/
news/အလှအပနှင့်ကျန်းမာရေး/အသားအရေအမျိုးမျိုးအတွက်-ပြုပြင်ထိန်းသိမ်းနည်းများ

အသားအရေအမျိုးမျိုးအတွက် ပြုပြင်ထိန်းသိမ်းနည်းများ

Category
အလှအပနှင့်ကျန်းမာရေး

          မှန်ကန်တဲ့အသားအရေ ထိန်းသိမ်းနည်းကို သုံးနိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ မိမိအသားအရေက ဘာအမျိုးအစားလဲဆိုတာကိုသေချာသိဖို့ လိုပါတယ်။

          အသားအရေအမျိုးအစားကို လွှမ်းမိုးတဲ့အချက်တွေ အများကြီး ရှိပါတယ်။ ဒါတွေကတော့ -

●        ဟော်မုန်းအပြောင်းအလဲ (ကိုယ်ဝန်ဆောင်၊ သွေးဆုံးပြီးချိန်၊ ရာသီလာချိန်)

●        ကျန်းမာရေးပြဿနာများ (ဝက်ခြံ၊ သိုင်းရွိုက်ရောဂါများ၊ psoriasis)

●        မျိုးရိုးဗီဇဆိုင်ရာအချက်များ (အဆီပြန်တတ်သောအသား၊ အသားခြောက်သူများ၊ ဝက်ခြံထွက်လွယ်သူများ၊ ထိရှလွယ်သော  အသားအရေ)

●        ဆေးလိပ်သောက်ခြင်း

●        ဆေးဝါးများ

 

>>    ပြင်ပအချက်များ

●        ရာသီဥတု (အေးသော၊ ပူနွေးသော၊ စိုထိုင်းသော၊ ခြောက်သွေ့သော)

●        ပုံမှန်လုပ်လေ့ရှိသော အသားအရေ ထိန်းသိမ်းနည်းများ (အစိုဓာတ် များလွန်းခြင်း၊ scrub လုပ်လွန်းခြင်း၊ အသားအရေကို ထိခိုက်စေသော (သို့) ခြောက်သွေ့စေသော အလှကုန်များ သုံးစွဲခြင်း)

●        နေရောင်နှင့် ထိတွေ့မှု

 

>>    အဓိကအသားအရေအမျိုးအစား (၅) မျိုး ရှိပါတယ်။

1.      ပုံမှန်အသားအရေ

●        နူးညံ့ပျော့ပြောင်းပြီး အသားအရေက တစ်ပြေးညီတည်း ဖြစ်နေပါတယ်။ အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်းတွေကို မခံစားရပါဘူး။ အသားအရေက ပြောင်ပြောင်လေးနဲ့ ကြည့်ကောင်းနေပြီး အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်း မရှိပါဘူး။

Bio-Oil 1

2.      ခြောက်သွေ့သောအသားအရေ

●        အသားအရေက ပါးလွှာပါတယ်။ အစိုဓာတ်မရှိဘဲ တင်းသလို ခံစားရပြီး မျက်လုံးနဲ့ ပါးစပ်ဝန်းကျင်မှာ အရေးအကြောင်း အနည်းငယ် ရှိတတ်ပါတယ်။

●        မျက်နှာသစ်ပြီးရင် ပိုပြီးခြောက်သွေ့တာကို ခံစားရပြီး မျက်လုံးတစ်ဝိုက်မှာ အဖြူရောင်ခေါင်းလေးတွေ ရှိတတ်ပါတယ်။

●        ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေက အိုမင်းရင့်ရော်တဲ့လက္ခဏာတွေကို ပိုပြီးမြန်မြန်ပြလေ့ရှိတဲ့အတွက် အသားအရေကို သေချာဂရုစိုက်ထိန်းသိမ်းဖို့ လိုပါတယ်။

 

3.      အဆီပြန်သောအသားအရေ

●        အသားအရေထူပြီး ညက်ညောမှု မရှိပါဘူး။ အဆီပြန်နေတတ်ပါတယ်။

●        ချွေးပေါက်တွေက ကြီးပြီး မြင်သာပါတယ်။ ဝက်ခြံ၊ ဆားဝက်ခြံတွေ ထွက်တတ်ပါတယ်။

●        မျက်နှာသစ်ပြီး နာရီအနည်းငယ်အတွင်းမှာ အဆီတွေ ပြန်ထွက်လေ့ရှိပြီး မိတ်ကပ်တွေကို မြန်မြန်စုပ်ယူနိုင်ပါတယ်။

 

4.      ပေါင်းစပ်အသားအရေ

●        ပေါင်းစပ်အသားအရေ ဆိုတာကတော့ မျက်နှာရဲ့ T zone လို့ခေါ်တဲ့ နဖူးပြင်၊ နှာခေါင်းနဲ့ မေးစေ့တွေမှာ အဆီပြန်နေပြီး ကျန်တဲ့မျက်နှာပိုင်းတွေက ခြောက်သွေ့နေတတ်ပါတယ်။

●        T zone နေရာကို ကျန်တဲ့နေရာတွေနဲ့မတူဘဲ သပ်သပ်နေ့စဉ်ထိန်းသိမ်းမှုတွေ လုပ်ပေးဖို့ လိုပါတယ်။

 

5.      ပြဿနာများသောအသားအရေ

●        အမြဲလိုလို အဆီပြန်နေတတ်ပြီး ကြမ်းရှတဲ့အသားအရေရှိကာ ဝက်ခြံလည်း အဖြစ်များပါတယ်။

●        ချွေးပေါက်တွေကြီးပြီး မြင်သာကာ၊ ဝက်ခြံ၊ အနီစက်၊ ဖုတွေရှိပြီး စိတ်ဖိစီးမှုရှိရင် အသားအရေက ပိုဆိုးလာပါတယ်။

●        ဒီလိုအသားအရေ ရှိသူတွေအနေနဲ့ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Bio-Oil 2

(Unicode)








Dr. Mya Myo Myo Swe (www.drmyanmar.com)