ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အမှားများ
ဖေဖေမေမေတို့ သတိမထားမိလိုက်ပါဘဲ သားသားမီးမီးလေးတွေမှာ အန္တရာယ်ဖြစ်သွားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။
ဖေဖေမေမေတို့အနေနဲ့ သားသမီးကို ဒုက္ခမရောက်အောင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အစွမ်းကုန် တားဆီးကြမှာ ဓမ္မတာပါပဲ။ အိမ်အပြင်ဘက်မှာတင် အန္တရာယ်ဆိုတာ ရှိတာမဟုတ်ပါဘူးနော်။ အိမ်တွင်းရန်ကလည်း ကြောက်ရပါတယ်။
၁။ ရေခဲသေတ္တာထဲက အဆိပ်အတောက်
ပြည့်ကျပ်နေပြီး မသန့်ရှင်းတဲ့ ရေခဲသေတ္တာဆိုတာ ဗိုက်ကို ဒုက္ခပေးတဲ့ပိုးတွေ ခိုအောင်းရာနေရာပါ။ ဒါကြောင့် ရေခဲသေတ္တာကို တစ်ပတ်တစ်ခါလောက် ရှင်းပေးပါ။ စားလို့မရတော့တာတွေကို လွှင့်ပစ်ပြီး သံဘူးနဲ့ အစားအသောက်တွေကို တခြားသိုလှောင်စရာဘူးတွေနဲ့ လှယ်ထည့်ပါ။
၂။ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား မွေးမြူရာ
အိမ်မှာသုံးတဲ့ ပန်းအိုးတွေ၊ ရေငွေ့ပေးစက်တွေ စတာတွေဟာ ခြင်တွေ ပေါက်ဖွားရာနေရာ ဖြစ်နိုင်ပါတယ်။ ခြင်တွေကြောင့် ကြောက်စရာကောင်းတဲ့ သွေးလွန်တုပ်ကွေးတို့၊ ငှက်ဖျားတို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေကို တစ်နေ့တစ်ခါ လဲလှယ်ပေးပြီး ရေဝပ်တဲ့နေရာမရှိအောင် ဂရုစိုက်ပေးပါ။
၃။ တီဗီတွေ၊ ဖုန်းတွေထဲက မသင့်တော်တဲ့မြင်ကွင်းတွေ
ကလေးရဲ့ စိတ်ကျန်းမာရေးကလည်း အရေးကြီးပါတယ်နော်။ တီဗီတို့ဖုန်းတို့မှာ ကလေးအသက်အရွယ်နဲ့ မလိုက်တာတွေ ကြည့်မိတဲ့အခါ ကလေးစိတ်ထဲမှာ မလိုလားအပ်တဲ့ အကြောက်တရားတွေ၊ မလုံခြုံမှုတွေ ခံစားရစေပါတယ်။ ဒါကြောင့် ကလေးမကြည့်ခင်မှာ မိဘက သင့်တော်၏၊ မတော်၏ အရင်ကြည့်ပေးပါ။ ကလေး မတော်တဆ မကြည့်မိအောင်လည်း အမြဲစောင့်ကြပ်ပေးပါ။
Biogesic for kids IA 1
၄။ သရေစာပြဿနာ
ကလေးရဲ့အစားအသောက်မှာ သရေစာနဲ့ ကိုလာတွေ လုံးဝမပါပါစေနဲ့။ ဒီလိုအချိုရည်တွေကို ရေရှည်စွဲသောက်ရင် ကလေးတွေမှာ စိတ်တိုလွယ်စေခြင်း၊ စိတ်ဓာတ်ကျစေခြင်း စတဲ့ စိတ်ခံစားချက် အပြုအမူဆိုင်ရာပြဿနာတွေ ဖြစ်စေနိုင်ပါသတဲ့။ အဝလွန်စေတာ၊ သွားပိုးစားတာ စတဲ့ ပြဿနာတွေကတော့ ပြောစရာကို မလိုတော့ပါဘူးနော်။
၅။ အဝတ်အစားကို အိမ်ထဲမှာလှန်းခြင်း
နေရာမရှိ၊ လေဝင်လေထွက် မကောင်းတဲ့အခန်းထဲ အဝတ်စိုတွေလှန်းတာက မှိုပေါက်စေနိုင်ပါတယ်နော်။ ပန်းနာရင်ကြပ်တွေ၊ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်လို့ သတိပြုဖို့လိုပါတယ်။
၆။ နေရောင်အထိများခြင်း
နေရောင်ကို တိုက်ရိုက် ကြာကြာထိတွေ့တဲ့အခါ ဓာတ်မတည့်တာတွေ၊ အရေပြားကင်ဆာဖြစ်တာတွေ တာရှည်မှာ ဖြစ်လာနိုင်ပါတယ်။ ကလေးရဲ့ နူးညံ့တဲ့အသားအရည်ကို ခရမ်းလွန်ရောင်ခြည်တွေနဲ့ မထိတွေ့စေဖို့ အရေးကြီးပါတယ်။ နေ့လယ်ခင်းတွေ အပြင်ထွက်တာကို ရှောင်ပြီး ထွက်ဖြစ်ရင်လည်း လက်ရှည်ဘောင်းဘီရှည် ဝတ်တာ၊ နေရောင်ကာခရင်မ် လိမ်းတာတွေ ပြုလုပ်ပေးပါ။
၇။ ဆေးလိပ်ငွေ့များ
ဆေးလိပ်သောက်တာဟာ ကလေးတွေအတွက် အင်မတန် ဘေးဖြစ်စေပါတယ်။ ဆေးလိပ်သောက်ပြီးချိန်မှာ လေထုထဲ ဆေးလိပ်ရဲ့ မကောင်းတဲ့ဓာတ်သတ္တုတွေ အချိန်အတန်ကြာ ရှိနေတတ်ပါတယ်။ ကလေးငယ်လေးတွေမှာ ဒီလိုဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ၊ နှစ်ဆင့်ခံ ရှူရှိုက်ရခြင်းကြောင့် အဆုတ်ရောဂါတွေ၊ ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။
ကလေးရဲ့ကျန်းမာရေးဟာ မေမေဖေဖေတို့ လက်ထဲမှာပါပဲ။ ဒါကြောင့် ကလေးကို ဘေးဖြစ်စေမယ့် ဒီအချက်တွေကို ဆင်ခြင်ပေးဖို့ လိုပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
ေဖေဖေမေမတို႔ သတိမထားမိလိုက္ပါဘဲ သားသားမီးမီးေလးေတြမွာ အႏၲရာယ္ျဖစ္သြားႏိုင္တဲ့ အေျခအေနေတြ ရွိပါတယ္။
ေဖေဖေမေမတို႔အေနနဲ႔ သားသမီးကို ဒုကၡမေရာက္ေအာင္ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ အစြမ္းကုန္ တားဆီးၾကမွာ ဓမၼတာပါပဲ။ အိမ္အျပင္ဘက္မွာတင္ အႏၲရာယ္ဆိုတာ ရွိတာမဟုတ္ပါဘူးေနာ္။ အိမ္တြင္းရန္ကလည္း ေၾကာက္ရပါတယ္။
၁။ ေရခဲေသတၱာထဲက အဆိပ္အေတာက္
ျပည့္က်ပ္ေနၿပီး မသန႔္ရွင္းတဲ့ ေရခဲေသတၱာဆိုတာ ဗိုက္ကို ဒုကၡေပးတဲ့ပိုးေတြ ခိုေအာင္းရာေနရာပါ။ ဒါေၾကာင့္ ေရခဲေသတၱာကို တစ္ပတ္တစ္ခါေလာက္ ရွင္းေပးပါ။ စားလို႔မရေတာ့တာေတြကို လႊင့္ပစ္ၿပီး သံဘူးနဲ႔ အစားအေသာက္ေတြကို တျခားသိုေလွာင္စရာဘူးေတြနဲ႔ လွယ္ထည့္ပါ။
၂။ ေသြးလြန္တုပ္ေကြးနဲ႔ ငွက္ဖ်ား ေမြးျမဴရာ
အိမ္မွာသုံးတဲ့ ပန္းအိုးေတြ၊ ေရေငြ႕ေပးစက္ေတြ စတာေတြဟာ ျခင္ေတြ ေပါက္ဖြားရာေနရာ ျဖစ္ႏိုင္ပါတယ္။ ျခင္ေတြေၾကာင့္ ေၾကာက္စရာေကာင္းတဲ့ ေသြးလြန္တုပ္ေကြးတို႔၊ ငွက္ဖ်ားတို႔ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေရကို တစ္ေန႔တစ္ခါ လဲလွယ္ေပးၿပီး ေရဝပ္တဲ့ေနရာမရွိေအာင္ ဂ႐ုစိုက္ေပးပါ။
၃။ တီဗီေတြ၊ ဖုန္းေတြထဲက မသင့္ေတာ္တဲ့ျမင္ကြင္းေတြ
ကေလးရဲ႕ စိတ္က်န္းမာေရးကလည္း အေရးႀကီးပါတယ္ေနာ္။ တီဗီတို႔ဖုန္းတို႔မွာ ကေလးအသက္အရြယ္နဲ႔ မလိုက္တာေတြ ၾကည့္မိတဲ့အခါ ကေလးစိတ္ထဲမွာ မလိုလားအပ္တဲ့ အေၾကာက္တရားေတြ၊ မလုံၿခဳံမႈေတြ ခံစားရေစပါတယ္။ ဒါေၾကာင့္ ကေလးမၾကည့္ခင္မွာ မိဘက သင့္ေတာ္၏၊ မေတာ္၏ အရင္ၾကည့္ေပးပါ။ ကေလး မေတာ္တဆ မၾကည့္မိေအာင္လည္း အၿမဲေစာင့္ၾကပ္ေပးပါ။
၄။ သေရစာျပႆနာ
ကေလးရဲ႕အစားအေသာက္မွာ သေရစာနဲ႔ ကိုလာေတြ လုံးဝမပါပါေစနဲ႔။ ဒီလိုအခ်ိဳရည္ေတြကို ေရရွည္စြဲေသာက္ရင္ ကေလးေတြမွာ စိတ္တိုလြယ္ေစျခင္း၊ စိတ္ဓာတ္က်ေစျခင္း စတဲ့ စိတ္ခံစားခ်က္ အျပဳအမူဆိုင္ရာျပႆနာေတြ ျဖစ္ေစႏိုင္ပါသတဲ့။ အဝလြန္ေစတာ၊ သြားပိုးစားတာ စတဲ့ ျပႆနာေတြကေတာ့ ေျပာစရာကို မလိုေတာ့ပါဘူးေနာ္။
၅။ အဝတ္အစားကို အိမ္ထဲမွာလွန္းျခင္း
ေနရာမရွိ၊ ေလဝင္ေလထြက္ မေကာင္းတဲ့အခန္းထဲ အဝတ္စိုေတြလွန္းတာက မႈိေပါက္ေစႏိုင္ပါတယ္ေနာ္။ ပန္းနာရင္ၾကပ္ေတြ၊ ဓာတ္မတည့္တာေတြ ျဖစ္ေစႏိုင္လို႔ သတိျပဳဖို႔လိုပါတယ္။
၆။ ေနေရာင္အထိမ်ားျခင္း
ေနေရာင္ကို တိုက္႐ိုက္ ၾကာၾကာထိေတြ႕တဲ့အခါ ဓာတ္မတည့္တာေတြ၊ အေရျပားကင္ဆာျဖစ္တာေတြ တာရွည္မွာ ျဖစ္လာႏိုင္ပါတယ္။ ကေလးရဲ႕ ႏူးညံ့တဲ့အသားအရည္ကို ခရမ္းလြန္ေရာင္ျခည္ေတြနဲ႔ မထိေတြ႕ေစဖို႔ အေရးႀကီးပါတယ္။ ေန႔လယ္ခင္းေတြ အျပင္ထြက္တာကို ေရွာင္ၿပီး ထြက္ျဖစ္ရင္လည္း လက္ရွည္ေဘာင္းဘီရွည္ ဝတ္တာ၊ ေနေရာင္ကာခရင္မ္ လိမ္းတာေတြ ျပဳလုပ္ေပးပါ။
၇။ ေဆးလိပ္ေငြ႕မ်ား
ေဆးလိပ္ေသာက္တာဟာ ကေလးေတြအတြက္ အင္မတန္ ေဘးျဖစ္ေစပါတယ္။ ေဆးလိပ္ေသာက္ၿပီးခ်ိန္မွာ ေလထုထဲ ေဆးလိပ္ရဲ႕ မေကာင္းတဲ့ဓာတ္သတၱဳေတြ အခ်ိန္အတန္ၾကာ ရွိေနတတ္ပါတယ္။ ကေလးငယ္ေလးေတြမွာ ဒီလိုေဆးလိပ္ေငြ႕ကို တစ္ဆင့္ခံ၊ ႏွစ္ဆင့္ခံ ရႉရႈိက္ရျခင္းေၾကာင့္ အဆုတ္ေရာဂါေတြ၊ ကင္ဆာေတြ ျဖစ္လာႏိုင္ပါတယ္။
ကေလးရဲ႕က်န္းမာေရးဟာ ေမေမေဖေဖတို႔ လက္ထဲမွာပါပဲ။ ဒါေၾကာင့္ ကေလးကို ေဘးျဖစ္ေစမယ့္ ဒီအခ်က္ေတြကို ဆင္ျခင္ေပးဖို႔ လိုပါတယ္ေနာ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























