အသက် (၂၅) နှစ်နောက်ပိုင်းမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ
အသက် (၂၅) နှစ်ကျော်လာတဲ့အခါ အသားအရေဟာ ခြောက်သွေ့တာ၊ အရေးကြောင်းဖြစ်တာ၊ အမည်းစက်ဖြစ်တာနဲ့ ချွေးပေါက်ကျယ်တာလိုမျိုး အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်တွေ စတင်ဖြစ်လာတာကြောင့် အဲ့ဒီအချိန်မှာ အသားအရေကို သေချာလေး ဂရုစိုက်ပေးသင့်ပါတယ်။
ဒါကြောင့် မိမိတို့အနေနဲ့ အသက် (၂၅) နှစ်ကျော်ပြီဆိုရင် အခုပြောပြပေးမယ့် နည်းလမ်းတွေအတိုင်း အသားအရေထိန်းသိမ်းကြဖို့ မမေ့ပါနဲ့နော်။
● ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ မျက်နှာသစ်ဆပ်ပြာကို အသုံးပြုပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။
● မျက်နှာသစ်ပြီးတိုင်းမှာ တိုနာလိမ်းပါ။ တိုနာလိမ်းပေးတဲ့အခါ ချွေးပေါက်ကျဉ်းစေပြီး အသားအရေကို တင်းရင်းစေပါတယ်။ ဒါ့အပြင် မျက်နှာသစ်ပေမယ့် ကျန်နေနိုင်သေးတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
● ပြီးရင်တော့ အစိုဓာတ်ထိန်းခရင်မ် (moisturizer) ကို မျက်နှာအပြင် လည်ပင်းကိုပါ လိမ်းပေးပါ။
Bio Oil Updated IA 1

● တစ်ပတ်ကိုတစ်ကြိမ် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။
● နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် အနည်းဆုံး SPF 15 ပါတဲ့ နေရောင်ကာလိမ်းဆေး အသုံးပြုပါ။ အပြင်သွားတိုင်း ထီး၊ ဦးထုပ် ဆောင်းပါ။
● မျက်နှာကို ညှင်သာစွာ နှိပ်နယ်ပေးတာဟာ ပြန်ရေကြောစီးဆင်းမှုကို ကောင်းစေလို့ မျက်နှာအမ်းတာတွေကို သက်သာစေပါတယ်။
● တစ်ပတ်ကိုတစ်ကြိမ် mask ကပ်ပါ။
Bio Oil Updated IA 2

● ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်စီ၊ Alpha hydroxyl acid နဲ့ Retinol လိုမျိုး အိုမင်းခြင်းကို ဆန့်ကျင်တဲ့ပစ္စည်းတွေ ပါဝင်တဲ့ အလှကုန်တွေကို အသုံးပြုပါ။ သဘာဝအဆီအနှစ်တွေကနေ ထုတ်လုပ်ထားတဲ့ Bio-Oil လိုမျိုး အသားအရေထိန်းသိမ်းပစ္စည်းတွေကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမရှိအောင် တားဆီးပေးနိုင်ပါတယ်။
● အာဟာရ စုံလင်စွာ စားသောက်ပါ။ တစ်နေ့ကို ရေဖန်ခွက် ၆ ခွက်မှ ၈ ခွက်အထိ သောက်ပေးပါ။
အသက် (၂၅) နှစ်နောက်ပိုင်းမှာ အခုပြောပြပေးသွားတဲ့ နည်းလမ်းတွေကို တစ်စိုက်မတ်မတ် ကျင့်သုံးသွားမယ်ဆိုရင်တော့ ကိုယ့်အသားအရေလေးဟာ နူးညံ့ကြည်လင်ပြီး အရွယ်တင်နုပျိုနေမှာ အသေအချာပါပဲနော်။
Dr. Aye Hsu Mon (www.drmyanmar.com)