/
node/10549

ကိုဗစ်ကာကွယ်ဆေးထိုးခြင်းရဲ့ ကောင်းကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ကာကွယ်ဆေးများ ထုတ်လုပ်လိုက်တာနှင့်တစ်ပြိုင်နက် အင်အားကြီးနိုင်ငံတွေမှာ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေ စတင်နေပြီဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုဗစ်ကာကွယ်ဆေးကို ဘာလို့ထိုးသင့်လဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁)  ကိုဗစ် မကူးစက်အောင် ကာကွယ်ပေးနိုင်တယ်
●  လေ့လာချက်တွေအရ ကိုဗစ်ကာကွယ်ဆေးထိုးထားသော တစ်ဦးအနေနှင့် ကိုဗစ်ကူးစက်ခံရရင်တောင်မှ ပြင်းထန်တဲ့လက္ခဏာတွေ ပြသခြင်းမရှိဘူးလို့ ဆိုပါတယ်။
●  သင်ကိုယ်တိုင် ကာကွယ်ဆေးထိုးခြင်းဖြင့် သင့်အနီးအနားမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနှင့် ကလေးငယ်တွေကိုပါ ရောဂါမကူးစက်အောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

(၂)  ရောဂါမကူးစက်စေဖို့အတွက် လုံခြုံစိတ်ချရသော ကာကွယ်နည်းတစ်ခု ဖြစ်တယ်
●  ကိုဗစ် ကူးစက်ပြီးမှရသော ကိုယ်ခံအားဟာ ဘယ်လောက်ကြာရှည်ခံမယ်ဆိုတာ အတိအကျမသိနိုင်သလို အခြေအနေဆိုးပါက ပြင်းထန်သောအခြေအနေတွေ ခံစားရမယ့်အပြင် အသက်ပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဖြင့် ဘေးကင်းလုံခြုံစွာဖြင့် ကိုယ်ခံအားကောင်းမွန်နိုင်မှာ ဖြစ်ပါတယ်။

(၃)  ကပ်ရောဂါကာလကို အလျင်အမြန်ကျော်လွားဖို့ အရေးကြီးလက်နက်တစ်ခု ဖြစ်ပါတယ်
●  ကာကွယ်ခြင်းထိုးခြင်းနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကာကွယ်ရေးစည်းကမ်းတွေကို လိုက်နာခြင်းဖြင့် သင်နှင့် သင့်မိသားစုဝင်တွေကို ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပြီး ကပ်ရောဂါကြီးကို အမြန်ဆုံးမောင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)