/
node/10503

ပျိုမေတို့ ရာသီမှန်မှန်လာစေဖို့ ဒီအချက်တွေ လိုက်နာစို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးများရဲ့ ကျန်းမာရေးဟာ လစဉ်ရာသီပုံမှန်လာခြင်းအပေါ်မှာလည်း မူတည်ပါတယ်။ ရာသီပုံမှန်မလာခြင်း၊ ထိန်ခြင်းတို့ ဖြစ်ပေါ်ပါက နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေနှင့် ရင်ဆိုင်ရမှာ အမှန်ပါပဲ။ ရာသီပုံမှန်မလာခြင်းဟာ များစွာသော အကြောင်းတရားများနှင့် ဆက်စပ်နေသလို နေ့စဉ်လူနေမှုပုံစံနှင့်လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် အောက်ပါအလေ့အထလေးတွေကို လိုက်နာခြင်းဖြင့် ရာသီပုံမှန်လာစေဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Dolfenal 1

(၁)  ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
သင့်အနေနှင့် TV ထိုင်ကြည့်လိုက်၊ အိပ်ရာပေါ်လှဲလိုက်၊ ကွန်ပျူတာထိုင်သုံးလောက် လုပ်နေရင်တော့ ဟော်မုန်းတွေကို မမျှမတဖြစ်စေပြီး ရာသီလာစဉ်ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် လမ်းလျှောက်ခြင်းနှင့် ကာယလေ့ကျင့်ခန်းများကို အနည်းငယ် ပြုလုပ်သင့်ပါတယ်။

(၂)  အိပ်ရေး၀၀အိပ်ပါ
အိပ်စက်ချိန်မမှန်ပါကလည်း ရာသီစက်ဝန်းကို ပုံမမှန်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အိပ်စက်ချိန် ၈ နာရီလောက် ရှိပါစေ။

(၃)  အစားကို မဆင်မခြင်စားတာမျိုး ရှောင်ပါ
အဝလွန်ခြင်းဟာ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ရာသီနှင့်ဆိုင်တဲ့ပြဿနာများကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါတင်မကပဲ အစားရှောင်ခြင်း၊ သရေစားများ အလွန်အကျွံစားခြင်း၊ အာဟာရချို့တဲ့ခြင်း၊ တစွတ်စွတ်စားနေခြင်းတို့ဟာလည်း ဟော်မုန်းတွေကို ပြောင်းလဲစေတာမို့ သတိထားသင့်ပါတယ်။

Dolfenal 2

(၄)  စိတ်ဖိစီးမှု လျှော့ချပါ
အလုပ်ကြောင့်ဖြစ်စေ နေ့စဉ်လူမှုဘဝမှာဖြစ်စေ စိတ်ဖိစီးမှုတွေနှင့် ကျွန်မတို့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုစိတ်ဖိစီးချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေဟာ  " မ " ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေတဲ့အတွက် ရာသီစက်ဝန်း ပုံမှန်မဟုတ်တာတွေကို တွေ့ကြုံစေပါတယ်။

(၅)  အာဟာရပြည့်ဝအောင် စားသောက်ပါ
အာဟာရပြည့်ဝအောင် စားသောက်ခြင်းဖြင့် ကိုယ်ခန္ဓာမှာ ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပြည့်ဝစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့အပြင် ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကိုပါ ကောင်းမွန်စေပါတယ်။ ဒီအခါမှာ ရာသီမှန်မှန်လာစေပြီး သွေးသားညီညွတ်စေမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)