပါ​သေးတယ်​။ အဆီ​တွေဟာ အ​ရေပြား​အ​ပေါ်ယံအလွှာကို အစိုဓာတ်​ထိန်​း​ပေးတဲ့အတွက်​ အ​ရေး​ကြောင်​းဖြစ်​ခြင်​းနဲ့ ဇရာလက္ခဏာများကို ​လျော့နည်​း​စေနိုင်​ပါတယ်​။

အဆီပြန်​သူများအတွက်​ နည်​းလမ်​း​ကောင်းများ

 

၁။ မျက်​နှာ​သေချာ​ဆေး​ကြောပါ။

     အဆီပြန်​ခြင်းကို ​လျော့နည်​း​စေဖို့ နည်​းလမ်​း​ကောင်​းတစ်​ခု​က​တော့ ​မျက်​နှာကို ​သေချာ​ဆေး​ကြောသန်​့စင်​ပေးတာပဲ ဖြစ်​ပါတယ်​။ မျက်​နှာမှာ စုပုံလာတဲ့ အဆီ​တွေ၊ အမှုန်​အမှိုက်​​တွေ​ကြောင်​့ ​ချွေး​ပေါက်​​တွေ မပိတ်​ရ​လေ​အောင်​ တစ်​​နေ့ကို နှစ်​ကြိမ်​မှ သုံးကြိမ်​ခန်​​့ မျက်​နှာ​ဆေး​ကြောသင်​့ပါတယ်​။ ဂျယ်​လ်​ သို့မဟုတ်​ အမြှုပ်​ထတဲ့ မျက်​နှာသစ်​​ဆေးမျိုးကို အသုံးပြုသင်​့ပါတယ်​။ ဒါ​ပေမယ်​့ ကြမ်းကြမ်​းတမ်​းတမ်​း ပွတ်​​ဆေးတာမျိုးကို ​ရှောင်​ကြဉ်​သင်​့ပါတယ်​။ ဒီလို ​ဆေးခြင်​းက မျက်​နှာအစိုဓာတ်​ကို ဆုံးရှုံး​စေပြီး အဆီ​တွေကို ပိုမိုထုတ်​လုပ်​​စေနိုင်​ပါတယ်​။ Salicylic acid, လက်​ဖက်​ရွက်​ဆီ၊ နံနွင်​းနဲ့ ပျားရည်​ပါဝင်​တဲ့ မျက်​နှာသစ်​​ဆေးများကို ​ရွေးချယ်​အသုံးပြုသင်​့ပါတယ်​။

 

၂။ မျက်​နှာကို ​ချေးချွတ်​သန်​့စင်​ scrub လုပ်​​ပေးပါ။

     ​နောက်​ထပ်​အသုံးဝင်​အ​ရေးပါတဲ့ နည်​း​ကောင်​းတစ်​ခုက​တော့ တစ်​ပတ်​မှာ တစ်ကြိမ်​ အများဆုံး နှစ်​ကြိမ်​ ပုံမှန်​​ချေးချွတ်​​ပေးပါ။ ပိုလျံ​နေတဲ့အဆီ​တွေဟာ အ​ရေပြား​အ​ပေါ်ယံလွှာမှာ  ကလာဒ်​စည်​းဆဲလ်​အ​သေ​တွေကို စုပုံလာ​စေနိုင်​တဲ့အတွက်​ ဝက်​ခြံ၊ အဆီဖုနဲ့ ဆားဝက်​ခြံ​တွေကို ဖြစ်​​စေနိုင်​ပါတယ်​။ ဒီလို စုပုံလာတဲ့ အဆီ​တွေနဲ့ ​သေ​နေတဲ့ဆဲလ်​​တွေ အမှုန်​အမှိုက်​​တွေကို ဖယ်​ရှား​ပေးပြီး ဆဲလ်​အလွှာအသစ်​​တွေ ဖွဲ့စည်​းနိုင်​ဖို့အတွက်​ ပုံမှန်​​ချေးချွတ်​သန်​့စင်​ scrub လုပ်​​ပေးသင်​့ပါတယ်​။ ထပ်​မှာချင်​တာက​တော့ ကြမ်​းကြမ်​းတမ်​းတမ်​းပွတ်​တိုက်​စရာမလိုပဲ ညင်​ညင်​သာသာဖြင်​့ အ​ပေါ်ယံလွှာကို ဖယ်​ရှား​ပေးသင်​့ပါတယ်​။

၃။ တစ်​ပတ်​တစ်​ခါ မျက်​နှာ​ပေါင်​းတင်​ပါ။

    ​ချေးချွတ်​သန်​့စင်​ပြီးတဲ့အခါ မျက်​နှာ​ကို ​ပေါင်​းတင်​​ပေးသင်​့ပါတယ်​။ ဒီအဆင်​့ဟာလည်​း အဆီပြန်​တတ်​သူ​တွေအတွက်​ အ​​ရေးပါပါတယ်​။Bentoniteနဲ့ kaolin သဘာဝရွ့ှံ​စေး၊ စန္ဒကူးနဲ့ ​မြေ​စေးတစ်​မျိုး ဟာ အဆီကို စုပ်​ယူ​ပေးနိုင်​တဲ့အတွက်​ အဆီပြန်​အသားအရည်အတွက်​ အထူး​ကောင်​းမွန်​ပါတယ်​။

 

၄။ အရက်​မပါတဲ့ တိုနာကို ​နေ့စဉ်​အသုံးပြု​ပေးပါ။

     ​​နေ့စဉ်​ပုံမှန်​ တိုနာလိမ်​း​ပေးခြင်​းက ပိုလျံ​နေတဲ့အဆီ​တွေကို နည်​း​စေနိုင်​တဲ့အပြင်​ မျက်​နှာ​ပေါ်မှ အညစ်​အ​ကြေး​တွေကိုလည်း သန်​့စင်​​ပေးပါတယ်​။ နှင်​းဆီရည်​တိုနာဟာ အ​ရေပြားအတွက်​ ​ကောင်​းမွန်​​ပြီး ​ဈေးသိပ်​မကြီးတဲ့ တိုနာအမျိုးအစား​တွေကလည်​း အဆီကို သိသိသာသာ ထိန်​း​ပေးနိုင်​တာကို ​တွေ့ရပါတယ်​။

 

၅။ အစိုထိန်​းခရင်​မ်​​တွေကိုလည်​း မ​မေ့ပါနဲ့။

     အဆီပြန်​တတ်​တဲ့အသားအရည်​ဟာလည်​း အစိုဓာတ်​ရှိဖို့ လိုအပ်​ပါတယ်​။ မျက်​နှာက အစိုဓာတ်​​တွေကို ကုန်​စင်​သွား​အောင်​ ဖယ်​ရှား​ခြင်​းက အဆီထုတ်​ဂလင်​း​တွေကို အဆီပိုထုတ်​​စေနိုင်​ပြီး အဆီပြန်​ခြင်​းကို ပိုဆိုး​စေနိုင်​ပါတယ်​။ ​ရေဓာတ်​များပြီး့ အဆီမပါတဲ့ အစိုဓာတ်​ထိန်​းခရင်​မ်​မျိုးကို ​ရွေးချယ်​အသုံးပြုသင်​့ပါတယ်​။

 

၆။ ​နေ​ရောင်​ကာခရင်​မ်​​တွေအမြဲလိမ်​း​ပေးပါ။

     အဆီပြန်​မှာဆိုးတဲ့အတွက်​ အမျိုးသမီး​တော်​​တော်​များများဟာ ​နေ​ရောင်​ကာခရင်​မ်​ကို မလိမ်​းပဲ ​နေတတ်​ကြပါတယ်​။ ဒီလိုမလိမ်​းတဲ့အတွက် ​နေ​ရောင်​နဲ့ ထိ​တွေ့တဲ့အခါ​ မျက်​နှာမှာ မှဲ့​ခြောက်​၊ အမည်​းစက်​​တွေ ဖြစ်​လာတတ်​ပါတယ်​။ ဒါ​ကြောင်​့ အဆီပြန်​ အသားအရည်​အတွက်​ သင်​့​တော်​မယ်​့ ​နေ​ရောင်​ကာခရင်​မ်​ကို ​ရွေးချယ်​အသုံးပြုသင်​့ပါတယ်​။ အသင်​့စားအစားအစာများနဲ့ အချိုများတာ​တွေကို ​ရှောင်​ပြီး ​ခန္ဓာကိုယ်​အဆိပ်​အ​တောက်​​တွေကို စွန်​့နိုင်​ဖို့ ​ရေများများ​သောက်​သင်​့ပါတယ်​။ အသီးအရွက်​ များများစား​ပေးပါ။ ဒီလိုနည်​းလမ်​း​ကောင်​း​တွေကို ပုံမှန်​လိုက်​နာ​ဆောင်​ရွက်​ခြင်​းက မျက်​နှာပြင်​​ပေါ်က အဆီ​တွေကို ​လျော့နည်​း​စေနိုင်​ပြီး စို​ပြေဝင်​းပတဲ့ အသားအရည်​​လေးကို ပိုင်​ဆိုင်​​စေမှာပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)