/
news/အလှအပနှင့်ကျန်းမာရေး/အလှအပရေးရာအတွက်-တန်ဖိုးရှိတဲ့-မီးဖိုချောင်သုံးပစ္စည်းများ

အလှအပရေးရာအတွက် တန်ဖိုးရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းများ

Category
အလှအပနှင့်ကျန်းမာရေး

1. ချင်း (ဂျင်း)

      ချင်းမှာ အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရည်ညစ်ခြင်း၊ အရေးအကြောင်းများဖြစ်ခြင်း စတဲ့အိုမင်းရင့်ရော်တဲ့လက္ခဏာတွေကို တိုက်ထုတ်နိုင်ပါတယ်။ ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက်ဆိုရင် ချင်းမှာပါဝင်တဲ့ ပိုးသတ်နိုင်တဲ့အစွမ်းကြောင့် ဦးရေပြားပိုးဝင်ခြင်းနဲ့ ဗောက်ထခြင်းများကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

 

2. နနွင်း

      အသုံးများဆုံးအိမ်သုံးဆေးဝါးတစ်မျိုးဖြစ်တဲ့ နနွင်းမှာဆိုရင် ကျန်းမာရေးနဲ့ အလှအပအတွက် အကျိုးကျေးဇူး များစွာ ရှိပါတယ်။ မျက်နှာအသားအရည်များကို ညီညာစေတဲ့အပြင် အမဲစက်တွေကိုလည်းသက်သာစေပါတယ်။ နနွင်းအနည်းငယ်နဲ့ သခွားရည် (သို့) သံပရာရည်အရောကို မျက်နှာမှာလိမ်းပြီး 15 မိနစ်ခန့်ထားပါ။ ပြီးလျှင် မျက်နှာသစ်ချပါ။ ခန္ဓာကိုယ်အတွက် နနွင်း၊ ဂျုံတို့ကို ရေနဲ့ရောပြီး ရေမချိုးမှီ ခန္ဓာကိုယ်အနှံ့ပွတ် တိုက်ပေးနိုင်ပါတယ်။ ပုံမှန်ပြုလုပ်ပေးရင် တောက်ပတဲ့အသားအရည်ကို ပိုင်ဆိုင်လာပါလိမ့်မယ်။

 

3. သစ်ကြံပိုးခေါက်

      သစ်ကြံပ်ိုးခေါက်က သွေးကြောတွေကို လှု့ံဆော်ပေးခြင်းဖြင့် အရေပြားသွေးစီးဆင်းမှုကိုကောင်း မွန်စေပါတယ်။ သစ်ကြံပိုးခေါက်အဆီ 3 စက်ကို သံလွင်ဆီ စားပွဲတင်ဇွန်း 2 ဇွန်းနဲ့ရောပြီး မျက်နှာမှာလိမ်းနိုင်ပါတယ်။ အရေးအကြောင်းတွေကို ပျောက်ကင်းစေပါတယ်။

 

4. နွယ်ချို

      နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့အမဲကွက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။ နွယ်ချိုမြစ်ကို ရေနဲ့သွေးပြီး မျက်နှာမှာလိမ်းပေးခြင်းဖြင့် အသားအရည်ကို တောက်ပစေနိုင်ပါတယ်။ နွယ်ချိုပါတဲ့ မျက်နှာလိမ်းဆေးတွေကို ရွေးချယ်ဝယ်ယူပါ။

 

5. ဇာတိပ္ဖိုလ်သီး

      ဝက်ခြံ၊ နှင်းခူတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့အကျိုးကျေးဇူးရှိပါတယ်။

 

6. ကြက်သွန်ဖြူမှုန့်

       Amino acids ကြွယ်ဝပြီးတော့ ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ဦးရေပြားနဲ့ ဆံသားကို လိမ်းပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံပင်ပေါက်ခြင်းကိုအားပေးပါတယ်။ ကြက်သွန်ဖြူမှုန့်နဲ့ အုန်းဆီ (သို့) သံလွင်ဆီအရောကို ဦးရေပြားနဲ့ ဆံသားအရင်းတွေမှာလိမ်းပေးပါ။ နာရီဝက်ခန့် ထားပြီး ခေါင်းလျှော်နိုင်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com