/
node/10077

မပေါ့ဆသင့်သော ရာသီလာစဉ် ဖြစ်လေ့ရှိသည့် ကျန်းမာရေးပြဿနာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ရာသီလာခြင်းနှင့် ပတ်သက်ပြီး အမျိုးသမီးတွေမှာ တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများစွာ ရှိပါတယ်။ ထိုများစွာအနက် မပေါ့ဆဘဲ ဆရာဝန်နှင့်ပြသသင့်သော ပြဿနာတွေကိုဖော်ပြပေးလိုက်ပါတယ်။

1.  လစဉ်ပုံမှန်လာနေရာကနေ ပုံမှန်မလာတော့ခြင်း
ပုံမှန်ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား ကြာချိန်ဟာ ၂၅-၃၀ ရက် ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးအနေနှင့် ရာသီ တစ်ခါလာရင် ၃ ရက်ကနေ ၇ ရက် ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ရာသီတစ်ခုနှင့်တစ်ခုကြားမှာ ၂၁ ရက်ထက် စောနေတာမျိုးဖြစ်စေ၊ ၃၅ ရက်ထက် ပိုကြာမြင့်နေတာမျိုးဖြစ်စေ ရှိရင်တော့ အကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။

2.  ရက် ၉၀ လုံးလုံး ရာသီမလာခြင်း
ရာသီမလာခြင်း အကြောင်းရင်းများစွာ ရှိပါတယ်။ ကိုယ်ဝန်ကြောင့်သော်လည်းကောင်း၊ အသက် ၄၀ ကျော်၊ ၅၀ ကျော် အမျိုးသမီးများအနေနှင့် သွေးဆုံးခါနီးကြောင့်သော်လည်းကောင်း ရာသီမလာတာမျိုး ရှိတတ်ပါတယ်။ သွေးဆုံးခါနီးအရွယ်လည်းမဟုတ်၊ ကိုယ်ဝန်လည်းရှိမနေဘဲနှင့် ရာသီမလာရင်တော့ အကြောင်းရင်းကို အဖြေရှာဖို့ လိုပါတယ်။

3.  ရာသီလာခါနီး ဖြစ်ပေါ်တတ်သောဝေဒနာများ(PMS) ကြောင့် နေ့စဉ်ဘဝကိုပါ ထိခိုက်လာခြင်း
ရာသီလာခါနီး ဖြစ်ပေါ်တတ်သောဝေဒနာများကို ရာသီမလာခင် ၅-၇ ရက်လောက်ကနေ စတင်ခံစားရတတ်ပြီး ရာသီလာစဉ်မှာတော့ သက်သာသွားတတ်ပါတယ်။ PMS ရဲ့ လက္ခဏာတွေအနေနှင့် ဆီးစပ်နှင့်ဗိုက်နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်ကျခြင်း၊ ပျော်လိုက်ဝမ်းနည်းလိုက်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လေပွခြင်း၊ ပင်ပန်းခြင်း စတာတွေကို ခံစားရတတ်ပါတယ်။ ဒီ PMS ဝေဒနာတွေကို ပိုမိုဆိုးရွားစွာ ခံစားနေရပြီး နေ့စဉ်လုပ်ငန်းများကို မဆောင်ရွက်နိုင်သည်အထိ ထိခိုက်နေရင်တော့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။
ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြားတွင် သွေးစွန်းခြင်း သို့မဟုတ် သွေးဆုံးပြီးအမျိုးသမီးများတွင် ရာသီသွေး အစွန်းကွက်များပေါ်ခြင်းဟာ သားအိမ်အသားလုံးရဲ့ ရောဂါလက္ခဏာများ ဖြစ်နိုင်သလို သွေးဆုံးပြီးအမျိုးသမီးတွေ အနေနှင့်လည်း ကင်ဆာရောဂါလက္ခဏာ ဖြစ်နိုင်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။

Dolfenal 1

4.  ရာသီသွေးဆင်းခြင်းဟာ အလွန်များပြားခြင်း သို့မဟုတ် ၇ ရက်ထက် ပိုဆင်းခြင်း
ရာသီအလွန်များခြင်းကြောင့် တစ်နာရီတစ်ခါလောက် Pad လဲရခြင်း ရှိနေပြီဆိုပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါပြီ။ မဟုတ်ပါက သွေးအားနည်းခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။

5.  ရာသီလာစဉ်မှာ အလွန်ဆိုးရွားစွာ နာကျင်ကိုက်ခဲခြင်း
သားအိမ်တွင်း အလုံးတည်ခြင်းနှင့် အခြားအကြောင်းရင်းများစွာ ရှိတဲ့အတွက် ဆရာဝန်နှင့်ပြသပြီး အဖြေရှာသင့်ပါတယ်။

6.  အသက် ၁၆ နှစ် ပြည့်ပြီးတာတောင် ရာသီမလာသေးခြင်း
အမျိုးသမီးတစ်ဦးရဲ့ ပျမ်းမျှရာသီလာသော အသက်ကတော့ ၈ နှစ်ကနေ ၁၅ နှစ်အတွင်း ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အထိ ရာသီမလာသေးရင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီး အဖြေရှာတာ အကောင်းဆုံး ဖြစ်ပါတယ်။

www.drmyanmar.com

Dolfenal 2

(Zawgyi)

ရာသီလာျခင္းႏွင့္ ပတ္သက္ၿပီး အမ်ိဳးသမီးေတြမွာ ေတြ႕ႀကဳံရတတ္တဲ့ က်န္းမာေရးျပႆနာမ်ားစြာ ရွိပါတယ္။ ထိုမ်ားစြာအနက္ မေပါ့ဆဘဲ ဆရာဝန္ႏွင့္ျပသသင့္ေသာ ျပႆနာေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

1.  လစဥ္ပုံမွန္လာေနရာကေန ပုံမွန္မလာေတာ့ျခင္း
ပုံမွန္ရာသီစက္ဝန္း တစ္ခုႏွင့္တစ္ခုၾကား ၾကာခ်ိန္ဟာ ၂၅-၃၀ ရက္ ျဖစ္ပါတယ္။ အမ်ိဳးသမီးတစ္ဦးအေနႏွင့္ ရာသီ တစ္ခါလာရင္ ၃ ရက္ကေန ၇ ရက္ ၾကာျမင့္ႏိုင္ပါတယ္။ တကယ္လို႔ ရာသီတစ္ခုႏွင့္တစ္ခုၾကားမွာ ၂၁ ရက္ထက္ ေစာေနတာမ်ိဳးျဖစ္ေစ၊ ၃၅ ရက္ထက္ ပိုၾကာျမင့္ေနတာမ်ိဳးျဖစ္ေစ ရွိရင္ေတာ့ အေၾကာင္းရင္းကို ရွာေဖြသင့္ပါတယ္။

2.  ရက္ ၉၀ လုံးလုံး ရာသီမလာျခင္း
ရာသီမလာျခင္း အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။ ကိုယ္ဝန္ေၾကာင့္ေသာ္လည္းေကာင္း၊ အသက္ ၄၀ ေက်ာ္၊ ၅၀ ေက်ာ္ အမ်ိဳးသမီးမ်ားအေနႏွင့္ ေသြးဆုံးခါနီးေၾကာင့္ေသာ္လည္းေကာင္း ရာသီမလာတာမ်ိဳး ရွိတတ္ပါတယ္။ ေသြးဆုံးခါနီးအ႐ြယ္လည္းမဟုတ္၊ ကိုယ္ဝန္လည္းရွိမေနဘဲႏွင့္ ရာသီမလာရင္ေတာ့ အေၾကာင္းရင္းကို အေျဖရွာဖို႔ လိုပါတယ္။

3.  ရာသီလာခါနီး ျဖစ္ေပၚတတ္ေသာေဝဒနာမ်ား(PMS) ေၾကာင့္ ေန႔စဥ္ဘဝကိုပါ ထိခိုက္လာျခင္း
ရာသီလာခါနီး ျဖစ္ေပၚတတ္ေသာေဝဒနာမ်ားကို ရာသီမလာခင္ ၅-၇ ရက္ေလာက္ကေန စတင္ခံစားရတတ္ၿပီး ရာသီလာစဥ္မွာေတာ့ သက္သာသြားတတ္ပါတယ္။ PMS ရဲ႕ လကၡဏာေတြအေနႏွင့္ ဆီးစပ္ႏွင့္ဗိုက္နာက်င္ျခင္း၊ မအီမသာျဖစ္ျခင္း၊ စိတ္က်ျခင္း၊ ေပ်ာ္လိုက္ဝမ္းနည္းလိုက္ျဖစ္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ေလပြျခင္း၊ ပင္ပန္းျခင္း စတာေတြကို ခံစားရတတ္ပါတယ္။ ဒီ PMS ေဝဒနာေတြကို ပိုမိုဆိုး႐ြားစြာ ခံစားေနရၿပီး ေန႔စဥ္လုပ္ငန္းမ်ားကို မေဆာင္႐ြက္ႏိုင္သည္အထိ ထိခိုက္ေနရင္ေတာ့ ဆရာဝန္ႏွင့္ ျပသသင့္ပါတယ္။
ရာသီစက္ဝန္း တစ္ခုႏွင့္တစ္ခုၾကားတြင္ ေသြးစြန္းျခင္း သို႔မဟုတ္ ေသြးဆုံးၿပီးအမ်ိဳးသမီးမ်ားတြင္ ရာသီေသြး အစြန္းကြက္မ်ားေပၚျခင္းဟာ သားအိမ္အသားလုံးရဲ႕ ေရာဂါလကၡဏာမ်ား ျဖစ္ႏိုင္သလို ေသြးဆုံးၿပီးအမ်ိဳးသမီးေတြ အေနႏွင့္လည္း ကင္ဆာေရာဂါလကၡဏာ ျဖစ္ႏိုင္တဲ့အတြက္ မေပါ့ဆသင့္ပါဘူး။

4.  ရာသီေသြးဆင္းျခင္းဟာ အလြန္မ်ားျပားျခင္း သို႔မဟုတ္ ၇ ရက္ထက္ ပိုဆင္းျခင္း
ရာသီအလြန္မ်ားျခင္းေၾကာင့္ တစ္နာရီတစ္ခါေလာက္ Pad လဲရျခင္း ရွိေနၿပီဆိုပါက ဆရာဝန္ႏွင့္ ျပသတိုင္ပင္သင့္ပါၿပီ။ မဟုတ္ပါက ေသြးအားနည္းျခင္းႏွင့္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ျဖစ္ေပၚႏိုင္ပါတယ္။

5.  ရာသီလာစဥ္မွာ အလြန္ဆိုး႐ြားစြာ နာက်င္ကိုက္ခဲျခင္း
သားအိမ္တြင္း အလုံးတည္ျခင္းႏွင့္ အျခားအေၾကာင္းရင္းမ်ားစြာ ရွိတဲ့အတြက္ ဆရာဝန္ႏွင့္ျပသၿပီး အေျဖရွာသင့္ပါတယ္။

6.  အသက္ ၁၆ ႏွစ္ ျပည့္ၿပီးတာေတာင္ ရာသီမလာေသးျခင္း
အမ်ိဳးသမီးတစ္ဦးရဲ႕ ပ်မ္းမွ်ရာသီလာေသာ အသက္ကေတာ့ ၈ ႏွစ္ကေန ၁၅ ႏွစ္အတြင္း ျဖစ္ပါတယ္။ အသက္ ၁၆ ႏွစ္အထိ ရာသီမလာေသးရင္ေတာ့ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး အေျဖရွာတာ အေကာင္းဆုံး ျဖစ္ပါတယ္။

www.drmyanmar.com