/
node/10282

ဟော်မုန်းအပြောင်းအလဲကြောင့် မွေးဖွားပြီးစမေမေတို့ ကြုံရတတ်တဲ့ စိတ်အခြေအနေ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကလေးမွေးဖွားပြီးကာစအချိန်မှာ မေမေတွေဟာ လူပင်ပန်း စိတ်ပင်ပန်းသလို ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ကျရောဂါပါ ခံစားရနိုင်ပါတယ်။ စိတ်ကျရောဂါ ဖြစ်၊ မဖြစ် သိရှိဖို့အတွက် အရပ်ထဲကဆေးခန်း ဆရာဝန် သို့မဟုတ် ကျန်းမာရေးဌာနတစ်ခုခုနဲ့ အရင်ဆုံးပြကြည့်ဖို့ လိုပါတယ်။ စိတ်ကျရောဂါ ရှိ၊ မရှိကို မိမိအကြောင်း မေးခွန်းတွေ မြောက်မြားစွာမေးပြီး ဖြေဆိုကြည့်ရတာ ဖြစ်ပါတယ်။ ဆရာဝန်က မိမိရဲ့လက်ရှိအခြေအနေကို မေးမြန်းပြီးအဖြေတွေက တစ်ဆင့် ထပ်မံစမ်းသပ်မှုများ ပြုလုပ်ကာရောဂါ ရှိ၊ မရှိ အဖြေထုတ်ပေးတာ ဖြစ်ပါတယ်။
စိတ်ကျရောဂါတွေမှာ သာမန်အဆင့်၊ အလယ်အလတ်အဆင့်နဲ့ ပြင်းထန်အဆင့်ဆိုပြီး သုံးဆင့်ရှိပါတယ်။

Obimin 1

တကယ်လို့မိမိအနေနဲ့ စိတ်ခံစားမှုမကောင်းဘူး စိတ်ဓာတ်ကျဆင်းနေတယ်ထင်တာ နှစ်ပတ်ကျော်သွားရင် ဆရာဝန်ကို ပြသပြီး ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုခံယူသင့်ပါတယ်။ စိတ်ရောဂါသည်လို့ သတ်မှတ်လိုက်မှာ လုံးဝမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေဟာ သင့်ကို ကူညီဖို့အသင့်ရှိနေပြီး မိမိနဲ့ပတ်သက်တဲ့ ရောဂါအနေအထားတွေကိုလည်း တခြားတွေကို ဖွင့်ဟပြောဆိုမှာ မဟုတ်ပါဘူး။
ကလေးမွေးဖွားပြီးတဲ့ မိခင်ဆယ်ယောက်မှာ တစ်ယောက်ဟာ စိတ်ဓာတ်ကျပြီး အလိုလိုနေရင်း ဝမ်းနည်းအားငယ်နေတာ၊ မကျေမချမ်းဖြစ်တာ၊ စိတ်ကယောက်ကယက်ဖြစ်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ကလေးမွေးဖွားတဲ့ မိခင်တိုင်းဟာ သူငယ်ချင်းနဲ့မိသားစုတွေရဲ့စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုတွေ၊ တယုတယ ဂရုတစိုက်အားပေးတာတွေ လိုအပ်ပါတယ်။ ကလေးမွေးဖွားမှုအပြင် ကလေးပျက်ကျတာကြုံရတဲ့ ကလေးဆုံးပါးသွားတဲ့ မိခင်တွေဟာလည်း အနီးကပ် စောင့်ရှောက်မှုနဲ့ ကူညီအားပေးဖို့ ဝေဒနာတွေကို နားထောင်ပေးမယ့် အသိုင်းအဝိုင်းတစ်ခု လိုအပ်ပါတယ်။

Obimin 2

နောက်တစ်ခုကိုတော့ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးရောဂါလို့ အမည်တပ်ပါရစေ။ အဲဒီဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးက ဒီလိုဖွင့်ဟပါတယ်။ ကျွန်မဟာ တချို့အချိန်တွေမှာ အလွန်အကျွံစိတ်တက်ကြွတာ ဂဏှာမငြိမ်တာတွေကို ခံစားရပြီး တချို့အချိန်တွေမှာတော့ ဘာမှမလုပ်ချင်မကိုင်လောက်အောင် ပျော့ခွေနုန်းချိနေတတ်ပါတယ်။ နုံးခွေနေတဲ့အချိန်မှာ ဘယ်လိုမှ တွန်းအားမရှိသလို အိပ်ရာထဲမှာပဲ ခွေနေချင်မိပါသတဲ့။
တချို့လူတွေကျတော့ ရာသီဥတုအလိုက် စိတ်ကျရောဂါ ဝင်လာတတ်တာ ဖြစ်ပါတယ်။ များသောအားဖြင့် ဆောင်းဝင်စ စက်တင်ဘာလနဲ့ အောက်တိုဘာအစောပိုင်းမှာ စတင်လေ့ရှိပြီး ဧပြီလလယ်လောက်ဆိုရင် ပုံမှန်စိတ်အခြေအနေ ပြန်ဖြစ်သွားတတ်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့ တစ်အုပ်စုကျတော့ နှစ်နှစ်တိုင်တိုင် မပျော်ရွှင်နိုင်တော့ဘဲ စိတ်ဓာတ်ကျဆင်းနေတာ ဖြစ်ပါတယ်။ သူရဲ့ အနီးကပ်လူကတော့ မပျော်ရွှင်ဘဲ ငေးမှိုင်နေတတ်တာ၊ အစားအသောက်နည်းတာ၊ နေမကောင်းတာတွေ ကာလရှည်လာရင် သတိထားမိလာမှာ ဖြစ်ပါတယ်။ ဘာရောဂါမှမရှိဘဲ ဆေးရုံဆေးခန်းတွေမှာ အကြောဆေးထိုး၊ အားဆေးသွင်းတာပဲ လုပ်ချင်နေသူတွေ ပျော့ခွေပြီး ဘာမှမလုပ်ချင်ဘဲ တရှောင်ရှောင်ဖြစ်နေသူတွေဟာ စိတ်ကျရောဂါ ရှိ၊ မရှိ စစ်ဆေးမှု ခံယူသင့်ပါတယ်။
ဒီလူကတော့ဖြင့် ဆိုက်ကိုဖြစ်နေပြီလို့ ဆိုလိုက်ရင် အူတိအူကြောင် ဂွတီးဂွကျလူတွေကို ရည်ညွှန်းကြပါတယ်။ ဆရာဝန်တွေ သတ်မှတ်တဲ့ဆိုက်ကိုကတော့ အဲဒါထက် အများကြီးဆိုးပါတယ်။ စိတ်ရောဂါဖြစ်ပွားအဆင့်လို့ သတ်မှတ်ပြီး ကုသမှု ချက်ချင်းခံယူဖို့ လိုအပ်လေ့ရှိပါတယ်။ သူတို့တွေဟာ မိမိကိုယ်မိမိလည်း အန္တရာယ်ပြုတတ်သလို မိသားစုနဲ့ ပတ်ဝန်းကျင်ကလည်း ကုသမှု စေလွှတ်စေဖို့ လျစ်လျူရှုမထားသင့်ပါဘူး။
စိုးရိမ်မှုလွန်ကဲတဲ့ ရောဂါခံစားရသူတွေက အကြောင်းရင်းမရှိဘဲ ထိတ်လန့်တတ်တာ၊ ရင်တုန်တာ၊ မောတာ၊ စိတ်မထိန်းနိုင်တာ၊ ချွေးစေးထွက်တာ၊ နွမ်းနယ်တာတွေ ခံစားရလေ့ရှိပါတယ်။ စိတ်ကျရောဂါနဲ့ ခပ်ဆင်ဆင်တူပေမယ့် အစားမမှန်၊ အအိပ်ပျက်တာ အကြောင်းအရင်းမရှိဘဲ ရင်ဘတ်အောင့်တာတွေ ပိုမိုတွေ့ကြုံရတတ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးပညာပေးဖြင့်သော်လည်းကောင်း အပြုအမူ အနေအထိုင် မှန်ကန်ရေး အကြံပြုဆွေးနွေးပေးခြင်းသော်လည်းကောင်း ကုသလို့ရပါတယ်။
စိတ်ကျရောဂါဟာ အများစုမှာ ဆေးဝါးမလိုအပ်သေးဘဲ့ နှစ်သိမ့်ဆွေးနွေးပေးခြင်း အကြံပြုပေးခြင်း စိတ်ခံစားရသမျှကို နားထောင်လက်ခံပေးခြင်းတို့အပြင် မိမိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မှန်ကန်သောနည်းလမ်းနဲ့ ဘယ်လိုစိတ်နေသဘောထားမယ်ဆိုတာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပြဿနာအခြေပြု တိုင်ပင်ဆွေးနွေးပေးသော နည်းလမ်းများအတိုင်း သင့်ကိုကူညီပေးမှာပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)