/
node/10306

ကိုဗစ်-၁၉ ကပ်ဆိုးချိန်ခါမှာ စိတ်ညစ်ညူးနေကြသူ မိသားစုတွေအတွက် စိတ်အားတက်စေမယ့် နည်းလမ်းကောင်းလေးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူဆိုတာ အဖွဲ့အစည်းနဲ့ ဆက်သွယ်နေရမှာသာလျှင် စိတ်ကျန်းမာကြရပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားလာတဲ့အခါ ခပ်ခွာခွာနေပါဆိုတဲ့ ကျန်းမာရေးအသိပေးချက်ကြောင့်မို့ အရင်ကလို ဒွေးလျောလျက်တင် မနေနိုင်ကြတော့ပါဘူး။ မိသားစုပွဲတွေ၊ ရိုးရာပွဲတွေအားလုံး ရုတ်သိမ်းလိုက်တဲ့အခါမှာ အားလုံးပျော်ရွှင်စရာတွေ ကုန်ဆုံးကြတော့တာပေါ့။ ဒီလိုအချိန်မှာ စိတ်ပျော်ရွှင်စေဖို့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါမယ်နော်။

>>  လင်းလင်းချင်းချင်းထားပါ။
နေရောင်က လူ့စိတ်ကို ပျော်ရွှင်စေပါတယ်။ မိသားစုနဲ့ အပြင်နေရောင်အောက်မှာ တစ်နေ့ကို ၃၀-၆၀ မိနစ်လောက် အချိန်ကုန်ပေးပါ။ အထူးသဖြင့် မနက်စောစောနေဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။

>>  အိပ်ရေးဝဝအိပ်ပါ။
ညဘက်ကို ကောင်းကောင်းအိပ်ပျော်စေဖို့ -
●  အိပ်ရာမဝင်ခင် ရေချိုးပါ။
●  သီချင်းနားထောင်ပါ။
●  အခန်းက တိတ်ဆိတ်မှောင်မည်းနေပါစေ။
●  အိပ်ရာထဲ ဖုန်းကြည့်တာ၊ တီဗီကြည့်တာမျိုး မလုပ်ပါနဲ့။

Enervon-C Adult 1

>>  ရင်ဖွင့်ပါ။
ကိုယ်စိတ်ပူပန်တာ၊ စိတ်ညစ်တာတွေကို သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ရင်ဖွင့်ပါ။ လူကိုယ်တိုင် တွေ့မရတဲ့အချိန်မို့ ဖုန်းတွေ၊ လူမှုကွန်ရက်တွေကနေတစ်ဆင့် ဆက်သွယ်ပါ။

>>  မိသားစုဝင်တွေကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ကျွေးပါ။
●  မနက်စာနဲ့နေ့လယ်မှာ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေ ကျွေးပါ။ ပရိုတင်းဓာတ်က သွေးတွင်းအချိုဓာတ်ကို မျှတစေပြီး ဦးနှောက်ကို စွမ်းအင်ဖြည့်တင်းပေးပါတယ်။
●  ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်စားသောက်ပါ။ (ဥပမာ - ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ မာလကာသီး၊ ငရုတ်ပွ)
●  အိုမီဂါ ၃ အဆီဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေစားပါ။ ငါး (ဆာဒင်း၊ ဆယ်လ်မွန်၊ မက်ကရယ်ငါးသေတ္တာ၊ ငါးသလောက်)၊ အပင် (နှမ်းကြတ်စေ့၊ ချိုင်ယာစေ့၊ အစိမ်းရင့်ရောင်အရွက်များ၊ ပဲအမျိုးမျိုး၊ သစ်ကြားစေ့၊ တိုဖူး) နဲ့ ဆီ (ကနိုလာဆီ၊ မြေပဲဆီ၊ သစ်ကြားစေ့ဆီ) စတာတွေမှာ အိုမီဂါအဆီပါ ပါတယ်။ ဒီလို အိုမီဂါ ၃ အဆီဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။
●  အသီးအရွက်တွေ၊ အစေ့အဆံတွေ စားပေးပါ။ ဦးနှောက်အတွက် လိုအပ်တဲ့ ဗီတာမင်၊ အမျှင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။
●  သရေစာတွေ၊ အသင့်စားအစားအစာတွေ လျှော့စားပါ။ အဆီတွေ၊ ကိုလက်စထရောတွေ၊ ဆားနဲ့ ဖြည့်စွက်သကြားတွေနဲ့ ပြည့်နေတာမို့ သွေးတွင်းစွမ်းအင ်အတက်အကျမြန်စေပြီး လူကို စိတ်တိုစေနိုင်ပါတယ်။

>>  အရာအားလုံးအတွက် အကောင်းမြင်စိတ် မွေးပါ။
အကောင်းမြင်စိတ် မွေးပါ။ အရာအားလုံးကို အကောင်းမြင်ပြီး ကျေးဇူးတင်စိတ်မွေးသူတွေဟာ ပိုပြီးပျော်ရွှင်ရပြီး စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုတွေ လျော့နည်းကြောင်း တွေ့ရပါတယ်။

Enervon-C Adult 2

>>  ချွေးထွက်ပါစေ။
ချွေးထွက်တဲ့အထိ နေ့စဉ်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ အပြင်းအထန် ဆော့ကစားတာဖြစ်ဖြစ်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်ထဲက ပျော်ရွှင်စေတဲ့ဓာတ်တွေ ထုတ်လွှတ်ပါတယ်။ ဒါပေမဲ့ အပြင်ထွက်လေ့ကျင့်ခန်းလုပ်ရင်တောင် လူတွေနဲ့ ၆ ပေအကွာတော့ ရှိပါစေ။ ဆော့ကစားတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးကိုလည်း ရှောင်ပေးပါ။

>>  ကူညီပေးပါ။
သူများကို ကူညီရတာဟာ ကိုယ့်စိတ်ကိုလည်း ပျော်ရွှင်စေပါတယ်။ တစ်ယောက်တည်းနေတဲ့ အိမ်နီးနားချင်း၊ မိတ်ဆွေတွေကို ဖုန်းခေါ်သတင်းမေးတာမျိုးပေါ့။ တစ်နေ့မှာ ကောင်းမှုတစ်ခုပြုပါ။

>>  စခရင်မ်ကြည့်ချိန်ကို ကန့်သတ်ပါ။
တီဗီကြည့်တာတွေ၊ ဖုန်းသုံးတာတွေကို လျှော့ပါ။ စာဖတ်တာ၊ ကတ်ဆော့တာ၊ ပဟေဠိဆက်တာ၊ သီချင်းတူတူဆိုကြတာ၊ တူတူချက်ပြုတ်ကြတာ အိမ်တွင်းမှာ လေ့ကျင့်ခန်းအတူတူလုပ်တာ စတာတွေ လုပ်ပေးပါ။

>>  စိတ်ဖိစီးမှုကို လျှော့ချပါ။
စိတ်ဖိစီးမှု ပြေလျော့ပြီး စိတ်ခံစားချက်တွေ ကောင်းလာဖို့ တရားထိုင်တာ၊ ယောဂကျင့်တာမျိုးတွေ လုပ်ပေးပါ။

www.drmyanmar.com