အဆီပြန်သော အသားအရေကို ထိန်းသိမ်းနည်း ၁၀ ချက်
အဆီပြန်တတ်တဲ့ အသားအရေဟာ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တတ်ပေမယ့် အရေပြားကို ထူစေပြီး အရေးအကြောင်းတွေ လျော့နည်းစေတဲ့ အားသာချက်တွေလည်း ရှိပါတယ်။ အဓိကကတော့ အဆီအရမ်းမပြန်အောင်ထိန်းပြီး သဘာဝအတိုင်း အစိုဓာတ်ရရှိအောင် ထိန်းသိမ်းပေးဖို့ပါပဲ။
၁။ မနက်၊ ညနဲ့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ မျက်နှာကို ညင်သာစွာသစ်ပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်းက သင့်အရေပြားကို အထိခိုက်မခံနိုင် ဖြစ်သွားစေတတ်ပါတယ်။
၂။ အလှကုန်ပစ္စည်းဝယ်တဲ့အခါ အဆီပြန်သော ဝက်ခြံထွက်လွယ်သော အသားအရေအတွက် ထုတ်ထားတဲ့ ပစ္စည်းများကိုသာ သုံးပါ။ (Oil free / Non-comedogenic ဟု ပါရှိသော)
၃။ အဆီပါသော အယ်လ်ကိုဟောပါသော အလှကုန်များကို ရှောင်ပါ။
၄။ အနုစား၊ အပျော့စား ဆပ်ပြာများကိုသာ သုံးပါ။ ဓာတုပစ္စည်းများလေ အသားအရေ ထိခိုက်လွယ်လေ ဖြစ်ပါတယ်။
၅။ နေရောင်ကာကွယ်နိုင်သော Moisturizer များ သုံးပါ။ အဆီပြန်အသားအရေမှာလည်း ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။
၆။ အဆီနဲ့ အနံ့ မပါသော နေရောင်ကာလိမ်းဆေး (Sunscreen) သုံးပါ။ Zinc oxide နဲ့ Titanium dioxide တို့ပါဝင်သော လိမ်းဆေးများကို သုံးပါ။
၇။ ရေဓာတ်ကို အခြေခံသော အဆီမပါသော မိတ်ကပ်ကို သုံးပါ။
၈။ ဆီစုပ်စက္ကူသုံးတဲ့အခါ မျက်နှာကို မပွတ်လိုက်ဘဲ အဆီတွေကို စုပ်ယူသွားအောင် ညင်သာစွာ ဖိရုံပဲဖိပါ။
၉။ ညအိပ်ခါနီးတိုင်း မိတ်ကပ်ကို ဖျက်ပါ။
၁၀။ မျက်နှာကို လက်နဲ့ ခဏ ခဏ မကိုင်မိပါစေနဲ့။ လက်မှာ အဆီ၊ ဖုန်နဲ့ ပိုးမွှားတွေ ရှိနေတတ်တာကြောင့် ဝက်ခြံကို ဖြစ်လွယ်စေပါတယ်။ ဒါကြောင့် မျက်နှာကို ကိုင်ခါနီးတိုင်း လက်ဆေးပါ။
ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)