/
node/10110

ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့် သက်ရောက်မှုတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ကြောင့် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲဆိုတော့ -

(၁)  လူမှုဘဝ
ပျော်ပွဲရွှင်ပွဲနဲ့ လူမှုရေးကိစ္စများမှာ အများနည်းတူ မပျော်ရွှင်နိုင်တာမျိုးတွေအထိ ဖြစ်တတ်ကြပါတယ်။

(၂)  ခြေထောက်များ
စစ်တမ်းများအရ မိုင်ဂရိမ်းဖြစ်သူ ခြောက်ယောက်အနက် တစ်ယောက်ဟာဆိုရင် Restless legs syndrome လို့ခေါ်တဲ့ ညနေဘက်နဲ့ညဘက် အိပ်နေစဉ်မှာ ခြေထောက်လှုပ်ခြင်း၊ ခြေထောက်များစူးခြင်း စတဲ့ လက္ခဏာများကို ခံစားရတတ်ပါတယ်။

(၃)  လိင်မှုဘဝ
ခံစားရသူတွေရဲ့ ၉၀ ရာနှုန်းလောက်က ချစ်သူနဲ့ဆက်ဆံရေးကို ထိခိုက်မှုရှိတယ်လို့ ဖွင့်ဟကြပါတယ်။ သို့သော် ဝေဒနာခံစားရသူ သုံးပုံတစ်ပုံကတော့ လိင်ဆက်ဆံနေစဉ်မှာ ခေါင်းကိုက်ခြင်း သက်သာတာကို ခံစားရတယ်လို့ ဆိုပါတယ်။

(၄)  စိတ်ကျန်းမာရေး
နာတာရှည်ခေါင်းကိုက်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ရာကနေ စိတ်ကျသည်အထိ ဆိုးရွားစေနိုင်ပါတယ်။

(၅)  နှလုံး
ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိခြင်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်ခြင်းကို ၅၀ ရာနှုန်းခန့် မြင့်တက်စေပါတယ်။

Bio Adult 1

(၆)  အိပ်စက်ခြင်း
ခေါင်းကိုက်ခြင်းကြောင့် အိပ်မပျော်တတ်သလို အိပ်ရေးပျက်ခြင်းကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

(၇)  ကြွက်သား
ခေါင်းတစ်ခြမ်းကိုက်သောသူများတွင် ခေါင်းအစခြေအဆုံး ကြွက်သားများနာကျင်ခြင်းကို ခံစားရတတ်ပါတယ်။

(၈)  နေ့စဉ်လုပ်ငန်းဆောင်တာများ
ခံစားရသူ ၉၁ ရာနှုန်းရဲ့အဆိုအရ ခေါင်းကိုက်ခြင်းကြောင့် အားကစားခန်းမ (gym) သွားခြင်း၊ ရုပ်ရှင်သွားကြည့်ခြင်းစတဲ့ ပုံမှန်လုပ်ငန်းဆောင်တာများကို မပြုလုပ်နိုင်တာမျိုး ရှိပါတယ်။

(၉)  အလုပ်အကိုင်
ပြင်းထန်သော ခေါင်းကိုက်ခြင်းကြောင့် အလုပ်နားရခြင်း ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ ခွင့်ယူရခြင်း၊ အလုပ်ချိန်လျှော့ရခြင်းတို့ကို ဖြစ်စေပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Bio Adult 2

(Zawgyi)

ေခါင္းတစ္ျခမ္းကိုက္ေရာဂါ (Migraine) ေၾကာင့္ ဘယ္လိုသက္ေရာက္မႈေတြ ျဖစ္ေစႏိုင္သလဲဆိုေတာ့ -

(၁)  လူမႈဘဝ
ေပ်ာ္ပြဲ႐ႊင္ပြဲနဲ႔ လူမႈေရးကိစၥမ်ားမွာ အမ်ားနည္းတူ မေပ်ာ္႐ႊင္ႏိုင္တာမ်ိဳးေတြအထိ ျဖစ္တတ္ၾကပါတယ္။

(၂)  ေျခေထာက္မ်ား
စစ္တမ္းမ်ားအရ မိုင္ဂရိမ္းျဖစ္သူ ေျခာက္ေယာက္အနက္ တစ္ေယာက္ဟာဆိုရင္ Restless legs syndrome လို႔ေခၚတဲ့ ညေနဘက္နဲ႔ညဘက္ အိပ္ေနစဥ္မွာ ေျခေထာက္လႈပ္ျခင္း၊ ေျခေထာက္မ်ားစူးျခင္း စတဲ့ လကၡဏာမ်ားကို ခံစားရတတ္ပါတယ္။

(၃)  လိင္မႈဘဝ
ခံစားရသူေတြရဲ႕ ၉၀ ရာႏႈန္းေလာက္က ခ်စ္သူနဲ႔ဆက္ဆံေရးကို ထိခိုက္မႈရွိတယ္လို႔ ဖြင့္ဟၾကပါတယ္။ သို႔ေသာ္ ေဝဒနာခံစားရသူ သုံးပုံတစ္ပုံကေတာ့ လိင္ဆက္ဆံေနစဥ္မွာ ေခါင္းကိုက္ျခင္း သက္သာတာကို ခံစားရတယ္လို႔ ဆိုပါတယ္။

(၄)  စိတ္က်န္းမာေရး
နာတာရွည္ေခါင္းကိုက္ျခင္းေၾကာင့္ စိတ္ဖိစီးမႈျဖစ္ရာကေန စိတ္က်သည္အထိ ဆိုးရြားေစႏိုင္ပါတယ္။

(၅)  ႏွလုံး
ေခါင္းတစ္ျခမ္းကိုက္ေရာဂါရွိျခင္းဟာ ႏွလုံးေရာဂါ၊ ေလျဖတ္ျခင္းနဲ႔ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါမ်ား ျဖစ္ျခင္းကို ၅၀ ရာႏႈန္းခန႔္ ျမင့္တက္ေစပါတယ္။

(၆)  အိပ္စက္ျခင္း
ေခါင္းကိုက္ျခင္းေၾကာင့္ အိပ္မေပ်ာ္တတ္သလို အိပ္ေရးပ်က္ျခင္းကလည္း ေခါင္းကိုက္ျခင္းကို ျဖစ္ေပၚေစပါတယ္။

(၇)  ႂကြက္သား
ေခါင္းတစ္ျခမ္းကိုက္ေသာသူမ်ားတြင္ ေခါင္းအစေျခအဆုံး ႂကြက္သားမ်ားနာက်င္ျခင္းကို ခံစားရတတ္ပါတယ္။

(၈)  ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ား
ခံစားရသူ ၉၁ ရာႏႈန္းရဲ႕အဆိုအရ ေခါင္းကိုက္ျခင္းေၾကာင့္ အားကစားခန္းမ (gym) သြားျခင္း၊ ႐ုပ္ရွင္သြားၾကည့္ျခင္းစတဲ့ ပုံမွန္လုပ္ငန္းေဆာင္တာမ်ားကို မျပဳလုပ္ႏိုင္တာမ်ိဳး ရွိပါတယ္။

(၉)  အလုပ္အကိုင္
ျပင္းထန္ေသာ ေခါင္းကိုက္ျခင္းေၾကာင့္ အလုပ္နားရျခင္း ေကာင္းစြာ အလုပ္မလုပ္ႏိုင္ျခင္း၊ ခြင့္ယူရျခင္း၊ အလုပ္ခ်ိန္ေလွ်ာ့ရျခင္းတို႔ကို ျဖစ္ေစပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)