အမာရွတ်တွေကြောင့် ယုံကြည်မှုပျောက်နေရင်
အလှအပမြတ်နိုးသူများကို ခြိမ်းခြောက်သောအရာများတွင် အမာရွတ်တွေလည်း ထိပ်ဆုံးကပါဝင်ပါတယ်။ အမာရွတ်ဆိုရာတွင် ထိခိုက်ရှနာ ခြင်ကိုက်အမာရွတ်များကနေစပြီး ခွဲစိတ်အမာရွတ်၊ မီးလောင်အမာရွတ်တို့လည်း ပါဝင်ပါတယ်နော်။ ဒါ့ပြင် မတ်မတ်တို့ညီမလေးတို့အကြောက်ဆုံးထဲမှာ ဝက်ခြံအမာရွတ်တွေလည်း ပါသေးတယ်မဟုတ်လား။
အမာရွတ်တွေကို သက်သာချင်ရင် အမာရွတ်ရဲ့အတိမ်အနက်ကိုသိရှိဖို့လိုအပ်တယ်လို့ အရေပြားဆရာဝန်တွေက အဆိုပြုပါတယ်။
>> ဘာကြောင့်အမာရွတ်ဖြစ်ရသလဲ
ကျွန်မတို့အရေပြားမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အရေပြားအပေါ်ယံအလွာအောက်က ကော်လဂျင်တွေ ပျက်စီးသွားပါတယ်။ ဒီလိုပျက်စီးမှုကို အရေပြားကနေ အဆင့်ဆင့် ပြန်လည်ပြုပြင်ရပါတယ်။
အမာရွတ်အမျိူးအစားများစွာ ရှိပြီး ဒီလိုပြုပြင်မှုများပြုလုပ်နေတဲ့အချိန်မှာ အမာရွတ်အတွင်းရှိ ကော်လဂျင်တွေပိုထူလာပြီးနောက် အမာရွတ်မျက်နှာပြင် မြင့်တက်လာတာမျိူးကို Hypertrophic scarလို့ခေါ်ပြီး အမာရွတ်အနားသတ်ကိုပါကျော်လွန်ပြီး မြင့်တက်လာပါက Keloid scarလို့ခေါ်တွင်ပါတယ်။
Bio-Oil 1

ဝက်ခြံအမာရွတ်တွေကတော့ အရေပြားအောက်ချိူင့်ဝင်နေတတ်ပြီး အရောင်မည်းမည်းများဖြစ်ပေါ်တတ်ပါတယ်။
အပူလောင်ခြင်းနဲ့မီးလောင်ခြင်းကြောင့် အပေါ်ယံအရေပြားသာ ထိခိုက်ပါက အမာရွတ်မကျန်တတ်ပေမယ့် အရေပြားအောက်ဖက်ထိ ထိခိုက်ပါက အမာရွတ်ကျန်တတ်ပါတယ်။
>> ဘယ်အချိန်မှာ အမာရွတ်တွေပျောက်အောင် ကြိုးစားနိုင်ပြီလဲ
မျက်နှာပြင်နီရဲနေသော အမာရွတ်တွေဟာ အနာကျက်ဖို့ အစပျိူးနေဆဲကာလသာရှိပါသေးတယ်။ ထိုကာလမျိူးမှာ အမာရွတ်ကို သန့်ရှင်းအောင်ထားသင့်ပြီး အပေါ်ကနေ Bio-Oil ကို လိမ်းပေးနိုင်ပါတယ်။
အမာရွတ်ပျောက်လိုသူများအနေနဲ့ နေရောင်ထိတွေ့ခြင်းကိုရှောင်ရှားဖို့ လိုပါလိမ့်မယ်။ နေရောင်ကြောင့်အမာရွတ်ကို ပိုမိုဆိုးရွားစေနိုင်လို့ဖြစ်ပါတယ်။ အမာရွတ်ကိုသွားမဆွဖို့ကလည်း အရေးကြီးပါတယ်။
တကယ်လို့ သင့်မျက်နှာပေါ်မှာ ရုပ်ဆိုးတဲ့အမာရွတ်ရှိလို့ ပျောက်ချင်တယ်ဆိုပါက အရေပြားဆရာဝန်နဲ့ နည်းလမ်းကျစွာတိုင်ပင်ပြီးမှ ပြုလုပ်သင့်တယ်ဆိုတာကိုလည်း အကြံပေးတင်ပြလိုက်ပါတယ်။
လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)
Bio-Oil 2

အလွအပျမတ္နိုးသူမ်ားကို ၿခိမ္းေျခာက္ေသာအရာမ်ားတြင္ အမာရြတ္ေတြလည္း ထိ္ပ္ဆံုးကပါ၀င္ပါတယ္။ အမာရြတ္ဆိုရာတြင္ ထိခိုက္ရွနာ ျခင္ကိုက္အမာရြတ္မ်ားကေနစၿပီး ခြဲစိတ္အမာရြတ္၊ မီးေလာင္အမာရြတ္တို႔လည္း ပါ၀င္ပါတယ္ေနာ္။ ဒါ့ျပင္ မတ္မတ္တို႔ညီမေလးတို႔အေၾကာက္ဆံုးထဲမွာ ၀က္ၿခံအမာရြတ္ေတြလည္း ပါေသးတယ္မဟုတ္လား။
အမာရြတ္ေတြကို သက္သာခ်င္ရင္ အမာရြတ္ရဲ့အတိ္မ္အနက္ကုိသိရွိဖို႔လိုအပ္တယ္လို႔ အေရျပားဆရာ၀န္ေတြက အဆိုျပဳပါတယ္။
>> ဘာေၾကာင့္အမာရြတ္ျဖစ္ရသလဲ
ကြ်န္မတို႔အေရျပားမွာ ထိခိုုက္ဒဏ္ရာရတဲ့အခါ အေရျပားအေပၚယံအလြာေအာက္က ေကာ္လဂ်င္ေတြ ပ်က္စီးသြားပါတယ္။ ဒီလိုပ်က္စီးမႈကို အေရျပားကေန အဆင့္ဆင့္ ျပန္လည္ျပဳျပင္ရပါတယ္။
အမာရြတ္အမ်ိဴးအစားမ်ားစြာ ရွိၿပီး ဒီလိုျပဳျပင္မႈမ်ားျပဳလုပ္ေနတဲ့အခ်ိန္မွာ အမာရြတ္အတြင္းရွိ ေကာ္လဂ်င္ေတြပိုထူလာၿပီးေနာက္ အမာရြတ္မ်က္နွာျပင္ ျမင့္တက္လာတာမိ်ဴးကို Hypertrophic scarလို႔ေခၚၿပီး အမာရြတ္အနားသတ္ကိုပါေက်ာ္လြန္ၿပီး ျမင့္တက္လာပါက Keloid scarလို႔ေခၚတြင္ပါတယ္။
၀က္ၿခံအမာရြတ္ေတြကေတာ့ အေရျပားေအာက္ခ်ိဴင့္၀င္ေနတတ္ၿပီး အေရာင္မည္းမည္းမ်ားျဖစ္ေပၚတတ္ပါတယ္။
အပူေလာင္ျခင္းနဲ႔မီးေလာင္ျခင္းေၾကာင့္ အေပၚယံအေရျပားသာ ထိခိုက္ပါက အမာရြတ္မက်န္တတ္ေပမယ့္ အေရျပားေအာက္ဖက္ထိ ထိခိုက္ပါက အမာရြတ္က်န္တတ္ပါတယ္။
>> ဘယ္အခ်ိန္မွာ အမာရြတ္ေတြေပ်ာက္ေအာင္ ႀကိဳးစားနိုင္ၿပီလဲ
မ်က္နွာျပင္နီရဲေနေသာ အမာရြတ္ေတြဟာ အနာက်က္ဖို႔ အစပ်ိဴးေနဆဲကာလသာရွိပါေသးတယ္။ ထိုကာလမ်ိဴးမွာ အမာရြတ္ကို သန္႔ရွင္းေအာင္ထားသင့္ၿပီး အေပၚကေန Bio-Oil ကို လိမ္းေပးနိုင္ပါတယ္။
အမာရြတ္ေပ်ာက္လိုသူမ်ားအေနနဲ႔ ေနေရာင္ထိေတြ႔ျခင္းကိုေရွာင္ရွားဖို႔ လိုပါလိမ့္မယ္။ ေနေရာင္ေၾကာင့္အမာရြတ္ကို ပိုမုိဆိုးရြားေစနုိင္လို႔ျဖစ္ပါတယ္။ အမာရြတ္ကိုသြားမဆြဖို႔ကလည္း အေရးႀကီးပါတယ္။
တကယ္လို႔ သင့္မ်က္နွာေပၚမွာ ရုပ္ဆိုးတဲ့အမာရြတ္ရွိလို႔ ေပ်ာက္ခ်င္တယ္ဆိုပါက အေရျပားဆရာ၀န္နဲ႔ နည္းလမ္းက်စြာတိုင္ပင္ၿပီးမွ ျပဳလုပ္သင့္တယ္ဆိုတာကိုလည္း အႀကံေပးတင္ျပလိုက္ပါတယ္။
ေလေျပနုေသြး(ေဆး၂) (www.drmyanmar.com)






























