/
news/အလှအပနှင့်ကျန်းမာရေး/အသားအရေ-ခြောက်သွေ့တာကို-သက်သာစေမယ့်နည်းလမ်းများ

အသားအရေ ခြောက်သွေ့တာကို သက်သာစေမယ့်နည်းလမ်းများ

Category
အလှအပနှင့်ကျန်းမာရေး

အခုဆိုရင် ဆောင်းတွင်းဝင်လာပြီဖြစ်လို့ အသားပတ်၊ အသားခြောက်တာတွေကို အနည်းနဲ့အများဆိုသလို ကြုံလာကြရမှာပါ။ ခြောက်သွေ့တဲ့အသားအရေဟာ အလှအပကို မှေးမှိန်စေလို့ စိတ်ညစ်နေကြပြီလား။ နေထိုင်ပြုမှုပုံလေးတွေကို ပြောင်းလဲလိုက်တာနဲ့တင် သက်သာနိုင်ပါတယ်။ ဖော်ပြထားတဲ့အချက်တွေကိုသာ သေချာလေး လိုက်နာပေးမယ်ဆိုရင် တစ်ဆောင်းတွင်းလုံး အသားအရေလေးဟာ အစိုဓာတ်ပြည့်ဝနေပြီးတော့ ကျန်းမာလာမှာ အမှန်ပါပဲနော်။

၁။  အသားအရေကို အစိုဓာတ်ဖြည့်ပေးပါ။
အစိုဓာတ်ဖြည့်ပေးဖို့အတွက် အကောင်းဆုံးကတော့ အသားအရေ ထိန်းသိမ်းရေးအဆီတွေ သုံးတာပါပဲ။ အသားအရေ ထိန်းသိမ်းတဲ့အဆီတွေကို ကြိုက်တဲ့အချိန်တိုင်း သုံးလို့ရပေမယ့် အရေးကြီးဆုံးကတော့ ရေချိုးပြီးတိုင်းမှာ သုံးပေးဖို့ မမေ့ကြပါနဲ့။ သဘာဝကုန်ကြမ်းတွေကနေ ထုတ်လုပ်ထားတဲ့ Bio-oil လိုမျိုး အသားအရေထိန်းသိမ်းဆီ သုံးပေးရင် ပိုကောင်းပါတယ်နော်။

Bio Oil Updated IA 1

၂။  ရေချိုးချိန် မကြာပါနဲ့။
အချိန်အကြာကြီး ရေပူနဲ့ ရေချိုးတာဟာ အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် ရေချိုးတဲ့အခါ ရေနွေးနွေးလေးနဲ့ ၅-၁၀ မိနစ်လောက်ပဲ ချိုးပေးပါ။

၃။  ဆပ်ပြာကို သေချာရွေးချယ်ပါ။
အသားအရေခြောက်တဲ့သူတွေဟာ အပျော့စားဆပ်ပြာတွေကိုပဲ ရွေးချယ်သင့်သလို Moisturizer ပါဝင်တဲ့ ဆပ်ပြာတွေ သုံးစွဲရင်တော့ ပိုကောင်းပါတယ်။ ကြမ်းပြီး အသားအရေခြောက်သွေ့စေတဲ့ ချွေးနံပျောက်ဆပ်ပြာ၊ အယ်လ်ကိုဟောပါဝင်တဲ့ ဆပ်ပြာမျိုးကို ရှောင်ပေးသင့်ပါတယ်။

Bio Oil Updated IA 2

၄။  လေထုအစိုထိန်းစက်သုံးပါ။
အခန်းထဲ၊ အိမ်ထဲက လေထုက ပူပြီးခြောက်သွေ့တဲ့အခါ အသားအရေ ခြောက်သွေ့လာပြီးတော့ အသားအရေ ယားယံတာ၊ အရေပြားလန်တာတွေတောင် ဖြစ်တတ်လို့ အိမ်ထဲမှာ လေထုအစိုထိန်းစက် ထားပေးပါ။ စက်ကို သန့်သန့်ရှင်းရှင်းထားဖို့လည်း မမေ့ကြပါနဲ့နော်။

၅။  အရေပြားမထိခိုက်စေမယ့် အဝတ်အစားကိုပဲ ဝတ်ဆင်ပါ။
သိုးမွှေးထည်တွေဟာ သဘာဝပစ္စည်းဆိုပေမယ့် ပုံမှန်အရေပြားကိုတောင် ထိခိုက်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် ပေါ့ပေါ့ပါးပါးရှိတဲ့ ချည်ထည်လေးတွေပဲ ဝတ်ဆင်ပေးပါ။ အဝတ်လျှော်ရင်လည်း ဆိုးဆေးတွေ၊ အမွှေးနံ့သာတွေ မပါတဲ့ အဝတ်လျှော်ဆပ်ပြာကိုပဲ ရွေးချယ်အသုံးပြုပေးပါ။

အသားအရေခြောက်သွေ့တာဟာ များသောအားဖြင့်တော့ ဒီလိုမျိုး နေထိုင်ပြုမှုပုံတွေကို ပြောင်းလဲလိုက်တာနဲ့တင် သက်သာတတ်ပါတယ်။ ဒါပေမဲ့ အသားခြောက်တဲ့အပြင် နီရဲပြီး ယားယံတာ၊ အသားအက်ကွဲတာတွေ ရှိလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)