/
node/10394

ကလေးငယ်လေးများ နှာခေါင်းပိတ်ခဲ့လျှင် ပြုလုပ်ပေးရမည့်နည်းလမ်းများ

Category
ကလေးများနှင့်ကျန်းမာရေး

နှာခေါင်းပိတ်ခြင်းက အသက်ရှူရခက်ခဲစေပြီး အအိပ်၊ အစားကိုပါ ပျက်စေတာကြောင့် အတော်ခံရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ လူကြီးများကိုတောင် နေရထိုင်ရခက်စေတာကြောင့် ကလေးငယ်လေးများ ဖြစ်ခဲ့လျှင်တော့ အတော်လေး သနားစရာကောင်းပါတယ်။

>>  နှာခေါင်းပိတ်ခြင်း လက္ခဏာများ
(၁)  နှာရည်များကျခြင်း
(၂)  အသက်ရှူလျှင် နှာခေါင်းဝမှာ လေချွန်သံကဲ့သို့ ကြားရခြင်း
(၃)  အိပ်လျှင် ဟောက်သံကဲ့သို့ ကြားရခြင်း
(၄)  ကလေးက နှာခေါင်းထဲကို မကြာခဏ နှိုက်နေခြင်း
(၅)  နှာချေခြင်း

Ceelin Plus 1

>>  နှာပိတ်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများ
(၁)  အအေးမိခြင်း - Rhinovirus ကြောင့် အဖြစ်များပါတယ်။
(၂)  တုပ်ကွေးဖျားခြင်း - အအေးမိခြင်းနဲ့ ဆင်တူပြီး ကိုယ်ပူကြီးတတ်ပါတယ်။
(၃)  ဓာတ်မတည့်မှုများဖြစ်ခြင်း - ဖုန်၊ အမှုန်အမွှားတွေနဲ့ အချို့သောပန်းဝတ်မှုန်များက ဓာတ်မတည့်မှုများကို ဖြစ်စေပါတယ်။
(၄)  အာသီးရောင်ခြင်း - ရောဂါပိုးကြောင့် ဖြစ်ပါတယ်။
(၅)  နှာခေါင်းထဲသို့ အရာဝတ္ထုတစ်ခုခု ဝင်နေခြင်း - ကလေးငယ်များဟာ ဆော့ကစားရင်း နှာခေါင်းနဲ့ ပါးစပ်ထဲသို့ ပစ္စည်းငယ်လေးများကို ထည့်တတ်ကြပါတယ်။

>>  သက်သာအောင် ဘယ်လိုလုပ်မလဲ?
(၁)  နှာခေါင်းထဲသို့ ဆားရည် (Saline) ထည့်ပေးပါ။
(Saline ဝယ်လို့မရခဲ့လျှင် အိမ်သုံးဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ရေ ၂၄၀ စီစီဖြင့် ရောပါ)
●  ကလေးငယ်ကို ပက်လက်ထားပြီး နှာခေါင်းပေါက် နှစ်ဖက်လုံးထဲသို့ saline (၃) စက်ခန့် ထည့်ပေးပါ။
●  ထို့နောက် မှောက်လျက်အနေအထား ထားပြီး နှာခေါင်းကို ညင်သာစွာ ညှစ်ပေးပါ။
●  ထွက်လာသောနှာရည်များကို အဝတ်သန့်ဖြင့် သုတ်ပေးပါ။

Ceelin Plus 2

(၂)  မီးသီးပုံစံ နှာခေါင်းစုပ်တံဖြင့် စုပ်ပါ။
●  စုပ်တံကို နှာခေါင်းထဲသို့ အရမ်းမထိုးမိစေရန် ဂရုပြုပါ။
●  အသုံးမပြုခင် သေချာစွာ ဆေးကြောသန့်စင်ပါ။

>>  ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ?
●  နှာရည်တွင် သွေးရောင်ပါခဲ့လျှင်
●  အစိမ်းရောင်၊ အဝါရောင် နှာရည်များကျလျှင်
●  ကိုယ်ပူကြီးခြင်း၊ လည်ပင်းနာခြင်း၊ ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်းတို့နဲ့ တွဲခဲ့လျှင်
●  နှာရည်ကျခြင်းက (၁၅) ရက်ထက် ပိုကြာနေလျှင်
●  (၂) လအောက်ကလေး ဖြစ်ခဲ့လျှင်

>>  ဘယ်လိုကာကွယ်မလဲ?
●  ဖုန်များ၊ အမှုန်အမွှားများ မရှိအောင် ထားပါ။
●  အခန်းတွင်းလေကို စိုစွတ်မှုရှိအောင် ထားပါ။
●  အနံ့ပြင်းသောပစ္စည်းများကို ရှောင်ပါ။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)