/
node/10104

သားဥအိမ်အရည်အိတ်ဆိုတာ ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သားဥအိမ်မှာ အရည်တွေနဲ့ပြည့်နေတဲ့ အိတ်ကလေးတွေ ဖြစ်တတ်ပါတယ်။ ဓမ္မတာစက်ဝန်းမှာ သားဥအိမ်ဟာ အရည်အိတ်ကလေးတွေ ထုတ်လေ့ရှိပါတယ်။ များသောအားဖြင့်ကတော့ သေးသေးလေးတွေဖြစ်ပြီး ကင်ဆာမဟုတ်တဲ့ ရိုးရိုးအိတ်ကလေးတွေ ဖြစ်တတ်ပြီး အရည်အိတ်အကြီးကြီးတွေဖြစ်ရင် နာတာ ကျင်တာနဲ့ တခြားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

>>  ရောဂါလက္ခဏာတွေအနေနဲ့ ...
အရည်အိတ်အများစုဟာ ဘာရောဂါလက္ခဏာမှမပြဘဲ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အရွယ်အစားကြီးတဲ့ အရည်အိတ်တွေမှာ -
●  တင်ပါးဆုံအောက်ပိုင်း နာကျင်ခြင်း : အရည်အိတ်ရှိတဲ့ဘက် ဗိုက်အောက်ပိုင်းမှာ စူးစူးကြီးနာတာ၊ ဒါမှမဟုတ် တင်းတင်းကြီးနာတာမျိုး ရှိတတ်ပါတယ်။
●  ဗိုက်ကြီးလေးနေခြင်း
●  ရင်ပြညိ့ရင်ကယ်ဖြစ်ခြင်း စတဲ့လက္ခဏာတွေ လာတတ်ပါတယ်။

>>  အရည်အိတ်ရှိသူတစ်ယောက်မှာ ရုတ်တရက်ဗိုက်အောင့်လာခဲ့ရင် -
●  သွေးထွက်ပြီး ဘေးနားကတစ်သျှူးးတွေကို သွားဆွလို့ ဒါမှမဟုတ်
●  အရည်အိတ် လိမ်သွားပြီး သားဥအိမ်ကို သွေးသွားသွေးလာ ရပ်သွားစေလို့ ဖြစ်နိုင်ပါတယ်။

>>  ကုသနည်းတွေကတော့ ...
ကုသနည်းဟာ အမျိုးသမီးရဲ့အသက်၊ ဓမ္မတာစက်ဝန်း၊ အရည်အိတ်ရဲ့အရွယ်အစားနဲ့ အမျိုးအစား၊ ရောဂါလက္ခဏာ ဘယ်လောက်ဆိုးလဲဆိုတာတွေပေါ် မူတည်နေပါတယ်။
●  အိတ်က ပိုပိုကြီးလာတယ်၊ ၂ စင်တီမီတာထက်ကို ပိုကြီးနေတယ်
●  အရည်အိတ်ထဲမှာ အစိုင်အခဲတွေပါ ဖြစ်နေတယ်
●  လက္ခဏာတွေ တောက်လျှောက်ရှိနေတယ်၊ ပိုဆိုးလာနေတယ်
●  ဓမ္မတာစက်ဝန်း၂-၃ စက်ဝန်းထက်ကို ပိုကြာကြာရှိနေတယ်
●  သွေးအသွားအလာကို နှောင့်ယှက်နေတယ်ဆိုရင်တော့ ဖြတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။

ကင်ဆာမဟုတ်တဲ့အိတ်တွေကို ဗိုက်မခွဲဘဲ မှန်ပြောင်းနဲ့ ခွဲစိတ်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ သားဥအိတ်တစ်ခုလုံးကို ထုတ်ပစ်ဖို့ လိုတတ်ပါတယ်။ ကင်ဆာဖြစ်နေပြီဆိုရင်တော့ ဗိုက်ခွဲပြီး သားဥအိမ်တင်မက သားအိမ်ကိုပါ ခွဲထုတ်ဖို့လိုပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)