အလှအပအတွက် အကျိုးထူးတဲ့ဒိန်ချဉ်
ဒိန်ချဉ်သောက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလိုပဲ မျက်နှာမှာ လိမ်းပေးခြင်းဖြင့်လည်း အောက်ပါအကျိုးထူးများ ရရှိနိုင်ပါတယ်။
● အစိုဓာတ် ထိန်းပေးခြင်း
● အသားခြောက်ခြင်းကို ကာကွယ်ခြင်း
● ရေဓာတ် ဖြည့်ပေးနိုင်ခြင်း
● အသားအရေ ကြည်လင်စေနိုင်ခြင်း
● ဆဲလ်သေများကို ရှင်းလင်းပေးနိုင်ခြင်း
● မျက်နှာ အပြစ်အနာအဆာများ ကင်းဝေးပြီး လှတစ်မျက်နှာ ဖြစ်စေနိုင်ခြင်း
● မျက်ကွင်းညိုခြင်းကို သက်သာစေခြင်း
● အရွယ်မတိုင်မီ အိုမင်းခြင်းကို ကာကွယ်ပေးခြင်း
● မှိုပိုးကို သက်သာစေနိုင်ခြင်း
Dr. Mya Phoo Ngon (www.drmyanmar.com)






























