/
news/အလှအပနှင့်ကျန်းမာရေး/eyeliner-တစ်နေကုန်-ကြာရှည်ခံစေဖို့

Eyeliner တစ်နေကုန် ကြာရှည်ခံစေဖို့

Category
အလှအပနှင့်ကျန်းမာရေး

        ဆိုးထားတဲ့ Eyeliner များခဏခဏစီးကျနေလို့ စိတ်ညစ်နေသူတွေအတွက် Eyeliner များ တစ်နေ့လုံး ကြာရှည်ခံပြီး လှပစေနေမယ့်နည်းများကို ဖော်ပြလိုက်ပါတယ်။

 

1. အမျိုးအစားကို သေချာစွာရွေး၀ယ်ပါ။

         အရည်အသွေးကောင်းတဲ့ Eyeliner အမျိုးစားကိုသာ သေချာရွေး၀ယ်ပါ။

 

2. ကွန်ဆဲလ်လာအသုံးပြုပါ။ 

        Eyeliner မဆိုးခင် ကွန်ဆဲလ်လာကို အောက်ခံအဖြစ် လိမ်းပေးမယ်ဆိုပါက Eyeliner ဆိုးထားခြင်းကို တစ်နေ့လုံးမပျက်စေပါဘူး။

 

3. ပေါင်ဒါမှုန့်တို့ပေးပါ။

        မျက်လုံးမှာမိတ်ကပ်လိမ်းပြီးပါက မျက်လုံးပေါ်မှာ မျက်နှာလိမ်းပေါင်ဒါမှုန့်အနည်းငယ်ကို ဘရပ်ရှ်ဖြင့် အသာအယာတို့ပေးပါ။ မျက်နှာလိမ်းပေါင်ဒါမှုန့်က မိတ်ကပ်ကိုအသားကျစေပြီး Eyeliner များ ယိုစီးမှုကိုလည်း တားဆီးပေးပါတယ်။

 

4. နှုတ်ခမ်းနီဆိုးသလိုဆိုးပေးပါ။

        နောက်တစ်နည်းကတော့ နှုတ်ခမ်းနီဆိုးသလို Eyeliner ကိုလည်း အထပ်ထပ်ဆိုးပေးပါ။

 

5. ရေစွတ်ထားသောဘရပ်ရှ်သုံးပါ။

        Eyeliner အရောင်နဲ့ Eye Shadow အရောင်ကို တစ်ရောင်တည်းသုံးပါ။ Eyeliner ဆွဲပြီးချိန်မှာ အလွန်သေးငယ်တဲ့ ဘရပ်ရှ်နဲ့ Eyeshadow ကို အပေါ်မှထပ်ပြီး ဆွဲပေးပါ။ ပိုပြီးကြာရှည်ခံချင်တယ် ဆိုရင်တော့ ဘရပ်ရှ်ကိုရေစွတ်ပြီးမှသုံးစွဲပါ။

 

6. တစ်ရှူးအစားအဆီစုပ်စက္ကူသုံးပါ။

        မျက်လုံးတစ်၀ိုက်မှာရှိတဲ့ အဆီတွေကလည်း Eyeliner များစီးကျရတဲ့ အကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။ တစ်ရှူးကိုသုံးမယ့်အစား အဆီစုပ်စက္ကူနဲ့အဆီများကို ဖယ်ရှားပေးမယ်ဆိုရင် မိတ်ကပ်သားလည်း ကြာရှည်ခံပြီး Eyeliner များလည်း မစီးကျနိုင်တော့ပါဘူး။

        Eyeliner ကိုကိုယ့်ရဲ့အသားအရေအမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်ပါ။ အဆီများတဲ့ အသားအရေပိုင်ရှင်များကတော့ ခဲသားကဲ့သို့သော Eyeliner များကိုရွေးချယ်သင့်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)