/
node/10544

ကိုဗစ်ကာလမှာ မသွားသင့်သော အန္တရာယ်အရှိဆုံး နေရာ (၃) ခု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု အရှိန်အဟုန်ဟာ နေ့စဉ်မြင့်မားလျက်ရှိနေသေးတဲ့အတွက် social distancing နည်းစဉ်များကို ဆက်လက်လိုက်နာဖို့ လိုအပ်နေပါသေးတယ်။ မကြာမီမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်တော့မှာဖြစ်တဲ့အတွက် ကိုဗစ်ကူးစက်ဖို့ အလားအလာများတဲ့နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။

ဒီနေရာတွေကတော့ စားသောက်ဆိုင်များ၊ ဘားများနှင့် Gym တွေပဲ ဖြစ်ပါတယ်။
●  လေ့လာချက်များအရ စားသောက်ဆိုင်နှင့်ဘားတွေဟာ အလုံပိတ်အခန်းများဖြစ်တဲ့အလျောက် လေကောင်းလေသန့် ကောင်းကောင်းမရရှိနိုင်ပါဘူး။ စားပွဲထိုးနှင့် ဆိုင်ဝန်ထမ်းများ၊ အခြားသောစားသုံးသူများနှင့် နီးကပ်စွာ ပြောဆိုဆက်ဆံရခြင်းကြောင့်လည်း ကူးစက်နိုင်တဲ့ အလားအလာများပါတယ်။
●  တကယ်လို့ သင်ဟာ ကူးစက်နှုန်းမြင့်မားတဲ့မြို့မှာ နေထိုင်သူဖြစ်ရင်တော့ စားသောက်ဆိုင်နှင့် ဘားတွေထိုင်တာကို အတတ်နိုင်ဆုံး ရှောင်ရှားပါ။
●  ကျန်းမာရေးလိုက်စားသူတွေအနေနှင့်လည်း လေဝင်လေထွက်မရှိသော အလုံပိတ်ခန်း Gym မျိုးကို ရှောင်သင့်ပါတယ်။ ထို့ပြင် Gym က စက်တွေ၊ အလေးတုံးတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်တာမို့ ကောင်းစွာသတိထားသင့်ပါတယ်။
●  ကိုဗစ်ကူးစက်ခြင်းကို ကာကွယ်ဖို့အတွက် အပြင်သွားတိုင်း mask ကို အမြဲတပ်ဆင်ပါ။ အခြားသူများနှင့် တွေ့ဆုံရမယ်ဆိုရင်လည်း လေဝင်လေထွက်ကောင်းသော နေရာကိုရွေးချယ်ပြီး mask ကို အချိန်ပြည့်တပ်ထားဖို့ လိုပါတယ်။
●  ဖြစ်နိုင်လျှင် သူငယ်ချင်းများ ဓာတ်ပုံဝိုင်းဖွဲ့ရိုက်ရင်တောင် mask တပ်ထားသင့်ပါတယ်။
●  လက်ကိုလည်း မကြာခဏဆေးကြောပေးပါ။
●  အကောင်းဆုံးကတော့ တတ်နိုင်သမျှ အိမ်မှာပဲနေပြီး လူစုလူဝေး ရှောင်ကြဉ်ခြင်းဖြင့် သင်နှင့်သင့်မိသားစုကို ကိုဗစ်မကူးစက်စေဖို့ ကာကွယ်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)