/
node/10067

မိုးတွင်းကို ကျန်းကျန်းမာမာနဲ့ အကောင်းဆုံးဖြတ်သန်းဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ့်ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မယ်ဆိုရင် တချို့တွေက သူများထက်ကို ထူးထူးခြားခြား ပိုဖျားနာတတ်ကြတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်များလဲ တွေးမိကြပါသလား။ ခုခံအားစနစ်ကြောင့်ပေါ့။ လူတစ်ယောက်နဲ့တစ်ယောက် ခုခံအားမတူညီကြပါဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးလေးတွေမှာဆိုရင် ခုခံအားစနစ်က ပိုအားနည်းတာမို့ မကြာမကြာ ဖျားနာတတ်ကြပါတယ်။
ခုခံအားဆိုတာ ရောဂါပိုးမွှားတွေကို တားဆီးပေးပြီး ရောဂါဘယတွေမဖြစ်အောင် ကာကွယ်ပေးထားတဲ့ ခံတပ်ကြီးပေါ့။
ရုတ်တရက် ရာသီဥတုပြောင်းလဲတာ၊ အပူလှိုင်း၊ အအေးလှိုင်းတွေက ခုခံအားစနစ်ကို လျော့နည်းစေနိုင်ပါတယ်။ အအေးလေး ဝင်လာပြီဆိုတာနဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးလေးက စလာပါပြီ။ ဒါ့အပြင် ဗိုင်းရပ်စ်ပိုးတွေဟာ အေးစက်ပြီးခြောက်သွေ့တဲ့ ရာသီဥတုမှာ ပိုအသက်ရှင် နေထိုင်နိုင်ပါတယ်။

>>  ခုခံအားစနစ်ကို တိုးမြှင့်ပါ။
ခုခံအားစနစ် ကောင်းလာစေဖို့ လူနေမှုပုံစံတွေ၊ စားသောက်ပုံတွေ ပြောင်းလဲပေးနိုင်ပါတယ်။

၁။  မနက်စာစားပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာမစားခြင်းဟာ သွေးတွင်းအချိုဓာတ်ကိုကျစေပြီး စိတ်ဖိစီးမှုကို များစေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေများရင် ခုခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။

၂။  ဇင့်ပါဝင်သော အစားအစာများ စားပေးပါ။
ဇင့်ကို ခန္ဓာကိုယ်ရဲ့ဆဲလ်တိုင်းမှာ တွေ့နိုင်ပြီး ဆဲလ်တွေ ကျန်းကျန်းမာမာနဲ့ ကြီးထွားအလုပ်လုပ်နိုင်ဖို့ အရေးပါပါတယ်။ ဇင့်ဟာ ခန္ဓာကိုယ်ထဲက ထောင်နဲ့ချီတဲ့ပရိုတင်းဓာတ်တွေနဲ့ ချိတ်ဆက်ပြီး အင်ဇိုင်းအလုပ်ပေါင်းများစွာနဲ့ ပါဝင်ပတ်သက်နေပါတယ်။ အနာကျက်နှုန်းကို မြန်စေပြီး သိုင်းရွိုက်လုပ်ငန်းဆောင်တာ၊ အူလမ်းကြောင်းကျန်းမာရေး၊ သွေးခဲမှု၊ အမြင်အာရုံနဲ့ အနံ့အာရုံတွေအတွက် အရေးပါပါတယ်။

၃။  အူလမ်းကြောင်းကို ကျန်းမာအောင် ထားပါ။
လေ့လာမှုတွေအရ ကောင်းတဲ့ဘက်တီးရီးယားထက် မကောင်းတဲ့ဘက်တီးရီးယားတွေ ပိုများနေပြီဆိုရင် ခုခံအားစနစ်တွေ အားနည်းလာနိုင်ပါတယ်။ အစာခြေစနစ်လက္ခဏာတွေဖြစ်တဲ့ အစာမကြေ၊ အက်ဆစ် ပြန်ဆန်တက်တဲ့ရောဂါတွေနဲ့ အူလမ်းကြောင်းနံရံတွေ မလုံတဲ့ပြဿနာတွေကလည်း ခုခံအားစနစ်ကို ထိခိုက်လာနိုင်တာပေါ့။

၄။  လက်ဖက်ရည်ကြမ်းလေး သောက်ပေးပါ။
လက်ဖက်ရည်စိမ်းတို့၊ အိုလောင်းတီးတို့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ flavonoids တွေကို တွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းထဲပါတဲ့ polyphenol ဟာ ခန္ဓာကိုယ်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ရန်ကနေ ကာကွယ်ပေးနိုင်လာပါတယ်။

၅။  အိပ်ရေးဝဝအိပ်ပါ။
ခန္ဓာကိုယ်ဟာ အိပ်နေစဉ်မှာ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပါတယ်။ အိပ်ရေးကောင်းကောင်းမဝတဲ့အခါ ဒီဖြစ်စဉ်ကို ထိခိုက်လာနိုင်ပြီး ခုခံအားစနစ်ကို လျော့နည်းလာစေနိုင်ပါတယ်။

Immunace 1

၆။  နေရောင်ခံပါ။
နေရောင်နဲ့အရေပြားနဲ့ ထိတွေ့တဲ့အခါ အရေပြားက ဗီတာမင်ဒီကို ထုတ်လုပ်ပါတယ်။ ဗီတာမင်ဒီဟာ ကိုယ်ခံအားကောင်းစေပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်မှုကို တားဆီးတဲ့အပြင် နှလုံးကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။

၇။  လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ သွေးဖြူဥတွေမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီပဋိပစ္စည်းတွေနဲ့ သွေးဖြူဥတွေဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုပြီးလည်ပတ်မှုကောင်းလာပါတယ်။

၈။  ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ဖြတ်ခြင်းကြောင့် သွေးလည်ပတ်မှုကို ကောင်းစေနိုင်ခြင်း၊ သွေးတွင်းအောက်စီဂျင်ပမာဏကို ကောင်းစေခြင်း၊ အရောင်ကျစေခြင်း စတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

၉။  ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ပေးပါ။
●  ချင်း : အေးတဲ့ရာသီမှာ ထည့်ကိုထည့်ရမယ့် စားစရာကတော့ ချင်းပါ။ လက်ဖက်ရည်ကြမ်း၊ ဟင်းအနှစ်၊ ဟင်းချိုတွေထဲမှာ ထည့်စားပေးသောက်ပေးနိုင်ပါတယ်။ ချင်းဟာ လည်ချောင်းနာတာကို လက်ငင်းပျောက်ကင်းစေနိုင်သလို ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကို လျော့ကျစေကာ ခုခံအားစနစ်ကို တိုးစေနိုင်ပါတယ်။
●  ကြက်သွန် : ဆာလ်ဖာပါတဲ့ ဓာတ်ပေါင်းတွေဖြစ်တဲ့ allicin ပါဝင်တာကြောင့် ခုခံအားစနစ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ ပိုးသတ်ပေးနိုင်စွမ်းရှိသလို အသည်းရဲ့ အဆိပ်အတောက်ဖြေနိုင်စွမ်းကိုပါ တိုးတက်စေနိုင်ပါတယ်နော်။
●  အချဉ်သီးများ : လီမွန်၊ သံပရာ၊ လိမ္မော်စတဲ့ အချဉ်သီးတွေမှာ သဘာဝခုခံအားမြှင့်ဆေးလို့ ခေါ်နိုင်တဲ့ ဗီတာမင်စီ ပါဝင်တာကြောင့် စားပေးသင့်ပါတယ်။
●  အစိမ်းရင့်ရောင်အသီးအရွက်များ : ဟင်းနုနွယ်၊ ဆလပ်၊ မုန်ညင်း စသဖြင့် အစိမ်းရင့်ရောင် အသီးအရွက်တွေမှာ အာဟာရဓာတ်ကြွယ်ဝရုံတင်မက ကယ်လိုရီလည်း နည်းပါးတာကြောင့် စားကိုစားသင့်ပါတယ်။ ဒါတင်မက အင်တီအောက်စီဒန့်၊ ဘီတာကယ်ရိုတင်း၊ ခုခံအားစနစ်ကို တိုးစေနိုင်တဲ့ ဗီတာမင်စီတွေ ပါဝင်တာကြောင့် ဘာလိုသေးလဲပေါ့နော်။
●  မှို : ဆီလီနီယမ်၊ နိုင်ယာဆင်၊ ရိုင်ဘိုဖလာဗင်၊ ဗီတာမင်ဒီတွေ ကြွယ်ဝတဲ့ အရသာရှိလှတဲ့ မှိုတွေဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးတယ်နော်။
●  နနွင်း : မြန်မာတွေ မီးဖိုချောင်ထဲက မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ နနွင်းဟာ ခုခံအားစနစ်ကို တိုးမြှင့် ပေးပါတယ်။ ဒီခါးသက်သက်အမွှေးအကြိုင်ဟာ မှိုပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေကို ခုခံအားစနစ်က တိုက်ထုတ်ပေးနိုင်အောင် ကူညီပေးပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Immunace 2

(Zawgyi)

ကိုယ့္ေဘးပတ္ဝန္းက်င္ကို ၾကည့္လိုက္မယ္ဆိုရင္ တခ်ိဳ႕ေတြက သူမ်ားထက္ကို ထူးထူးျခားျခား ပိုဖ်ားနာတတ္ၾကတာကို ေတြ႕ရပါလိမ့္မယ္။ ဘာေၾကာင့္မ်ားလဲ ေတြးမိၾကပါသလား။ ခုခံအားစနစ္ေၾကာင့္ေပါ့။ လူတစ္ေယာက္နဲ႔တစ္ေယာက္ ခုခံအားမတူညီၾကပါဘူး။ သက္ႀကီးရြယ္အိုေတြနဲ႔ ကေလးေလးေတြမွာဆိုရင္ ခုခံအားစနစ္က ပိုအားနည္းတာမို႔ မၾကာမၾကာ ဖ်ားနာတတ္ၾကပါတယ္။
ခုခံအားဆိုတာ ေရာဂါပိုးမႊားေတြကို တားဆီးေပးၿပီး ေရာဂါဘယေတြမျဖစ္ေအာင္ ကာကြယ္ေပးထားတဲ့ ခံတပ္ႀကီးေပါ့။
႐ုတ္တရက္ ရာသီဥတုေျပာင္းလဲတာ၊ အပူလႈိင္း၊ အေအးလႈိင္းေတြက ခုခံအားစနစ္ကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ အေအးေလး ဝင္လာၿပီဆိုတာနဲ႔ အသက္ရႉလမ္းေၾကာင္းေရာဂါေတြျဖစ္တဲ့ အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုးေလးက စလာပါၿပီ။ ဒါ့အျပင္ ဗိုင္းရပ္စ္ပိုးေတြဟာ ေအးစက္ၿပီးေျခာက္ေသြ႕တဲ့ ရာသီဥတုမွာ ပိုအသက္ရွင္ ေနထိုင္ႏိုင္ပါတယ္။

>>  ခုခံအားစနစ္ကို တိုးျမႇင့္ပါ။
ခုခံအားစနစ္ ေကာင္းလာေစဖို႔ လူေနမႈပုံစံေတြ၊ စားေသာက္ပုံေတြ ေျပာင္းလဲေပးႏိုင္ပါတယ္။

၁။  မနက္စာစားပါ။
က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မနက္စာမစားျခင္းဟာ ေသြးတြင္းအခ်ိဳဓာတ္ကိုက်ေစၿပီး စိတ္ဖိစီးမႈကို မ်ားေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈေတြမ်ားရင္ ခုခံအားစနစ္ကို က်ဆင္းေစႏိုင္ပါတယ္။

၂။  ဇင့္ပါဝင္ေသာ အစားအစာမ်ား စားေပးပါ။
ဇင့္ကို ခႏၶာကိုယ္ရဲ႕ဆဲလ္တိုင္းမွာ ေတြ႕ႏိုင္ၿပီး ဆဲလ္ေတြ က်န္းက်န္းမာမာနဲ႔ ႀကီးထြားအလုပ္လုပ္ႏိုင္ဖို႔ အေရးပါပါတယ္။ ဇင့္ဟာ ခႏၶာကိုယ္ထဲက ေထာင္နဲ႔ခ်ီတဲ့ပ႐ိုတင္းဓာတ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး အင္ဇိုင္းအလုပ္ေပါင္းမ်ားစြာနဲ႔ ပါဝင္ပတ္သက္ေနပါတယ္။ အနာက်က္ႏႈန္းကို ျမန္ေစၿပီး သိုင္း႐ြိဳက္လုပ္ငန္းေဆာင္တာ၊ အူလမ္းေၾကာင္းက်န္းမာေရး၊ ေသြးခဲမႈ၊ အျမင္အာ႐ုံနဲ႔ အနံ႔အာ႐ုံေတြအတြက္ အေရးပါပါတယ္။

၃။  အူလမ္းေၾကာင္းကို က်န္းမာေအာင္ ထားပါ။
ေလ့လာမႈေတြအရ ေကာင္းတဲ့ဘက္တီးရီးယားထက္ မေကာင္းတဲ့ဘက္တီးရီးယားေတြ ပိုမ်ားေနၿပီဆိုရင္ ခုခံအားစနစ္ေတြ အားနည္းလာႏိုင္ပါတယ္။ အစာေျခစနစ္လကၡဏာေတြျဖစ္တဲ့ အစာမေၾက၊ အက္ဆစ္ ျပန္ဆန္တက္တဲ့ေရာဂါေတြနဲ႔ အူလမ္းေၾကာင္းနံရံေတြ မလုံတဲ့ျပႆနာေတြကလည္း ခုခံအားစနစ္ကို ထိခိုက္လာႏိုင္တာေပါ့။

၄။  လက္ဖက္ရည္ၾကမ္းေလး ေသာက္ေပးပါ။
လက္ဖက္ရည္စိမ္းတို႔၊ အိုေလာင္းတီးတို႔မွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ flavonoids ေတြကို ေတြ႕ရပါတယ္။ လက္ဖက္ရည္ၾကမ္းထဲပါတဲ့ polyphenol ဟာ ခႏၶာကိုယ္ကို ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ရန္ကေန ကာကြယ္ေပးႏိုင္လာပါတယ္။

၅။  အိပ္ေရးဝဝအိပ္ပါ။
ခႏၶာကိုယ္ဟာ အိပ္ေနစဥ္မွာ ဆဲလ္ေတြကို ျပန္လည္ျပဳျပင္ပါတယ္။ အိပ္ေရးေကာင္းေကာင္းမဝတဲ့အခါ ဒီျဖစ္စဥ္ကို ထိခိုက္လာႏိုင္ၿပီး ခုခံအားစနစ္ကို ေလ်ာ့နည္းလာေစႏိုင္ပါတယ္။

၆။  ေနေရာင္ခံပါ။
ေနေရာင္နဲ႔အေရျပားနဲ႔ ထိေတြ႕တဲ့အခါ အေရျပားက ဗီတာမင္ဒီကို ထုတ္လုပ္ပါတယ္။ ဗီတာမင္ဒီဟာ ကိုယ္ခံအားေကာင္းေစၿပီး ကင္ဆာဆဲလ္ေတြ ျဖစ္ေပၚမႈကို တားဆီးတဲ့အျပင္ ႏွလုံးက်န္းမာေရးအတြက္လည္း အေရးပါပါတယ္။

၇။  ေလ့က်င့္ခန္းလုပ္ပါ။
ေလ့က်င့္ခန္းလုပ္တဲ့အခါ ဓာတ္တိုးဆန႔္က်င္ပစၥည္းနဲ႔ ေသြးျဖဴဥေတြမွာ ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာတတ္ပါတယ္။ ဒီပဋိပစၥည္းေတြနဲ႔ ေသြးျဖဴဥေတြဟာ ေလ့က်င့္ခန္းလုပ္တဲ့အခါ ပိုၿပီးလည္ပတ္မႈေကာင္းလာပါတယ္။

၈။  ေဆးလိပ္ျဖတ္ပါ။
ေဆးလိပ္ျဖတ္ျခင္းေၾကာင့္ ေသြးလည္ပတ္မႈကို ေကာင္းေစႏိုင္ျခင္း၊ ေသြးတြင္းေအာက္စီဂ်င္ပမာဏကို ေကာင္းေစျခင္း၊ အေရာင္က်ေစျခင္း စတဲ့ ေကာင္းက်ိဳးေတြကို ရရွိေစႏိုင္ပါတယ္။

၉။  က်န္းမာေရးနဲ႔ ညီညီၫြတ္ၫြတ္ စားေသာက္ေပးပါ။
●  ခ်င္း : ေအးတဲ့ရာသီမွာ ထည့္ကိုထည့္ရမယ့္ စားစရာကေတာ့ ခ်င္းပါ။ လက္ဖက္ရည္ၾကမ္း၊ ဟင္းအႏွစ္၊ ဟင္းခ်ိဳေတြထဲမွာ ထည့္စားေပးေသာက္ေပးႏိုင္ပါတယ္။ ခ်င္းဟာ လည္ေခ်ာင္းနာတာကို လက္ငင္းေပ်ာက္ကင္းေစႏိုင္သလို ခႏၶာကိုယ္မွာ ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစကာ ခုခံအားစနစ္ကို တိုးေစႏိုင္ပါတယ္။
●  ၾကက္သြန္ : ဆာလ္ဖာပါတဲ့ ဓာတ္ေပါင္းေတြျဖစ္တဲ့ allicin ပါဝင္တာေၾကာင့္ ခုခံအားစနစ္ကို တိုးျမႇင့္ေပးႏိုင္ပါတယ္။ ပိုးသတ္ေပးႏိုင္စြမ္းရွိသလို အသည္းရဲ႕ အဆိပ္အေတာက္ေျဖႏိုင္စြမ္းကိုပါ တိုးတက္ေစႏိုင္ပါတယ္ေနာ္။
●  အခ်ဥ္သီးမ်ား : လီမြန္၊ သံပရာ၊ လိေမၼာ္စတဲ့ အခ်ဥ္သီးေတြမွာ သဘာဝခုခံအားျမႇင့္ေဆးလို႔ ေခၚႏိုင္တဲ့ ဗီတာမင္စီ ပါဝင္တာေၾကာင့္ စားေပးသင့္ပါတယ္။
●  အစိမ္းရင့္ေရာင္အသီးအရြက္မ်ား : ဟင္းႏုႏြယ္၊ ဆလပ္၊ မုန္ညင္း စသျဖင့္ အစိမ္းရင့္ေရာင္ အသီးအရြက္ေတြမွာ အာဟာရဓာတ္ႂကြယ္ဝ႐ုံတင္မက ကယ္လိုရီလည္း နည္းပါးတာေၾကာင့္ စားကိုစားသင့္ပါတယ္။ ဒါတင္မက အင္တီေအာက္စီဒန႔္၊ ဘီတာကယ္႐ိုတင္း၊ ခုခံအားစနစ္ကို တိုးေစႏိုင္တဲ့ ဗီတာမင္စီေတြ ပါဝင္တာေၾကာင့္ ဘာလိုေသးလဲေပါ့ေနာ္။
●  မႈိ : ဆီလီနီယမ္၊ ႏိုင္ယာဆင္၊ ႐ိုင္ဘိုဖလာဗင္၊ ဗီတာမင္ဒီေတြ ႂကြယ္ဝတဲ့ အရသာရွိလွတဲ့ မႈိေတြဟာ ခုခံအားစနစ္ကို ျမႇင့္တင္ေပးတယ္ေနာ္။
●  နႏြင္း : ျမန္မာေတြ မီးဖိုေခ်ာင္ထဲက မရွိမျဖစ္ ဟင္းခတ္အေမႊးအႀကိဳင္ျဖစ္တဲ့ နႏြင္းဟာ ခုခံအားစနစ္ကို တိုးျမႇင့္ ေပးပါတယ္။ ဒီခါးသက္သက္အေမႊးအႀကိဳင္ဟာ မႈိပိုးေတြ၊ ဗိုင္းရပ္စ္ပိုးေတြ၊ ဘက္တီးရီးယားပိုးေတြကို ခုခံအားစနစ္က တိုက္ထုတ္ေပးႏိုင္ေအာင္ ကူညီေပးပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)