/
news/အလှအပနှင့်ကျန်းမာရေး/အမြဲလှပနေစေရန်-လိုက်နာသင့်သောအချက်၉ချက်

အမြဲလှပနေစေရန် လိုက်နာသင့်သောအချက်(၉)ချက်

Category
အလှအပနှင့်ကျန်းမာရေး

        အပြင်ထွက်တဲ့အခါမှာဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် အမြဲကြည့်ကောင်းနေစေဖို့ အလှအပနဲ့ပတ်သက်ပြီး အရေးပါတဲ့ အခြေခံအချက်တွေကို ေ၀မျှလိုက်ပါတယ်။

၁။ ဖောင်ဒေးရှင်းမိတ်ကပ်

          မိတ်ကပ်ထူထူလိမ်းတာကြောင့် ချေွးပေါက်များကိုပိတ်ဆို့နိုင်စေသလို မျက်နှာကိုလည်းညစ်စေပါတယ်။ ဒါ့အပြင် အဖုအပိန့်တွေ၊ ဆား၀က်ခြံတွေနဲ့ တခြားပြဿနာတွေလည်းဖြစ်စေနိုင်ပါတယ်။ မျက်၀န်းတစ်၀ိုက် မိတ်ကပ်အလိမ်းများရင် လည်း အရေးအကြောင်းတွေမြန်မြန်ဖြစ်စေပါတယ်။ ဒါကြောင့် မိတ်ကပ်ပါးပါးပဲလိမ်းသင့်ပါတယ်။ ဖြစ်နိုင်လျှင် တစ်ပတ်မှာ ၁ - ၂ ရက် လောက် မိတ်ကပ်မလိမ်းဘဲနေပေးပါ။

၂။ ကွန်ဆဲလ်လာ (Concealer)

          အမဲစက်တွေ၊ အရေးအကြောင်းတွေ၊ တင်းတိပ်တွေကို ဖုံးကွယ်ပေးဖို့ ကွန်ဆဲလ်လာ (Concealer) ကို အသုံး ပြုကြပါတယ်။ ကွန်ဆဲလ်လာက မိတ်ကပ်အထူစားဖြစ်တာကြောင့် တစ်နေရာရာမှာပုံနေရင် ကြည့်ရ ဆိုးစေပါတယ်။ ဒါ့ကြောင့် ကွန်ဆဲလ်လာလိမ်းရင် အပြစ်အနာအဆာပျောက်ရုံ ပါးပါးလေးသာလိမ်းပေးသင့်ပါတယ်။

၃။ အလွန်အကျွံပြင်ဆင်ခြင်း

          တောက်ပသော ပြင်ဆင်မှုသည် လူကိုကြည့်ကောင်းစေနိုင်သော်လည်း အလွန်အကျွံပြင်ဆင်ထားပါက လိုက်ဖက်မှုမရှိတော့ပါဘူး။ ဥပမာ မျက်လုံးဆိုးဆေးပန်းရောင် တောက်တောက်နှင့် နှုတ်ခမ်းနီ အရောင်တောက်တောက်တို့ တွဲဖက်ပြင်ဆင်ခြင်းကိုရှောင်ကြဉ်ပါ။

၄။ အလှကုန်များပြောင်းသုံးပါ

          Shampoo တံဆိပ်တစ်မျိုးတည်းကို ရေရှည်စွဲသုံးတာမျိုးမလုပ်ဘဲ ပြောင်းပြောင်းပြီးသုံးပါက ဆံကေသာကိုပိုပြီး လန်းဆန်းတောက်ပစေတယ်လို့ဆိုပါတယ်။ အခြားအလှကုန်တွေဖြစ်တဲ့ မိတ်ကပ်တွေ၊ အရေပြားထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ပြောင်းလဲသုံးပေးသင့်ပါတယ်။

၅။ အိပ်ယာ၀င်ခါနီး မိတ်ကပ်ဖျက်ပါ

          မျက်နှာပေါ်ကလိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကိုမဖျက်ဘဲနဲ့ အိပ်ယာလုံး၀မ၀င်ပါနဲ့။ မိတ်ကပ်တွေက ချေွးပေါက် တွေကိုပိတ်စေနိုင်သလို ၀က်ခြံနှင့်အခြားသောပြဿ    နာများကို ဖြစ်စေနိုင်ပါတယ်။ ညအိပ်ယာ၀င်ချိန်မှာ မျက်နှာကို မိတ်ကပ်ဖျက်ဆေးကိုသုံးပြီးသေချာစွာသန့်စင်ပါ။

၆။ မိတ်ကပ်မ၀ယ်ခင် အရင်စမ်းပါ။

        ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အရောင်ဖြစ်ဖို့က အရေးကြီးပါတယ်။ မိတ်ကပ်အရောင် တအားနုနေရင် မျက်နှာတစ်ခုတည်း ကွက်ဖြူ နေပါလိမ့်မယ်။ မိတ်ကပ်အရောင်ရင့်သွားရင်လည်း အသားညိုမည်းသွားတယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် အဆီပြန်တတ်တဲ့ အသားအရေ၊ ပုံမှန် အသားအရေနှင့် ခြောက်သွေ့တဲ့ အသားအရေပေါ်မူတည်ပြီး မိတ်ကပ်အမျိုးအစားလည်းကွဲပြားပါတယ်။ ဒါ့ကြောင့် မိတ်ကပ်၀ယ်မယ်ဆိုရင် သေချာသင်တန်းပေးထားတဲ့ အရောင်း၀န်ထမ်းရဲ့ အကြံဉာဏ်ကို ယူသင့်ရုံသာမက မိမိလက်ခုံပေါ်တွင်လည်း စမ်းလိမ်းကြည့်သင့်ပါတယ်။

၇။ နေရောင်ကာခရင်မ်လိမ်းပါ

          နေရောင်ခြည်ကြောင့် အရေပြားညိုမည်းသွားရုံသာမကတင်းတိပ်၊ မှဲ့ခြောက်နဲ့ ပါးရေတွန့်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးနေရောင်ကိုရှောင်ပါ။ မဖြစ်မနေ နေရောင်ထဲသွားရမယ်ဆိုရင်တော့ အမျိုးအစားကောင်း SPF 30 လောက်ရှိတဲ့ နေကာ ခရင်မ်လိမ်းပေးပါ။ နေကာခရင်မ်ကိုအပြင်မထွက်ခင် မိနစ် ၂၀ လောက် ကြိုလိမ်းပေးဖို့ လိုအပ်ပါတယ်။

၈။ ကြေး(ဂျီး)ချွတ်ပါ၊ ရွှံ့စေးဖြင့်ပေါင်းတင်ပါ

          တစ်လမှာ ၂ ကြိမ်လောက်ပုံမှန် ကြေး(ဂျီး)ချွတ်ပေးတာကြောင့် သွေးလည်ပတ်မှု ကို ကောင်းမွန်စေပြီး နုပျိုစေပါတယ်။ ရွှံ့စေးဖြင့်ပြုလုပ်ထားတဲ့ မျက်နှာပေါင်းတင်လွှာကလည်း ချေွးပေါက်များကို ကျဉ်းစေပြီး အရေပြားပေါ်ရှိ အဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် တစ်လမှာ ၂ ကြိမ်လောက် ပုံမှန်အသုံးပြုသင့်ပါတယ်။

 ၉။ အာဟာရပြည့်၀တဲ့အစားအစာများကိုစားသုံးပါ

          ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာရေးကောင်းမွန်မှသာလျှင် စစ်မှန်တဲ့ကျန်းမာလှပခြင်းလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် ရေ ၂ လီတာသောက်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစားအစာများကိုရွေးချယ်စားသုံးပါ။

Htet

www.drmyanmar.com