/
node/10087

ကလေးတွေမှာ ဝမ်းလျှောတဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတွေဘဝကတော့ ကလေးအီအီးတောထဲကကို မထွက်ရပါဘူးနော်။ တစ်နေ့တစ်နေ့ ကလေး အီအီးသွားပြီလား၊ ဘာအရောင်သွားလဲ၊ အရည်တွေ များသွားနေလား စိတ်ပူနေရတာပါပဲ။
ကလေးတစ်ယောက်ဟာ ဝမ်း တစ်နေ့ကို ၃ ကြိမ်သွားတာ၊ ၃ ရက်မှတစ်ကြိမ်သွားတာ၊ ဒီ ၂ ခုကြား စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကလေး အစာမာမာပြောင်းစားပြီဆိုတာနဲ့ ဝမ်းက အရင်သွားနေကျနဲ့မတူ ပြောင်းလဲလာပါလိမ့်မယ်။ ဒီလိုအပြောင်းအလဲတွေထဲမှာ ဝမ်းလျှောပြီဆိုရင်တော့ မေမေတို့ စိုးရိမ်ကြပြီပေါ့။

ဝမ်းလျှောတာဟာ များသောအားဖြင့်တော့ ခဏတစ်ဖြုတ်လောက်နဲ့ ပျောက်သွားတာ များပါတယ်။ ဝမ်းလျှောနိုင်တဲ့ အကြောင်းရင်းတွေကတော့ -
●  ဗိုင်းရပ်စ်ပိုး
●  ကလေးအစားအသောက်ပုံစံ ပြောင်းလဲသွားတာ၊ ကလေးနို့တိုက်နေတဲ့မေမေရဲ့ စားသောက်မှုပုံစံ ပြောင်းလဲသွားတာ
●  ကလေး ပိုးသတ်ဆေး သောက်ရတာ၊ ကလေးနို့တိုက်နေတဲ့မေမေ ပိုးသတ်ဆေး သောက်ရတာ
●  ဘက်တီးရီးယား အစာအဆိပ်သင့်ခြင်း : ဒီအခြေအနေမှာတော့ ဆေးကုသဖို့ လိုလာပါပြီ။
●  လက်တို့စ်အချိုဓာတ်မတည့်ခြင်းစတာတွေကြောင့်ကလေးတွေမှာ ဝမ်းလျှောတတ်ပါတယ်။

ကလေး ဝမ်းလျှောရင် ချက်ချင်းကုသဖို့ အရေးကြီးပါတယ်။ ကလေးတွေအတွက် ချက်ချင်း ကြောက်ရတာက ရေဓာတ်ခမ်းခြောက်တာပါပဲ။ ဒါကြောင့် ကလေး ဝမ်းလျှောပြီဆိုရင် ဒီရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့ လိုပါတယ်။
●  ၆ နာရီတိတိ ဆီး လုံးလုံးမသွားတာ
●  ငိုရင် မျက်ရည်မထွက်တာ
●  ပါးစပ်ခြောက်နေတာ စတာတွေပါပဲ။

>>  ဒီ့ထက်ပိုဆိုးတဲ့လက္ခဏာတွေကတော့ -
●  အရမ်းအိပ်ငိုက်နေတာ
●  ဆီး ပုံမှန်ထက် ပိုနက်ပြီး ပိုနံနေတာ
●  မျက်တွင်းတွေ ချိုင့်နေတာ
●  ခြေတွေလက်တွေ အေးစက်နေတာ
●  ငယ်ထိပ်ကလေး ချိုင့်နေတာ
●  အသက်ရှူတာမြန်၊ နှလုံးခုန်မြန်နေတာ စတာတွေပါ။

>>  ကုသနည်းတွေကတော့ -
အဓိက,က အရည်ဓာတ် ကောင်းကောင်းဖြည့်ဖို့ပါပဲ။ ကလေး အသက် ၁၂ လအောက်ဆိုရင် အမေ့နို့၊ ဖော်မြူလာနို့၊ ၁ နှစ်နဲ့အထက်ဆိုရင် နို့နဲ့ရေလောက်ဆိုရင် ရပါတယ်။ ဒါပေမဲ့ ဝမ်းလျှောတာ အရမ်းဆိုးတယ်ဆိုရင်တော့ ဓာတ်ဆားရည် ပြန်သောက်ဖို့လို နိုင်ပါတယ်။
ဒါ့အပြင် အစားအသောက်ကလည်း အရေးကြီးပါသေးတယ်။ ပြောင်းလဲပစ်ဖို့တော့ မလိုပေမယ့် သဘာဝအာဟာရတွေဖြစ်တဲ့ အုတ်ဂျုံ၊ ငှက်ပျောသီး၊ ပန်းသီးပျော့နဲ့ အစာကြေလွယ်တဲ့အသီးတွေဖြစ်တဲ့ သခွားမွှေး၊ ဖရဲသီး စတာတွေကို ကျွေးပေးနိုင်ပါတယ်။
အူလမ်းကြောင်းအကျိုးပြု probiotics တွေက ဝမ်းလျှောလက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။
ဝမ်းပိတ်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပေမယ့် ဘေးဖြစ်စေနိုင်တာကြောင့် မတိုက်ခင် ဆရာဝန်နဲ့ တိုင်ပင်မှဖြစ်မှာပါ။

>>  ကလေးအတွက် ဘာတွေလုပ်ပေးနိုင်သလဲ?
ကလေးကို အရည်များများတိုက်ဖို့ အရေးကြီးတယ်နော်။
အသက် ၁၂ လအောက်ဆို အမေ့နို့၊ ဖော်မြူလာနို့၊ အသက် ၁ နှစ်အထက်ဆိုရင် အမေ့နို့ သို့မဟုတ် နို့အစားထိုး၊ ရေတွေ တိုက်လို့ရပြီး ကလေး ဗိုက်ပြည့်ပြီဆိုတဲ့အထိ တိုက်ပေးပါ။

Ceelin Plus 1

>>  ဝမ်းလျှောတာ ပိုဆိုးလာတယ်၊ ရေသောက်ရမှာ စိတ်မဝင်စားတော့ဘူးဆိုရင် -
●  ဓာတ်ဆားရည် တိုက်ပေးပါ။
●  ငှက်ပျော၊ အုန်းရည်၊ ရေခဲရောမွေပြီး Smoothies လုပ်တိုက်တာ၊ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း ဖျော်တိုက်တာမျိုး လုပ်နိုင်ပါတယ်။
●  နောက် အသီးတွေကိုပဲ ရေခဲချောင်း လုပ်ပေးလို့လည်း ရပါတယ်။
အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ၊ ဆိုဒါဂတ်စ်အချိုရည်တွေကို ရှောင်ပေးပါ။
ဒါတွေမှာပါတဲ့ သကြားဓာတ်က ဝမ်းလျှောတာကို ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် မွေးကင်းစလေးတွေနဲ့ တောက်တီးတောက်တဲ့ လမ်းလျှောက်တတ်တဲ့အရွယ်ကလေးလေးတွေမှာပေါ့။

>>  ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် ကျွေးပါ။
●  ငှက်ပျောသီး၊ ပန်းသီးပျော့၊ ပေါင်မုန့်၊ အုတ်ဂျုံ၊ ပြောင်းဖူး Cereal မနက်စာ၊ အာလူး၊ ထမင်းဖြူ၊ ပန်ကိတ်၊ ဝေဖာ
●  ရေဓာတ်များပြီး အစာကြေလွယ်တဲ့ သခွားမွှေး၊ ဖရဲသီး စတဲ့ အသီးတွေ
●  ခြေဖျက်ရလွယ်တဲ့ ပရိုတင်း အသားဓာတ်တွေဖြစ်တဲ့ ကြက်ဥ၊ ကြက်သား၊ ငါး
●  အသားပြုတ်ရည်တွေ
●  မုန်လာဥနီ၊ ပဲသီးစိမ်း၊ အာလူး စတဲ့ အသီးအရွက်ပြုတ်တွေ စတာတွေကို ကျွေးပေးပါ။

>>  ဖြစ်နိုင်ရင်
●  အဆီနဲ့အချိုများတဲ့ အကြော်အလှော်တွေ၊ ရေခဲမုန့်တွေ
●  ကလေး ဝမ်းလျှောတာကို ပိုဆိုးစေနိုင်တယ်လို့ထင်တဲ့ အစားအသောက်တွေကို လျှော့စားပေးသင့်ပါတယ်။
ကလေးလေးရဲ့ ဖင်ကလေး နာတာ၊ ကျင်တာ၊ နီရဲတာမျိုး မဖြစ်ရလေအောင် ရေပတ်ဝတ်လေးနဲ့ ဖွဖွသုတ်ပေးတာ၊ ရေလေးနဲ့ဆေးပြီး ဖွဖွသုတ်တာ ဒါမှမဟုတ် လေအခြောက်ခံတာတွေ လုပ်ပေးလို့ရပါတယ်။ မကြာမကြာ သေးခံလဲပေးတာ၊ အဆီကလေးတွေ၊ ခရင်မ်လေးတွေလည်း လိမ်းပေးလို့ ရပါတယ်။
●  ကလေး ရေဓာတ်ခမ်းခြောက်လာတာ
●  အန်တာ၊ အရည်မဝင်တော့တာ
●  ဝမ်းမှာ သွေးတွေ၊ ချွဲတွေ၊ ပြည်တွေ ပါလာတာ၊ ဝမ်းကတ္တရာစေးလို မည်းနက်လာတာ
●  အဖျား ၁၀၂°F ထက်ကြီးပြီး ၂ ရက်ထက်ကြာ ဝမ်းလျှောတာ
●  ၈ နာရီအတွင်း ဝမ်း ၈ ခါလောက် လျှောနေတာ
●  ဝမ်းလျှောပြီးနောက်မှ အမူအကျင့်တွေ ပြောင်းလဲလာတာ
●  တခြားဖျားနာတဲ့လက္ခဏာတွေရှိတာ
●  အစာအဆိပ်သင့်တယ်ထင်တာ စတာတွေရှိရင်တော့ ချက်ချင်း ဆရာဝန်နဲ့ပြသင့်ပါပြီ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

ေမေမေတြဘဝကေတာ့ ကေလးအီအီးေတာထဲကကို မထြက္ရပါဘူးေနာ္။ တစ္ေန႔တစ္ေန႔ ကေလး အီအီးသြားၿပီလား၊ ဘာအေရာင္သြားလဲ၊ အရည္ေတြ မ်ားသြားေနလား စိတ္ပူေနရတာပါပဲ။
ကေလးတစ္ေယာက္ဟာ ဝမ္း တစ္ေန႔ကို ၃ ႀကိမ္သြားတာ၊ ၃ ရက္မွတစ္ႀကိမ္သြားတာ၊ ဒီ ၂ ခုၾကား စသျဖင့္ အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ၿပီးေတာ့ ကေလး အစာမာမာေျပာင္းစားၿပီဆိုတာနဲ႔ ဝမ္းက အရင္သြားေနက်နဲ႔မတူ ေျပာင္းလဲလာပါလိမ့္မယ္။ ဒီလိုအေျပာင္းအလဲေတြထဲမွာ ဝမ္းေလွ်ာၿပီဆိုရင္ေတာ့ ေမေမတို႔ စိုးရိမ္ၾကၿပီေပါ့။

ဝမ္းေလွ်ာတာဟာ မ်ားေသာအားျဖင့္ေတာ့ ခဏတစ္ျဖဳတ္ေလာက္နဲ႔ ေပ်ာက္သြားတာ မ်ားပါတယ္။ ဝမ္းေလွ်ာႏိုင္တဲ့ အေၾကာင္းရင္းေတြကေတာ့ -
●  ဗိုင္းရပ္စ္ပိုး
●  ကေလးအစားအေသာက္ပုံစံ ေျပာင္းလဲသြားတာ၊ ကေလးႏို႔တိုက္ေနတဲ့ေမေမရဲ႕ စားေသာက္မႈပုံစံ ေျပာင္းလဲသြားတာ
●  ကေလး ပိုးသတ္ေဆး ေသာက္ရတာ၊ ကေလးႏို႔တိုက္ေနတဲ့ေမေမ ပိုးသတ္ေဆး ေသာက္ရတာ
●  ဘက္တီးရီးယား အစာအဆိပ္သင့္ျခင္း : ဒီအေျခအေနမွာေတာ့ ေဆးကုသဖို႔ လိုလာပါၿပီ။
●  လက္တို႔စ္အခ်ိဳဓာတ္မတည့္ျခင္းစတာေတြေၾကာင့္ကေလးေတြမွာ ဝမ္းေလွ်ာတတ္ပါတယ္။

ကေလး ဝမ္းေလွ်ာရင္ ခ်က္ခ်င္းကုသဖို႔ အေရးႀကီးပါတယ္။ ကေလးေတြအတြက္ ခ်က္ခ်င္း ေၾကာက္ရတာက ေရဓာတ္ခမ္းေျခာက္တာပါပဲ။ ဒါေၾကာင့္ ကေလး ဝမ္းေလွ်ာၿပီဆိုရင္ ဒီေရဓာတ္ခမ္းေျခာက္တဲ့ လကၡဏာေတြကို ေစာင့္ၾကည့္ဖို႔ လိုပါတယ္။
●  ၆ နာရီတိတိ ဆီး လုံးလုံးမသြားတာ
●  ငိုရင္ မ်က္ရည္မထြက္တာ
●  ပါးစပ္ေျခာက္ေနတာ စတာေတြပါပဲ။

>>  ဒီ့ထက္ပိုဆိုးတဲ့လကၡဏာေတြကေတာ့ -
●  အရမ္းအိပ္ငိုက္ေနတာ
●  ဆီး ပုံမွန္ထက္ ပိုနက္ၿပီး ပိုနံေနတာ
●  မ်က္တြင္းေတြ ခ်ိဳင့္ေနတာ
●  ေျခေတြလက္ေတြ ေအးစက္ေနတာ
●  ငယ္ထိပ္ကေလး ခ်ိဳင့္ေနတာ
●  အသက္ရႉတာျမန္၊ ႏွလုံးခုန္ျမန္ေနတာ စတာေတြပါ။

>>  ကုသနည္းေတြကေတာ့ -
အဓိက,က အရည္ဓာတ္ ေကာင္းေကာင္းျဖည့္ဖို႔ပါပဲ။ ကေလး အသက္ ၁၂ လေအာက္ဆိုရင္ အေမ့ႏို႔၊ ေဖာ္ျမဴလာႏို႔၊ ၁ ႏွစ္နဲ႔အထက္ဆိုရင္ ႏို႔နဲ႔ေရေလာက္ဆိုရင္ ရပါတယ္။ ဒါေပမဲ့ ဝမ္းေလွ်ာတာ အရမ္းဆိုးတယ္ဆိုရင္ေတာ့ ဓာတ္ဆားရည္ ျပန္ေသာက္ဖို႔လို ႏိုင္ပါတယ္။
ဒါ့အျပင္ အစားအေသာက္ကလည္း အေရးႀကီးပါေသးတယ္။ ေျပာင္းလဲပစ္ဖို႔ေတာ့ မလိုေပမယ့္ သဘာဝအာဟာရေတြျဖစ္တဲ့ အုတ္ဂ်ဳံ၊ ငွက္ေပ်ာသီး၊ ပန္းသီးေပ်ာ့နဲ႔ အစာေၾကလြယ္တဲ့အသီးေတြျဖစ္တဲ့ သခြားေမႊး၊ ဖရဲသီး စတာေတြကို ေကြၽးေပးႏိုင္ပါတယ္။
အူလမ္းေၾကာင္းအက်ိဳးျပဳ probiotics ေတြက ဝမ္းေလွ်ာလကၡဏာေတြကို ေလ်ာ့နည္းေစႏိုင္ပါတယ္။
ဝမ္းပိတ္ေဆးေတြကို ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူႏိုင္ေပမယ့္ ေဘးျဖစ္ေစႏိုင္တာေၾကာင့္ မတိုက္ခင္ ဆရာဝန္နဲ႔ တိုင္ပင္မွျဖစ္မွာပါ။

>>  ကေလးအတြက္ ဘာေတြလုပ္ေပးႏိုင္သလဲ?
ကေလးကို အရည္မ်ားမ်ားတိုက္ဖို႔ အေရးႀကီးတယ္ေနာ္။
အသက္ ၁၂ လေအာက္ဆို အေမ့ႏို႔၊ ေဖာ္ျမဴလာႏို႔၊ အသက္ ၁ ႏွစ္အထက္ဆိုရင္ အေမ့ႏို႔ သို႔မဟုတ္ ႏို႔အစားထိုး၊ ေရေတြ တိုက္လို႔ရၿပီး ကေလး ဗိုက္ျပည့္ၿပီဆိုတဲ့အထိ တိုက္ေပးပါ။

>>  ဝမ္းေလွ်ာတာ ပိုဆိုးလာတယ္၊ ေရေသာက္ရမွာ စိတ္မဝင္စားေတာ့ဘူးဆိုရင္ -
●  ဓာတ္ဆားရည္ တိုက္ေပးပါ။
●  ငွက္ေပ်ာ၊ အုန္းရည္၊ ေရခဲေရာေမြၿပီး Smoothies လုပ္တိုက္တာ၊ ဒါမွမဟုတ္ ႐ိုး႐ိုးရွင္းရွင္း ေဖ်ာ္တိုက္တာမ်ိဳး လုပ္ႏိုင္ပါတယ္။
●  ေနာက္ အသီးေတြကိုပဲ ေရခဲေခ်ာင္း လုပ္ေပးလို႔လည္း ရပါတယ္။
အခ်ိဳရည္ေတြ၊ အားျဖည့္အခ်ိဳရည္ေတြ၊ ဆိုဒါဂတ္စ္အခ်ိဳရည္ေတြကို ေရွာင္ေပးပါ။
ဒါေတြမွာပါတဲ့ သၾကားဓာတ္က ဝမ္းေလွ်ာတာကို ပိုဆိုးေစႏိုင္ပါတယ္။ အထူးသျဖင့္ ေမြးကင္းစေလးေတြနဲ႔ ေတာက္တီးေတာက္တဲ့ လမ္းေလွ်ာက္တတ္တဲ့အရြယ္ကေလးေလးေတြမွာေပါ့။

>>  က်န္းမာေရးနဲ႔ ညီညီၫြတ္ၫြတ္ ေကြၽးပါ။
●  ငွက္ေပ်ာသီး၊ ပန္းသီးေပ်ာ့၊ ေပါင္မုန႔္၊ အုတ္ဂ်ဳံ၊ ေျပာင္းဖူး Cereal မနက္စာ၊ အာလူး၊ ထမင္းျဖဴ၊ ပန္ကိတ္၊ ေဝဖာ
●  ေရဓာတ္မ်ားၿပီး အစာေၾကလြယ္တဲ့ သခြားေမႊး၊ ဖရဲသီး စတဲ့ အသီးေတြ
●  ေျခဖ်က္ရလြယ္တဲ့ ပ႐ိုတင္း အသားဓာတ္ေတြျဖစ္တဲ့ ၾကက္ဥ၊ ၾကက္သား၊ ငါး
●  အသားျပဳတ္ရည္ေတြ
●  မုန္လာဥနီ၊ ပဲသီးစိမ္း၊ အာလူး စတဲ့ အသီးအရြက္ျပဳတ္ေတြ စတာေတြကို ေကြၽးေပးပါ။

>>  ျဖစ္ႏိုင္ရင္
●  အဆီနဲ႔အခ်ိဳမ်ားတဲ့ အေၾကာ္အေလွာ္ေတြ၊ ေရခဲမုန႔္ေတြ
●  ကေလး ဝမ္းေလွ်ာတာကို ပိုဆိုးေစႏိုင္တယ္လို႔ထင္တဲ့ အစားအေသာက္ေတြကို ေလွ်ာ့စားေပးသင့္ပါတယ္။
ကေလးေလးရဲ႕ ဖင္ကေလး နာတာ၊ က်င္တာ၊ နီရဲတာမ်ိဳး မျဖစ္ရေလေအာင္ ေရပတ္ဝတ္ေလးနဲ႔ ဖြဖြသုတ္ေပးတာ၊ ေရေလးနဲ႔ေဆးၿပီး ဖြဖြသုတ္တာ ဒါမွမဟုတ္ ေလအေျခာက္ခံတာေတြ လုပ္ေပးလို႔ရပါတယ္။ မၾကာမၾကာ ေသးခံလဲေပးတာ၊ အဆီကေလးေတြ၊ ခရင္မ္ေလးေတြလည္း လိမ္းေပးလို႔ ရပါတယ္။
●  ကေလး ေရဓာတ္ခမ္းေျခာက္လာတာ
●  အန္တာ၊ အရည္မဝင္ေတာ့တာ
●  ဝမ္းမွာ ေသြးေတြ၊ ခြၽဲေတြ၊ ျပည္ေတြ ပါလာတာ၊ ဝမ္းကတၱရာေစးလို မည္းနက္လာတာ
●  အဖ်ား ၁၀၂°F ထက္ႀကီးၿပီး ၂ ရက္ထက္ၾကာ ဝမ္းေလွ်ာတာ
●  ၈ နာရီအတြင္း ဝမ္း ၈ ခါေလာက္ ေလွ်ာေနတာ
●  ဝမ္းေလွ်ာၿပီးေနာက္မွ အမူအက်င့္ေတြ ေျပာင္းလဲလာတာ
●  တျခားဖ်ားနာတဲ့လကၡဏာေတြရွိတာ
●  အစာအဆိပ္သင့္တယ္ထင္တာ စတာေတြရွိရင္ေတာ့ ခ်က္ခ်င္း ဆရာဝန္နဲ႔ျပသင့္ပါၿပီ။

Dr. Mya Phoo Ngon (www.drmyanmar.com)